၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ် ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၉) ရက်တွင် စာအုပ် (၁၀၀) အုပ် ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) အခါလွန်အမုန်း - ကြယ်စင်မှူးဝေ၊ (၂) မုန်းမိုးဆင့်ဆင့် …. ရွာတော့သကိုး - ကြယ်စင်မှူးဝေ၊ (၃) အရုပ်လုပ်သူ …. လက်ရွေးစင်ကဗျာများ - မောင်ဒေး၊ (၄) ခြားကွယ်ခြင်းမရှိ ဘ၀၊ ဓမ္မကဗျာစု - မောင်စံလေး (သထုံ)၊ (၅) သင်လုပ်နိုင်တယ် သင်လုပ်ပါလိမ့်မယ် - Joel OSTEEN M.L.T (မြန်မာပြန်)၊ (၆) ကျွန်းမြို့မှတ်စု - မော်ယုပိုင်၊ (၇) အမှတ်တရဂန္ထဝင်စာစုများ - စိန်သွေး၊ (၈) ယောမင်းကြီးဦးဘိုးလှိုင်၏ မင်းတို့ကျင့်ထိုက် ကျင့်ကောင်းသော ရာဇဓမ္မ သင်္ဂဟကျမ်းမှတ်စု တင်မောင်ဦး (ရွှေပြည်)၊ (၉) အလင်းစေတမန် ၂ ကဗျာများ - ကလောင်စုံ၊ (၁၀) လောကဓံ မိုးသားများ - ကလောင်စုံ၊ (၁၁) နယ်စပ်ဘ၀၀တ္ထုတိုများ - ဝင်းတင့်ထွန်း၊ (၁၂) သမိုင်းရိပ်ထင် ဂန္ထဝင်ရုပ်ရှင်ကားများ - ညီစေမင်း၊ (၁၃) ယနေ့ မြန်မာအမျိုးသမီး၀တ္ထုတို ပေါင်းချုပ် - ကလောင်စုံ၊ (၁၄) ဘရာဇီးကဗျာဆရာ ကားလို့စ်ဒရူးမွန်း၏ လက်ရွေးစင်ကဗျာများ - မောင်ဒေး၊ (၁၅) သမိုင်းတကွေ့မှ မြန်မာနိုင်ငံသမ္မတများနှင့် ဝန်ကြီးချုပ်များ - သန်းဝင်းလှိုင်၊ (၁၆) လူကြိုက်နည်းတဲ့ ကောင် မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၅ နှစ် ပြည့် အမှတ်တရစာ - ကလောင်စုံ၊ (၁၇) DNA 17 + - ကလောင်စုံ၊ (၁၈) ဗုဒ္ဓနှင့်သူ၏ဓမ္မ အပိုင်း (၂) - အငြိမ်းစား မြို့နယ်သာသနာ ရေးမှူးတစ်ဦး၊ (၁၉) စာနှစ်ကြောင်းအတိုဆုံး ထိတ်လန့်သည်းဖို ၀တ္ထုများ - ကိုချမ်း၊ (၂၀) မည်းမှောင်သော တိမ်တိုက်တိုင်းမှာ ငွေရောင်အနားကွပ်ရှိသည် - ခင်စောတင့်၊ (၂၁) ကလေးတို့ အတွက် အောင်ခြင်းရှစ်ပါး - မောင်ဆန္ဒ (လယ်ဝေး)၊ (၂၂) ကလေးတို့ချစ်သော အနုရုဒ္ဓါ (သို့မဟုတ်) အနော်ရထာ - မောင်ဆန္ဒ (လယ်ဝေး)၊ (၂၃) မြန်မာ့ဘဏ်လုပ်ငန်း အခြေခံနှင့် ဘဏ်လုပ်ငန်းခွင် စာမေးပွဲလမ်းညွှန် - သန့်ပိုင်စိုး၊ (၂၄) အချိန်ဆိုတာ ကိုယ့်အတွက်သာ - ကောင်းသာ၊ (၂၅) ''Counsels on Ste Ward Ship'' စကောကရင်ဘာသာ - ''Ellen G White ဦးစောခေးလွင်၊ (၂၆) ငြိမ်းချမ်းရေး အိပ်မက် - လူမွန်ကျော်၊ (၂၇) တရုတ်ပြည်အကြောင်း တစေ့တစောင်း - ယဉ်ယဉ်လှ၊ (၂၈) ချင်းတိုင်းရင်းသားဒီမိုကရေစီ သူရဲကောင်း - ဦးဒိုထောင်း၊ (၂၉) လွှတ်တော်ဖတ်စာ - သစ္စာနီ၊ (၃၀) ကမ္ဘာမြေကို ရှာဖွေတွေ့ရှိခဲ့သော မိန်းမများ - နေသစ်နီ၊ (၃၁) ငှက်ပျောတောကျွန်းမှ တုံးခေါက်သံနှင့် ဖြစ်ရပ်ဆန်းကြယ်၀တ္ထုများ - ဖျင်ဒူဝါ၊ (၃၂) THE EMIGMA OF BIG BUNNYS ARRIVAL & OTHER SHORT STORIE – San Lin Thu၊ (၃၃) ငြင်းချက် ISSUE - ဦးပိုအေး၊ (၃၄) ကျန်းမာတင့်တယ်သော သက်ကြီးရွယ်အိုဘ၀ နှင့် အခြားဆောင်းပါးများ - ဒေါက်တာတင်အေးကြည် (မန္တလေး)၊ (၃၅) အတိတ်ဟောင်းနဲ့ …. အလွမ်းကျောင်း - လှိုင်းကြာဖြူ (လားရှိုး)၊ (၃၆) ချစ်ဦးမေ - လှိုင်းကြာဖြူ (လားရှိုး)၊ (၃၇) ဘေးကင်းရန်ကွာ စီးပွားတက် ဂါထာတော်နှင့် ဖြစ်ရပ်မှန်အတွေ့အကြုံများ - တက္ကသိုလ် အပန်ငယ်၊ (၃၈) မေ - မမသဒ္ဒါမောင်၊ (၃၉) ချစ်ခြင်းက ဖန်ဆင်းတဲ့မြစ်မင်းသဏ္ဍန် - မိုးစက်ပွင့်၊ (၄၀) ကောင်းလေး - မမသဒ္ဒါမောင်၊ (၄၁) ဓမ္မရသပုံပြင်များ (၂) - အောင်ခင်စိုး၊ (၄၂) ဆရာကြီး ဦးသံဗျင် ဂုဏ်ပြုအမှတ်တရစာစုများ ၁၉၀၄-၂၀၁၇ - ကလောင်စုံ၊ (၄၃) ဘ၀ရသ ကဗျာချိုလေး များ - လေဒီချို၊ (၄၄) စိတ္တဇနွေပန်းချီနှင့် ရသစုံကဗျာစာ - ကလောင်စုံ၊ (၄၅) အင်နီဖရန့် - စိန်ဝင်းစိန်၊ (၄၆) ဂျိန်းဂူဒဲလ် - နော်ဇာ၊ (၄၇) ရေချယ်ကာဆန် - အေးငြိမ်းစံ၊ (၄၈) ဖရန့်ခ်လွိုက်ရိုက်တ် - အာသာမျိုးသန့်၊ (၄၉) မန္တလေး ကြေးမုံပုံရိပ်များ - ဆူးငှက်၊ (၅၀) လုံရန်းရွာ နှင့် ခန္တီတောင် - စိန်စိန်၊ (၅၁) ကျွန်တော်နှင့်မလေးလုံ - မြသန်းတင့်၊ (၅၂) ဒုတိယ သေမင်းတမန် လမ်း (ရန်ပန်း) (ကိုယ်တွေ့ဖြစ်ရပ်မှန်များ) - အင်းစိန် (အောင်စိုး)၊ (၅၃) ရှေးရှေးတုန်းက အင်္ဂလန် - အောင်မြင့်စိန် (ထားဝယ်)၊ (၅၄) ဒိုက်ဦးမှစင်္ကာပူသို့ - ဇင်သန့်၊ (၅၅) တရုတ်ပြည် (၁၃) ကြိမ် မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၂၀) - ဘုန်းသက်ပိုင်၊ (၅၆) မြန်မာသံတော်ဆင့်နှင့် မောင်မိုးသူအတွေးများ - မောင်မိုးသူ၊ (၅၇) ကိုယ့်အကြောင်းနည်းနည်း ခေတ်အကြောင်းများများ (ကိုယ်ပိုင်ရေးအတ္ထုပ္ပတ္တိ) - ဦးသန်းဖေ (ဧည့်လမ်းညွှန်)၊ (၅၈) စီးပွားရေးဆိုင်ရာ အယူအဆ ၁၀၀ - ညွှန့်သောင်း၊ (၅၉) တောအကြောင်း တောင်အကြောင်း - နတ်နွယ်၊ (၆၀) You & Your Problems Dr.K Sra Dhammanada - ဦးသုမန (Nalanda) ကျောက်ဖြူ၊ (၆၁) စီးပွားရေးဆိုင်ရာ စာစုများ - မောင်မဲတူ (စီမံကိန်း)၊ (၆၂) ကမ္ဘာကျော်ရင်သွေးရတနာ အလိမ္မာပုံပြင်များပေါင်းချုပ် - မောင်ခေတ်ထွန်း၊ (၆၃) တရားခွင် လက်စွဲ တရားမ (၃) - ဓနုဖြူဦးသန်းဆွေ (တရားလွှတ်တော်ရှေ့နေ)၊ (၆၄) အရှေ့ကနေသည် (ဥပဒေဆိုင်ရာများနှင့် အကြံပြုဆွေးနွေးချက်များ) - ဦးကျော်ဇေယျ၊ (၆၅) ရွှေစာ ဂန္ထဝင်လောက - ပန်းတနော်ဦးခန့်၊ (၆၆) ဒီမိုကရေစီသို့ လမ်းကြောင်းများ (တတိယတွဲ) - ကြည်သာထွန်း၊ (၆၇) ချိုးဖျက်၍မရသော သမိုင်းမှတ်တိုင်များ သူ့ဘ၀၊ သူ့အနုပညာနဲ့ သူ့စာပေ - မြသန်းတင့်၊ (၆၈) နိုင်ငံတကာရသစာတမ်းငယ်များ (ပထမအုပ်) - မြသန်းတင့်၊ (၆၉) နိုင်ငံတကာရသစာတမ်းငယ် များ (ဒုတိယအုပ်) - မြသန်းတင့်၊ (၇၀) အချစ်သင့်ကျိန်စာ - ရွှေဘဝင်၊ (၇၁) အဖေချစ်သော ကျွန်တော်နှင့် ရသစာစုများ - လူမျိုးမြင့်နှင့်ကလောင်စုံ၊ (၇၂) ရခိုင်သူပုန်၊ ဓည၀တီအရေးတော်ပုံ နှင့် မဇ္ဈိကဒေသရဲ့ တော်လှန်ရေးအကြောင်း - ဇာနည်အောင် (ရမ္မာ၀တီ)၊ (၇၃) ကျွန်မဘာအမှားတွေလုပ်ခဲ့မိသလဲ - လှိုင်မြင့်ကြည်၊ (၇၄) ပျားရည်ရှာပုံတော် - ဉာဏ်ဉာဏ်၊ (၇၅) နေပြည်တော်ပျဉ်းမနားသမိုင်း - ကျော်ငြိမ်း (မြန်မာ့သမိုင်းအဖွဲ့ဝင်)၊ (၇၆) နောက်ဆုတ်ပြီးမှ ရှေ့ဆက်ပါ - အောင်လှိုင်၊ (၇၇) ခေတ်ပြိုင်သမိုင်းဒဿနနှင့် အယူအဆများ - မင်းခက်ရဲ၊ (၇၈) အာရှပြတင်း ရှုမြင်ကွင်းကျယ် - ကျော်ရင်မြင့်၊ (၇၉) မတော်လှန်ရေးသမားများနှင့် ... - ကလောင်စုံ၊ (၈၀) ဓါးထက်ချိန်က ဧကရီမိဘုရားနှင့် အခြားသုတရသဆောင်းပါးများ - ကလောင်စုံ၊ (၈၁) စကားထဲက သဒ္ဒါ - ဒေါက်တာ မောင်မောင်လေး (မြန်မာစာ)၊ (၈၂) အိန္ဒိယ ၀တ္ထုတိုများ - သစ်ဦးဇင်၊ (၈၃) ပါသီနွန် - The Key Collection၊ (၈၄) မျိုးဆက်သစ်လူငယ် မောင်မယ်များ အတွက် - ပစ်တိုင်းထောင် (ပညာရေး)၊ (၈၅) မန္တလေးရတနာပုံ ဘုရားစုံ - နတ်မောက်ထွန်းရှိန်၊ (၈၆) ဂျက်မေတ္တာစာ - ဂျက်ကွမ်းခြံကုန်း၊ (၈၇) မြေကမ္ဘာရဲ့မိခင်နတ်သမီး - မောင်နီဦး၊ (၈၈) မြန်မာနိုင်ငံ၏ မူဆလင်လူမှုအဖွဲ့အစည်း - ဘစော၊ (၈၉) ဦးနု လူမှုစီးပွားရေးမိန့် ခွန်းများပေါင်းချုပ် - စိတ်ကူးချိုချို၊ (၉၀) သမိုင်းတစ်ခေတ်တည်ဆောက်ခဲ့သည့် အမျိုးသား နိုင်ငံရေးခေါင်းဆောင် - နိုင်ငံရေးပင်စင်စားတစ်ဦး၊ (၉၁) ကိုယ်တိုင်ရေး ကိုယ်ရေးမှတ်တမ်း - ဦးဗဆွေ ဝန်ကြီးချုပ်ဟောင်း၊ (၉၂) ဂျဝါဟာလားနေရူး၏ လျှပ်တပြက် ကမ္ဘာ့သမိုင်း - ဘိုးလှိုင်၊ (၉၃) လောကစာဥယျာဉ် - ၁ - ဇေယျ၊ (၉၄) စာပေအနုပညာဆောင်းပါးများ - မင်းသုဝဏ်၊ (၉၅) ချစ်စရာရွှေပုံပြင်များ - မင်းရဲသူ၊ (၉၆) မှောင်သောညတွေနှင့် ဖြစ်ရပ်မှန်မှုခင်းများ - မော်ကျွန်း/ရခိုင်၊ (၉၇) ခရစ္စတီယာနို ရော်နယ်ဒို - မိုးညီထက်နိုင်၊ (၉၈) ထူးဆန်းမီခြစ်နှင့် အခြားပုံပြင်များ - ဒေါ်စောရင် (ဘီအေ၊ ဘီအီးဒီ)၊ (၉၉) နင်လားဟဲ့ ချစ်ဒေါသနှင့် အခြား ဘာသာပြန်၀တ္ထုတိုများ - ဇော်ဂျီ၊ (၁၀၀) ဘူတာစျေးကလေးနှင့် အခြား၀တ္ထုတိုများ - နေမျိုး