၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက် ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Website တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၁၇) တွင် စာအုပ် (၁၉) မျိုး ထပ်မံရရှိခဲ့ပါ သည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) ရတနာမျက်ပွင့် - မောင်ဝင်းမြတ်၊ (၂) နှင်းခွဲနေခြည် - နေမင်းဟိန်း (မဂ္ဂဇင်း၀တ္ထုတို စုစည်းမှု)၊ (၃) ဣတ္ထိယမာန်နှင့် အခြား၀တ္ထုတိုများ - ခိုင်ယဉ်မွန် (ဝိဇ္ဇာ-သိပ္ပံ)၊ (၄) လမိုက်ညမှာ လင်းတဲ့ကြယ်စင် - ကိုရွှေအောင်သင်း၊ (၅) ကတ္တီပါဖိနပ်ကလေးတောင်မှမနိုင် - မြင့်မိုရ်ဆွေ၊ (၆) ယနေ့ပွင့်သောပန်းကလေး များနှင့် ကလေးကဗျာများ - ခိုင်ချစ်အောင်၊ (၇) ခံစားချက်မှတ်တိုင်များ - စောမဉ္ဇူ (ဖျာပုံ)၊ (၈) ဓူဝံကြယ်မြေခအောင် ခြွေပြမယ့်သူ-ထန်းတပင်စန်းလွင် (လူငယ်စာပေ)၊ (၉) ရေရှည်ခံဖွံ့ဖြိုးရေးအကျိုးပြု စိုက်ပျိုးရေးဆောင်းပါးများ- ဦးဖရက်သိန်းဖေ၊ (၁၀) ကျွန်မ စာတတ်ချင်သည်နှင့်အခြား၀တ္ထုတိုများ- မောင်မောင်ညွှန့်လှိုင်၊ (၁၁) ရွှေမန်းချမ်းသာ (သို့) အနုပညာလောဘသား- မားအလိမ္မာ၊ လက်ရွေးစင် ဂန္တဝင်အင်္ဂလိပ် ကဗျာများနှင့် မြန်မာပြန်ဆိုဖွဲ့စည်းခြင်း - ဦးဘသန်း (မဟာဝိဇ္ဇာ)၊ (၁၃) အလင်္ကာကျော်စွာ စောင်းဦးဘသန်း၏ စောင်းတီး ခတ်ပုံနည်းစနစ်- မြန်စာဂုဏ်ကွန်းဇော်ထွန်း၊ မောင်ဝင်းကျော် (ယဉ်ကျေးမှုတက္ကသိုလ်)၊ (၁၄) အတ္တလောင်းရိပ်ချွေးသိပ်မဖြေနိုင်နှင့် မဂ္ဂဇင်း ၀တ္ထုရှည်စုစည်းမှု - ထွန်းတောက်ထွဋ် (သင်္ချာ)၊ (၁၅) ရသ၀တ္ထုတိုပေါင်းချုပ်-တက္ကသိုလ်မောင်အောင်ဆွေ၊(၁၆)ဆဌမမြောက်နေ့တိုက်ပွဲ- ခင်လပြည့်ဝန်း၊ (၁၇) ဝေးလေ ဝေးလေ နီးသူရေ နီးလေ နီးလေ ဝေးသူရေ - သျှီ (အင်ကြင်း)၊ (၁၈) ကုတ်အင်္ကျီ တစ်ထည်ရဲ့ အတ္ထုပ္ပတ္တိနှင့် အခြား၀တ္ထုတိုများ - ကိုသာမန်၊ (၁၉) မြေးငယ်သို့ စကားအမွေ စာအမွေ - မောင်ပေသီး (ဆေး-မန်း)