၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ် ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၇ ခုနှစ် မတ်လ (၂၁) ရက်တွင် စာအုပ် (၃၉) အုပ် ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) အမျိုးဂုဏ် ဇာတိဂုဏ် … ဆောင်းပါးများ - မှော်ဝန်း၀င်းမြတ်၊ (၂) ကြီးပွားချမ်းသာ လိုသူတိုင်း လေ့ကျင့်ရမည့် စိတ်ဓာတ်ခွန်အား - ဘုန်းနိုင်၊ (၃) ကျွန်တော့် သူငယ်ချင်း ပန်းချီဆရာ - မေရတနာအောင်၊ (၄) စက်ဖြတ်ခရီးသည် - သက်အောင်၊ (၅) ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ စာချွန်တော် အမိန့်များ - ပြေလွင်မြင့်၊ (၆) ဆောက်လုပ်ရေး လုပ်ငန်း ခွင်သုံး ခေတ်မီကွန်ဂရိနည်းပညာ - ဦးကျော်လင်း၊ (၇) နှလုံးမွေ့လျော်ဖွယ် ပုဂံ စေတီပုထိုးများ - မသိင်္ဂီ၊ (၈) PATHWAY TO PEACE – AUNG NAING OO၊ (၉) ဝေဟင်စံ ငှက်ငယ်များပုံပြင် ပထမတွဲ - လမင်းအိမ်၊ (၁၀) FM BAGAN မှ အသံလွှင့်ခဲ့သော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစကားဝိုင်းများ - FM - ပုဂံ၊ (၁၁) "သင့်လက္ခဏာကပြောသော သင့်အချစ်ရေး" - ပါမောက္ခ ဒေါက်တာထွန်းလင်း(ဘုတလင်)၊ (၁၂) "သင့်လက္ခဏာက ပြောသော သင့်အတွက် ကံကောင်းခြင်းများ" - ပါမောက္ခဒေါက်တာထွန်းလင်း(ဘုတလင်)၊ (၁၃) "သင့်လက္ခဏာကပြောသော သင်၏အောင်မြင်ထင်ပေါ်ကျော်ကြားမှုများ" - ပါမောက္ခ ဒေါက်တာထွန်းလင်း(ဘုတလင်)၊ (၁၄) "သင့်လက္ခဏာ ကပြောသော သင့်ကျန်းမာရေး" - ပါမောက္ခဒေါက်တာထွန်းလင်း(ဘုတလင်)၊ (၁၅) "သင့်လက္ခဏာကပြောသော သင့်မှာ အန္တရာယ်ရှိ၊ မရှိ ပြသမှုများ - ပါမောက္ခဒေါက်တာထွန်းလင်း (ဘုတလင်)၊ (၁၆) YANGON PANORAMA - ညွန့်ဝင်းလေး၊ (၁၇) မြန်မာနိုင်ငံရေးနှင့် အဓိပတိကြီးဒေါက်တာဘမော် - မောင်ကြော့ဝေ၊ (၁၈) ညွန်းစေရာရာ တေးကဗျာများ - နွဲ့မေခင်(မြန်မာစာ)၊ (၁၉) ဖိလစ်ပိုင် သမ္မတဒူတာတေး ဘ၀ဇာတ်ကြောင်း - ငြိမ်းအောင်၊ (၂၀) ဘ၀ပြိုင်ပွဲဆင်နွှဲရာဝယ် - မြတ်ဘုန်း ကျော်၊ (၂၁) ဒေါ်အောင်ဆန်းစုကြည်နှင့်ဗိုလ်ချုပ်ကြီးများ - မောင်မြတ်မိုး၊ (၂၂) လှည်းကူးမြို့နယ် သမိုင်း အကျဉ်းနှင့် သရေခေတ္တရာပျူလူမျိုးများ၏ ကိုးကွယ်ယုံကြည်မှု စာတမ်း - ဒေါက်တာဘဒ္ဒန္တရေဝတာလင်္ကာရ၊ (၂၃) သဘင်သည်တစ်ယောက်၏သား - နေမျိုး၊ (၂၄) သန္တာလက်ဖျားနှင့် ပန်းစကား အသာချွေ - နန့်ယင်းခ၊ (၂၅) အိန္ဒယနိုင်ငံ ဗုဒ္ဓဂယာဘုရားဖူး ခရီးသွားမှတ်တမ်းကဗျာများ - ဦးဝိလာသဂ္ဂ၊ (၂၆) မသိစိတ်နဲ့မက်တဲ့ အိပ်မက်ကဗျာ - မောင်သစ်ကြည်၊ (၂၇) လှေကလေးကိုလှော်မည် ကဗျာစုစည်းမှု - မောင်စစ်ကြည် (ပန်းတနော်)၊ (၂၈) ရင်ထဲက ဓည၀တီ - ထွန်းမြင့်(မာန်အောင်)၊ (၂၉) ဂုဏ်တော်ကျင့်စဉ် (ဂုဏ်တော် ၂၄ ပါးအဖွင့်) - သာကီနွယ်၊ (၃၀) ဇင် အလင်း စကား - ၁၀၀ - ဇွဲနေယံဇော်၊ (၃၁) ဘ၀တာရှင်သန်ခြင်း နေ့ရက်များ - နေမျိုး၊ (၃၂) အချစ်ဦးပေးတဲ့ ဒုတိယလူ (ဒုတိယပိုင်း) - ရန်အောင်(ဆေး-၁)၊ (၃၃) လူများ မှတ်တိုင်များ နှစ်ကာလများ ဒဿနနှင့် စိတ်ကူးထည်များ - သစ္စာနီ၊ (၃၄) မီရှယ်ဖူးကို၏ နိုင်ငံရေးနှင့်လူမှုရေးအတွေးအခေါ် - မင်းခက်ရဲ၊ (၃၅) လှိုင်းလား ဝဲလား မြန်မာ့အသွင်ကူးပြောင်းရေးကိုဆန်းစစ်ခြင်း - မင်းဇင်၊ (၃၆) ကံကောင်းလေစွ ဗုဒ္ဓဘာသာဘ၀ - ဦးလှသိန်းထွဋ်၊ (၃၇) မေတ္တာလမ်းဆုံ - ဦးဇော်ဦး၊ (၃၈) စျေးကွက်လှုပ်ရှားလာသော ထောပတ်ပင်အားသိပ္ပံနည်းကျ စိုက်ပျိုး ထုတ်လုပ်ခြင်း - အောင်စိုး(စိုက်ပျိုး- ၁၀၇)၊ (၃၉) မြန်မာ့သမိုင်းကို မှတ်တမ်းအခြေပြုလေ့လာခြင်း - အောင်ခိုင်၊