မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၁၇) ပုံနှိပ်ထုတ်ဝေနိုင်ရန်အတွက် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေး အစည်းအေးကို ၂၂-၂-၂၀၁၇ ရက်နေ့ နံနက် ၁၀ နာရီက ကုန်သည်လမ်းရှိ စာပေဗိမာန် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ဦတင်ခ (တက္ကသိုလ်တင်ခ)၊ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) နှင့် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးကျော်ဝင်း (မနုဿကျော်ဝင်း)၊ ဦးစန်းဝင်း၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဒေါက်တာမင်းသောင်၊ ဦးစံသင်းလှိုင်၊ ဦးခင်စိုး (စိုးစိုး-ပန်းတောင်း)၊ ဒေါက်တာအေးကျော် (ဆေးသုတေသန)၊ ဒေါက်တာစောမြအောင်၊ ဒေါက်တာ ခင်မောင်ညို၊ ဦးစိန်လှိုင် (သူရဇော်)၊ ဦးကျော်ဦး (ကျော်ဦး)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဒေါ်နုနုစံ၊ ဦးအောင်သန်း (မင်းခန့်ရွှေ) နှင့် စာပေဗိမာန် စွယ်စုံကျမ်း နှစ်ချုပ်ဌာနစိတ်မှစာတည်းများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများက မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၁၇) ထုတ်ဝေရန် စာတည်းအဖွဲ့၏ ဆောင်ရွက်ထားမှုများကို အသေးစိတ် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ အစည်းအဝေးကို မွန်းတည့် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။