၂၀၁၆
ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး
၂၀၁၆ ခုနှစ်အတွင်း ပထမအကြမ်ထုတ် စာအုပ်များကို စာပေဆုများ
အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊
ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို
နိုင်ငံပိုင်သတင်းစာများ၊
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ
နှိုးဆော်ခဲ့ပါသည်။
အဆိုပါ
မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၆
ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄)
အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ
စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd
Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို
အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက်
ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၇
ခုနှစ် ဇန်နဝါရီလ (၅) ရက်တွင် စာအုပ် (၁၇) အုပ် ထပ်မံရရှိခဲ့ရာ
လာရောက်ပေးပို့သည့် ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး
ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁)
Students' Success BASIC ENGLISH GRAMMAR FOR LOWER SECONDARY LEVEL
STUDENTS အလယ်တန်းဆင့်ကျောင်းသားများအတွက် အခြေခံအင်္ဂလိပ်သဒ္ဒါ -
ဒေါ်စိုးစိုးဦး၊ (၂) ဝမ်းတစ်ထွာရဲ့ ဝမ်းစာ (၀တ္ထုတိုစုစည်းမှု) - အညို၊ (၃) မှန်ကန်သောအင်္ဂလိပ်အသံထွက်များ - အောင်မင်းဘိတ်၊ (၄) အနုပညာနှင့်အတူ ဖြတ်သန်းခြင်း - တက္ကသိုလ်မောင်အောင်ဆွေ၊ (၅) ကျောက်တုံးကြီးတွေရဲ့ သူရဲကောင်း - နိုက်၊ (၆) သက်ရှည်ကျန်းမာ နှစ်တစ်ရာ - ပါမောက္ခဒေါက်တာချစ်မောင် (ဇီ၀ဓာတု)၊ (၇) The Age of Digital Economy and loT – Zaw Lin Myat (YOUTH)၊ (၈) ၂၁ ရာစု မြန်မာတို့၏ ကြယ်နှစ်ပွင့် - ကိုကြီးဆွေ၊ (၉) THATON CHRONICLE - by U Panna Translated by Dr. Saw Mra Aung၊ (၁၀) ကျွန်တော့်ဘ၀ ကျွန်တော့်အတွေး - ဒေါက်တာသိန်းဆွေ (ပြည်သူ့ကျန်းမာ)၊ (၁၁) ပရဟိတပန်းပျိုးခင်းသို့ မေချီလှမ်းလျှောက်လျက်နှင့်အခြား၀တ္ထုတိုများ - ယုယ (ဆေး-၁)၊ (၁၂) ကျွန်မ ဆရာဝန်ကတော် - စိမ်းမြမြ၊ (၁၃) လီဒိုလမ်းမှ ပန်းပုံပြင်နှင့် မဂ္ဂဇင်း၀တ္ထုများ - Ju Nile၊ (၁၄) စိတ်ကိုရှုပ်ထွေးစေသော ဆေးပညာအယူအဆများနှင့် ကျန်းမာသုတအဖြာဖြာ - ဒေါ်စောကြိုင် (အငြိမ်းစားပါမောက္ခ)၊ (၁၅) မြူခိုးတွေ ဝှက်ထားတဲ့ ခေါနူးစုမ် - မြတ် (ကလေး)၊ (၁၆)
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအရ ၁.၄.၂၀၁၃ နေ့မှ ၃၁.၃.၂၀၁၄ နေ့ အထိ ရရှိပြီး
ပင်စင်လစာငွေအပေါ် အခြေတည်၍ ၁.၄.၂၀၁၄ နေ့ တိုးမြှင့်ပင်စင် လစာငွေကျပ်
၂၀၀၀၀၊ ၁.၄.၂၀၁၅ နေ့ တိုးမြှင့် လစာငွေကျပ် ၄၅၀၀၀၊ စုစုပေါင်း
တိုးမြှင့်လစာငွေ ၆၅၀၀၀ ဖြင့် တွက်ချက်၍ရရှိသော
တိုးမြှင့်ပင်စင်လစာငွေပေါင်းထည့်ကာ အငြိမ်းစားယူပြီးသည့် ဝန်ထမ်းများ/
ကျန်ရစ်သူ (ဇနီး/ခင်ပွန်း)/ (ဇနီး/ခင်ပွန်း) မရှိပါက ကျန်ရစ်သူမိသားစုတို့၏
ပင်စင်အကျိုးခံစားခွင့် Ready Reckoner မှတ်စုစာအုပ်နှင့်
အသင့်တွက်ချက်ပြီးကိန်းသေ Ready Reckoner မှတ်စုစာအုပ် ၂ အုပ်တွဲ
(ရုံးလုပ်ငန်းသုံး) - ဦးအေးကို