၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၆ ခုနှစ်အတွင်း ပထမအကြမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်တွင် စာအုပ် (၇) အုပ် ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) ရှမ်း၊ ကယား ခွဲရေး တွဲရေးနှင့် ကရင်နီနိုင်ငံရေး - ဦးကျော်သန်း (ဖယ်ခုံ)၊ (၂) မြန်မာပြည်နှင့် ငလျင် မြန်မာ့ငလျင်ဘေးလျှော့ချရေး - ဒေါက်တာသိန်း၊ (၃) ဓာတုကင်းလွတ်၊ အော်ဂဲနစ်၊ သဘာ၀ ကျန်းမာစေသော သီးပင်စားပင်များ - မင်းဝင်းထိန် (B.Ag)၊ (၄) စီးပွားဖြစ်သင်္ဘောစိုက်ပျိုးရေး - မင်းဝင်းထိန် (B.Ag)၊ (၅) သဘာ၀ဘေးနှင့် လူဖန်တီးသော ဘေးအန္တရာယ်များ - သိပ္ပံစာရေးဆရာကိုကိုအောင်၊ (၆) လောကရဲ့အရေးပါဆုံး အရာ ဆရာ - မောင်ရေ၊ (၇) သံဝေဂယူဖွယ်ရာ မြေမြတ်မဟာ - ပါမောက္ခ ဦးမြင့်စော (ငြိမ်း)