• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

အခမ်းအနားများ

  1. TAGGED AS
  2. အခမ်းအနားများ
၂၀၁၈ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူ စာပေဆု၊ ပခုက္ကူ စာပေတစ်သက်တာ စာပေဆု၊ ပခုက္ကူ ဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆုနှင့် ပညာရည်ချွန်ဆုများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

၂၀၁၈ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူ စာပေဆု၊ ပခုက္ကူ စာပေတစ်သက်တာ စာပေဆု၊ ပခုက္ကူ ဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆုနှင့် ပညာရည်ချွန်ဆုများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

27-Sep-2019
အခမ်းအနားများ, စာပေဗိမာန်,
SPBM
 ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူ စာပေဆု၊ ပခုက္ကူ စာပေတစ်သက်တာ စာပေဆု၊ ပခုက္ကူ ဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆုနှင့် ပညာရည်ချွန်ဆု ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၇-၉-၂၀၁၉ နံနက် (၉:၀၀)နာရီတွင် သိမ်ဖြူလမ်းရှိ ရန်ကုန်မြို့ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဉီးစီးဌာန စုပေါင်းခန်းမ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးအောင်မျိုးမြင့် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ၊ ပခုက္ကူစာပေဆုရန်ပုံငွေ ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်း(မနုဿကျော်ဝင်း) က ပခုက္ကူဦးအုံးဖေ စာပေဆု ချီးမြှင့်ရခြင်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။

ထို့နောက် ၂၀၁၈ ခုနှစ်အတွက် ပခုက္ကူ ဦးအုံးဖေ တည်ထောင်သော ပခုက္ကူ စာပေဆုများကို ပေးအပ် ချီးမြှင့်ရာ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ၊ ပခုက္ကူစာပေဆုရန်ပုံငွေ ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်း(မနုဿကျော်ဝင်း) က ပခုက္ကူတစ်သက်တာစာပေဆုရ ဆရာကြီး ဉီးမြတ်သူ (တက္ကသိုလ်မြတ်သူ) အား ဆုချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးအောင်မျိုးမြင့်က ကဗျာပေါင်းချုပ် ပထမဆုရ ဆရာချစ်စုအောင်၊ ကဗျာပေါင်းချုပ် ဒုတိယဆုရ ဆရာကောင်းနွဲ့၊ ကဗျာပေါင်းချုပ် တတိယဆုရ ဆရာအင်ပင်သန်းဌေးအောင်တို့ကို ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ မြန်မာနိုင်ငံစာရေးဆရာအသင်းမှ တာဝန်ရှိသူများနှင့်ပခုက္ကူစာကြည့်တိုက်ကော်မတီ ဥက္ကဋ္ဌတို့က ဝတ္တုရှည်၊ ဝတ္တုတိုပေါင်းချုပ်၊ ကျမ်းစာပေ၊ သုတေသနစာပေဆုနှင့်စာကြည့်တိုက် စာအုပ်ဆုများ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပညာသင်ဆုနှင့် ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် စာပေဆုအလှူရှင် ပခုက္ကူဦးအုံးဖေကိုယ်စား ပခုက္ကူဦးအုံးဖေ စာကြည့်တိုက် ကော်မတီဥက္ကဋ္ဌ ဦးတင့်ဆွေက ပခုက္ကူဦးအုံးဖေ စာပေဆုဖြစ်ပေါ်လာပုံနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ၂၀၁၈ ခုနှစ်အတွက် ပခုက္ကူတစ်သက်တာ စာပေဆုရ ဆရာကြီး ဦးမြတ်သူ (တက္ကသိုလ်မြတ်သူ) က ဆုရရှိသူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် အလှူရှင်များက ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူဦးအုံးဖေ စာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီသို့ အလှူငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အလှူရှင် ဉီးကာစီက လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းတင်ပြပါသည်။

ယင်းနောက် တာဝန်ရှိသူများနှင့် ၂၀၁၈ ခုနှစ်အတွက် ပခုက္ကူစာပေဆုရရှိသူများ၊ ပညာသင်ဆု ရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်းသိရှိရသည်။







related topics

နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

27-Sep-2019
အခမ်းအနားများ, စာပေဗိမာန်,
SPBM

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

27-Sep-2019
အခမ်းအနားများ, စာပေဗိမာန်,
SPBM

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

27-Sep-2019
အခမ်းအနားများ, စာပေဗိမာန်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • အခမ်းအနားများ
  • ပြိုင်ပွဲများ
  • စာအုပ်များ
  • စာမူများ
  • ပြည်သူ့လက်စွဲစာစဉ်
  • ရွှေသွေး
  • စာပေဗိမာန်
  • စာပေရေချမ်းစင်
  • စာကြည့်တိုက်
  • ပုံနှိပ်ရေး
books
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၁) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman