ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေးကော်မတီ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ နံနက် (၁၀:၀၀) နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ဥက္ကဋ္ဌ စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးကျော်နိုင် (ထက်မြက်)နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဒေါက်တာကျော်ဝင်း (သမိုင်းပါမောက္ခ-ငြိမ်း)၊ ဒေါက်တာမောင်မောင်စံ (ကြည်မင်း)၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဦးအေးမောင် (အေးမောင်ကျော်)၊ ဒေါ်စမ်းစမ်းနွဲ့ (စမ်းစမ်းနွဲ့-သာယာ၀တီ)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးခင်မောင်စိုး (မောင်သာမည)၊ ဦးဇော်မင်းကျော် (ပြည်သွေးနိုင်)၊ ဦးရဲနိုင်အောင် (ကို၀)၊ ဒေါက်တာမိုးဟိန်းဇော်၊ ဦးသန့်လွင်မောင် (ကိုတာ)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးမြင့်ဆွေဦး (မြင့်ဆွေဦး)၊ ဦးအောင်သန်း (မင်းခန့်ရွှေ)တို့ တက်ရောက်ကြပြီး ဦးအောင်ရှင် (မုံရွာအောင်ရှင်)၊ ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)၊ ဦးချစ်နိုင် (ချစ်နိုင်-စိတ်ပညာ)၊ ဦးကိုကိုလှိုင် (ကိုကိုလှိုင်)၊ ဦးမြင့်ကျော်၊ ဒေါ်ခင်နှင်းဦး (ခင်နှင်းဦး)၊ ဦးဝင်းချို (ဓူဝံစာပေ) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များကို အသေးစိတ်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နံနက် (၁၁:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။