• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

စာပေဗိမာန်

  1. TAGGED AS
  2. စာပေဗိမာန်
၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆု​ရွေးချယ်ရေးကော်မတီ များ တွေ့ဆုံညှိနှိုင်းသည့် အဖွဲ့ကြီးအစည်းအဝေးကျင်းပ

၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆု​ရွေးချယ်ရေးကော်မတီ များ တွေ့ဆုံညှိနှိုင်းသည့် အဖွဲ့ကြီးအစည်းအဝေးကျင်းပ

11-Oct-2016
စာပေဗိမာန်,
SPBM

အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန် အစည်းအဝေးခန်းမတွင် ၁၁ - ၁၀ -၂၀၁၆ ရက် နံနက် (၁၀) နာရီက ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ အစည်းအဝေး ကျင်းပခဲ့သည်။ ထိုအစည်းအဝေးသို့ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ စည်သူဒေါက်တာ သော်ကောင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊   ဦးတင်ခ (တက္ကသိုလ်တင်ခ)၊ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဦးကိုကို (ကို-တက္ကသိုလ်)၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာခင်သန်းဦး (မမိုးမြေ)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဦးအုန်းမောင် (မြင်းမူ-မောင်နိုင်မိုး)၊ ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)၊ ဦးစိန်ဝင်း (မောင်စိန်ဝင်း-ပုတီးကုန်း)၊ ဒေါက်တာဒေါ်ပို (မလေးပို)၊ ဒေါက်တာဒေါ်ခင်ဆွေမြင့် (ဆွေယင်းမာ)၊ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)၊ ဦးမြတ်သူ (တက္ကသိုလ်မြတ်သူ)၊ ဒေါက်တာတိုးလှ၊ ဦးစိန်လှိုင် (သူရဇော်)၊ ဦးသိန်းနိုင် (ဂုဏ်ထူးဦးသိန်းနိုင်)၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဒေါက်တာမျိုးသန့်တင်၊ ဦးမြင့်ကြည် (တက္ကသိုလ်မြတ်စိုး)၊ ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ ဦးကျော်ဦး (ကျော်ဦး)၊ ဦးစိုးမြင့် (စိုးလွင်မြင့်)၊ ဦးညွန့်ဟံ (ညွန့်ဟံ-ကြူတော)၊ ဦးခင်စိုး (စိုးစိုး-ပန်းတောင်း)၊ ဒေါက်တာခင်မောင်ညို (ဓာတုဗေဒ)၊ ဦးမောင်မောင်ကြည် (ရေနံမြေမောင်မောင်ကြည်)၊ ဦးလှမောင် (အောင်ချိန်ဘွား)၊ ဦးဇော်မင်းဦး (ဇော်မင်းမင်းဦး)၊ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးမြင့်ကြိုင်၊ ဒေါက်တာနေဇင်လတ်၊ ဦးသိန်းလှိုင်၊ ဦးကိုကိုလှိုင်၊ ဦးဝင်းငြိမ်း (ဝင်းငြိမ်း)၊ ဦးမောင်မောင် (ကြည်ရွှန်း)၊ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဦးသန်းအေး (စလင်းဘုန်းကျော်)၊ ဒေါက်တာမြင့်သန်း (သန္ဓေသား)၊ သိပ္ပံစာရေးဆရာကိုကိုအောင်၊ ဒေါ်တင်ဝင်းရည်၊ ဒေါက်တာကျော်ဝင်း (သမိုင်းပါမောက္ခ)၊ ဦးရဲထွဋ် (သန်လျင်-မောင်ဝင်းဝါ)၊ ဦးလှထွန်း (မောင်စိမ်းနီ)၊ ဦးမောင်မောင်အေး (မောင်ဟေမာ)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးဝင်းမြင့်မောင် (နွမ်ဂျာသိုင်း)၊ ဦးညွန့်ဆွေ (မောင်ဆွေသက်)၊  အတွင်းရေးမှူး ဦးအောင်သန်း (မင်းခန့်ရွှေ) တို့တက်ရောက်ကြပြီး ဒေါ်ချိုချိုတင် (မစန္ဒာ)၊ ဦးကိုလေး (ကိုလေး-အင်း၀ဂုဏ်ရည်)၊ ဒေါက်တာမောင်မောင်စံ (ကြည်မင်း)၊ ဦးဟန်ညွန့် (ဦးဟန်ညွန့်-ဥပဒေ)၊ ဦးစံလွင် (တောင်ခိုး)၊ ဦးခင်မောင်အေး(KMA)၊ ဦးပါ (ဇင်သန့်)၊ ဦးမြင့်ထွန်း (ဆုပြည့်စုံထွန်းစာပေ)၊ ဒေါ်ကြည်ကြည်လှ၊ ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)၊ ဒေါ်နန်းအိအိဇာ၊ ဦးမျိုးအောင် (ငြိမ်းမင်း)၊ ဦးဌေးဝင်း (မောင်လင်းရိပ်)၊ ပါမောက္ခဒေါက်တာမြင့်မောင်မောင်၊ ဦးမော်လင်း၊ ဦးမျိုးညွန့်၊ ဦးချစ်နိုင် (ချစ်နိုင်-စိတ်ပညာ)၊ ဦးကျော်နိုင် (ထက်မြက်) တို့က ခွင့်ပန်ခဲ့ကြသည်။

အစည်းအဝေးတွင် အမျိုးသားစာပေ ဆုစိစစ် ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ စည်သူဒေါက်တာ ဦးသော်ကောင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အတွင်းရေးမှူး စာတည်းမှူးချုပ် ဦးအောင်သန်းက ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရန် စာအုပ်များလက်ခံရရှိမှု၊ နောက်တိုးစာအုပ်များထပ်မံလက်ခံရရှိမှု၊ ယင်းနောက်တိုးစာအုပ်များကို ဘာသာရပ် အလိုက် အဖွဲ့ငယ်များသို့ အချိန်နှင့်တစ်ပြေးညီပေးပို့မှုစသည်တို့ကို အသေးစိတ် ရှင်းလင်းတင်ပြပါသည်။ ၎င်းနောက် ဘာသာရပ် အလိုက် အဖွဲ့ခေါင်းဆောင်များက မိမိတို့ဘာသာရပ်အလိုက် ဆုရွေးချယ် ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ အဖွဲ့ငယ်များ၏ တင်ပြမှုကို ကော်မတီဝင် အားလုံးက ကန့်ကွက်မှုမရှိ အတည်ပြုပေးခဲ့ကြပါသည်။ ထို့နောက် အမျိုးသားစာပေ တစ်သက်တာ စာပေဆု ချီးမြှင့်နိုင်ရန် မဲပေးရွေးချယ်ခဲ့ပြီး အစည်းအဝေးကို မွန်းတည့် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။



related topics

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

11-Oct-2016
စာပေဗိမာန်,
SPBM

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

11-Oct-2016
စာပေဗိမာန်,
SPBM

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

11-Oct-2016
စာပေဗိမာန်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • အရောင်းဌာန
  • စာကြည့်တိုက်
  • သုတပဒေသာစာစောင်
  • စာပေရေချမ်းစင်
  • စာပေဗိမာန်
  • ရွှေသွေး
  • ပုံနှိပ်ရေး
  • စာအုပ်များ
  • အခမ်းအနားများ
  • စာမူများ
books
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

    05-May-2025
  • စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုရှည် ပထမဆုရရှိသည့် စာရေးသူ ညိမ်းညို၏ ‘စာမျက်နှာတချို့’ စာအုပ်ကို ဖြန့်ချိ

    05-May-2025
  • ၅-၄-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၄) e-book ထွက်ရှိ

    02-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman