၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၉ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၉ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၀ ခုနှစ် မတ်လ (၆) ရက်တွင် စာအုပ် (၄၄) မျိုး ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်ပါ အတိုင်း စုစည်းဖော်ပြ အပ်ပါသည်-
(၁) အရိပ်နောက် အရောင်ပါ (လူမှုဘဝရသစုံဝတ္ထုတိုများ) - ဘသက်ဆွေ၊ (၂) ဆုန်မင်းဆက် - တော်ကောင်းမင်း (ဘာသာပြန်)၊ (၃) စွဲစွဲနစ်နစ် - ရွှေဝင်း (ဘာသာပြန်)၊ (၄) ဝ, ၀ လုံးလေး ဝိုင်းဝိုင်းရေးနှင့် အခြားဝတ္ထုတိုများ - အကြီးကိုကို (ကသာ)၊ (၅) ဝသုန္ဓရေ ရယ်လေမည်လားနှင့်၊ မဂ္ဂဇင်းဝတ္ထုတိုများ - မင်းအဂ္ဂ (ဆင်တဲဝ)၊ (၆) အသက်ကြီးပြီးအချိန်မစီးသူများနှင့် စိတ်ကျန်းမာရေး - မီးအိမ်ရှင် ဒေါက်တာနိုက်တင်ဂေးလ်၊ (၇) ရခိုင်အပြောသဒ္ဒါ - ဒေါက်တာစန္ဒာဌေး၊ (၈) စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာ - ပေါက်ပေါက်၊ (၉) ကင်ဆာဘေးဝေးကြစေ - ပေါက်ပေါက်၊ (၁၀) ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါများကြောင့် အသက်မဆုံးကြစေစို့ - ပေါက်ပေါက်၊ (၁၁) ကင်ဆာခရီးသည် - ချစ်နွေမိုး၊ (၁၂) ကိုယ့်နှလုံးသားကိုကိုယ်ကိုယ်တိုင် ကုစားနည်း - ဒေါက်တာခင်စန်းမော်၊ (၁၃) အာဏာမဲ့တို့၏ အာဏာ - အောင်ထိပ်၊ (၁၄) ဘူမိဗေဒအဘိဓာန် (အင်္ဂလိပ်-မြန်မာ) - ဦးလှမြင့် (ကထိက-ငြိမ်း)၊ (၁၅) ဆရာဇော်ဂျီ၏ စကားပြေရေးဟန် - ဒေါက်တာစိုးနိုင်၊ (၁၆) ပစ်ပယ်ခံရမှာကို စိုးရိမ်တယ်ဆရာ - အိုးဝေ (မြေနီကျင်း)၊ (၁၇) အမွှေးဆုံးဂုဏ် အသင်းဆုံးရနံ့ - သန်းစိုးအောင်၊ (၁၈) စောင်းသင်သူများ အတွေးစာစုများ - မျိုးကို၊ (၁၉) ကြမ်းတမ်းသော မုန်တိုင်းရဲ့အလွန် လင်းရောင်ခြည် လင်းလက်ချိန် - မေဧပရယ်မိုး၊ (၂၀) အမျိုးသားရေးဝါဒနှင့် လူမျိုးစုပဋိပက္ခ - ဒေါက်တာကျော်ဝင်း (သမိုင်းပါမောက္ခ)၊ (၂၁) Just Yesterday and Other Poems – Meji Soe၊ (၂၂) သုတစုံလင် တောင်ငူခရီးစဉ် - မောင်နိုင်ကေတု၊ (၂၃) ချစ်ခြင်းဖွဲ့အလင်္ကာသုဓနုနှင့် မနောဟရာ - ချစ်ဦးညို၊ (၂၄) ရင်ဘတ်နှစ်ခုရဲ့ သိင်္ဂါနဒီကဗျာရှည် - ဘုန်းဝေ၊ ကိုထွန်း (ကျယ်ဂေါင်)၊ (၂၅) ဘဝပုံရိပ် စာပုံရိပ် အက်ဆေးများ - ကြည်နိုင်၊ (၂၆) ငါ့ကိုပြန်ငေးတဲ့မန္တလေး - မောင်ကြည်ဇေ (ရေနံချောင်း)၊ (၂၇) ဂဟေဆက် နည်းပညာနှင့် ဂဟေဆက်သတ္တုဗေဒ - ဦးစောအောင်လှထွန်း (တွဲဖက်ပါမောက္ခမှူး-ငြိမ်း)၊ (၂၈) ဆယ်ကျော်သက်တို့ ရွှေရောင်အိပ်မက်များနှင့် မင်္ဂလာမောင်မယ်ကျန်းမာရေးစကားဝိုင်းများ... - ဒေါက်တာလွင်သန့် (ဆေး-၂)၊ (၂၉) ဒေါက်ရှိန်း၏ လူ့သဘာဝစုံထောက်ဝတ္ထုတိုများ - ဒေါက်တာမြသန်း (နော်ရထာဝင်း)၊ (၃၀) တွံတေးမြို့ရှိ ရှေးဟောင်းသာသနာ့သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ - အရှင်ရေဝတ(ရွှေကွမ်းသား)၊ (၃၁) ပုံရိပ်စစ်တို့ရဲ့ သင်္ကေတ မဂ္ဂဇင်းဝတ္ထုရှည်များ - မင်းဝေဟင်၊ (၃၂) ကျွန်တော်နှင့် တပည့်ကျော်များ ကိုယ်တွေ့ဖြစ်ရပ်မှန်အကြောင်းများ - မှူးကျော် (ပန်းတနော်)၊ (၃၃) အတိတ်ခေါင်းဆောင်များမှ အနာဂတ်ခေါင်းဆောင်များသို့ - ခင်မောင်မြင့် (စစ်ကိုင်း)၊ (၃၄) မင်္ဂလာပါခင်ဗျာနှင့် အတွေးရသစာစုများ - ဒေါက်တာမြင့်သန်း (ညောင်လေးပင်)၊ (၃၅) စာဘဏ္ဍာများ - စာဘဏ္ဍာမြဝင်း (ပခုက္ကူ)၊ (၃၆) ပျူစောထီးမှသည်ဗိုလ်ချုပ်အောင်ဆန်းသို့ (သို့မဟုတ်) သူရဲကောင်း ကလေးတေးကဗျာများ - မောင်ပိုက်ခြုံ၊ (၃၇) မြန်မာ့နိုင်ငံခြားဆက်ဆံရေးများ - ဆင်ဖြူကျွန်းသန်းထွန်း၊ (၃၈) ချိုးကူသံလွင် ဂန္ထဝင်ကဗျာများ - မောင်မွန်မြတ် (ကျေးလက်)၊ (၃၉) ပြဇာတ်သဘောတရား ပြဇာတ်အတတ်ပညာ - ဒေါက်တာအောင်မြင့်ဦး၊ (၄၀) ဝိဇ္ဇာပညာရပ်များဖြင့် ပြည့်စုံသော မြန်မာ့တိုင်းရင်းဆေးပညာနှင့် ရာသီဉတုအခြေအနေ - ဆရာဦးဝင်းကို (တဆ-၂၉၁၆) ဒဂုံတောင်၊ (၄၁) ရှုထောင့်အထွေထွေ ကျန်းမာရေးဆိုင်ရာ အမေးအဖြေ - ဒေါက်တာမြင့်သန်းထွန်း (ပြည့်သူ့ကျန်းမာရေး)၊ (၄၂) နပိုလီ ကာနီဗယ်လ် မီယာမီနှင့် ကမ္ဘာတစ်ပတ် သုတရှာဖွေခြင်း - ဆရာဦးဝင်းထိန် (ဟိုတယ်/ခရီး)၊ (၄၃) တစ်ချိန်တုန်းက မြန်မာကျွန်းနှင့် သစ်ပင်သစ်သားဆိုင်ရာ ဆောင်းပါးများ - ဝင်းချစ် (အမျိုးသား စာပေဆုရ)၊ (၄၄) ကမ္ပည်းစာများနှင့် မြန်မာအသံထွက်စနစ်ကျမ်း - သုတေသီမောင်မောင်၊