• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

စာပေဗိမာန်

  1. TAGGED AS
  2. စာပေဗိမာန်
မြန်မာဂန္ထဝင်အတွဲ(၁၀၀) စာစဉ် ဝတ္ထုရှည် အတွဲ (၄၊၅၊၆) စာအုပ်များ မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

မြန်မာဂန္ထဝင်အတွဲ(၁၀၀) စာစဉ် ဝတ္ထုရှည် အတွဲ (၄၊၅၊၆) စာအုပ်များ မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

30-Dec-2019
စာပေဗိမာန်,
SPBM

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် ကစီစဉ်ထုတ်ဝေမည့် မြန်မာဂန္ထဝင် အတွဲ(၁၀၀) စာစဉ် ဝတ္ထုရှည် အတွဲ (၄၊၅၊၆) စာအုပ်များမိတ်ဆက်ခြင်း အခမ်းအနားကို (၂၈-၁၂-၂၀၁၉) ရက်၊ ညနေ(၆) နာရီတွင်ရန်ကုန်မြို့၊ Sky Star ဟိုတယ်၌ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးအောင်လှထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဦးဇော်အေးမောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်၊ ပြန်ကြားရေး ဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာဂန္ထဝင်အတွဲ (၁၀၀) စာစဉ် ထုတ်ဝေရေး ကော်မတီဝင်များ၊ စာစဉ်မိတ်ဆက်နိဒါန်း ရေးပေးခဲ့ကြသော ပညာရှင်ကြီးများနှင့် တည်းဖြတ်ပေးခဲ့သော ပညာရှင်ကြီးများ၊ စာစဉ်သုံးတွဲတွင် ပါဝင်သည့် စာရေးဆရာကြီးများ၏ မိသားစုဝင်များ၊ စာပေပညာရှင်များနှင့် ဖိတ်ကြား ထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် မြန်မာဂန္ထဝင်အတွဲ (၁၀၀) စာစဉ်ထုတ်ဝေရေး ကော်မတီဒုတိယ ဥက္ကဋ္ဌ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) က ဝတ္ထုရှည်အတွဲ(၄၊၅၊၆)နှင့် ပတ်သက်၍ စာစဉ်မိတ်ဆက်စကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က စာအုပ် (၃) အုပ်ကို စာစဉ် မိတ်ဆက်နိဒါန်း ရေးပေးခဲ့ကြသည့် ပညာရှင်ကြီးများနှင့် တည်းဖြတ် ပေးခဲ့ကြသည့် ပညာ ရှင်ကြီးများအတွက် ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ရာပညာရှင်ကြီးများ ကိုယ်စား ဆရာ ဦးမော်လင်း(မိုးဇံ) က လက်ခံရယူသည်။

ယင်းနောက် ဒုတိယဝန်ကြီးဦးအောင်လှထွန်းက ဝတ္ထုရှည်အတွဲ(၄) “တပင်ရွှေထီး” စာအုပ်ရေးသားသူ ဆရာကြီးလယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ မူပိုင်ခွင့် ဆက်ခံသူတူဖြစ်သူ ဆရာဦးမြင့်ဦး (မောင်သင်းခိုင်-ပျဉ်မနား) ၊ ဝတ္ထုရှည် အတွဲ (၅) တွင် ပါဝင်သည့် “နားခံတော်” စာအုပ်ရေးသားသူဆရာကြီး ရွှေစကြာဦးစိုးမြင့်၏ မူပိုင်ခွင့် ဆက်ခံသူကိုယ်စား ဆရာဦးကြည်ဝင်း (လောကအမွန်) နှင့် ဝတ္ထုရှည်အတွဲ(၅)တွင် ပါဝင် သည့် “ကောလိပ်ကျောင်းသား” စာအုပ်ရေးသားသူ ဆရာကြီးဇဝန၏ မူပိုင်ခွင့် ဆက်ခံသူများကိုယ်စားဆရာကြီးဇဝန၏ သမီးများအား မူပိုင်ခွင့် ဉာဏ်ပူဇော်ခများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ဝတ္ထုရှည်အတွဲ(၆)တွင် ပါဝင်သည့် “တို့မေမေ” စာအုပ်ရေးသားသူ ဆရာကြီးမဟာဆွေ၏ မူပိုင်ခွင့်ထိန်းသိမ်းရေး အဖွဲ့ဝင် ဆရာမ မဝိုင်း (ကံ့ကော်ဝတ်ရည် စာပေတိုက်) နှင့် ဝတ္ထုရှည်အတွဲ(၆)တွင် ပါဝင်သည့် “ပန်းသာမစာဥ” စာအုပ်ရေးသား သူဆရာကြီး သခင်ဘသောင်း၏ မူပိုင်ခွင့်ဆက်ခံသူ သမီးဖြစ်သူ ဒေါ်သစ်သစ်သောင်း အား မူပိုင်ခွင့် ဥာဏ်ပူဇော်ခ များပေးအပ်ချီးမြှင့်သည်။

ထို့နောက် တက်ရောက်လာကြသူများအား ပြည်ထောင်စုဝန်ကြီးက ညစာစား ပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

မြန်မာဂန္ထဝင်အတွဲ(၁၀၀)စာစဉ် ဝတ္ထုရှည် အတွဲ (၄) တွင် လယ်တီပဏ္ဍိတ ဦးမောင်ကြီးရေးသားသည့် “တပင်ရွှေထီး”(၁၉၂၄)၊ စာစဉ် ဝတ္ထုရှည် အတွဲ (၅) တွင် ဝတ္ထုရှည်နှစ်အုပ်ပါဝင်ပြီး ရွှေစကြာဦးစိုးမြင့် ရေးသားသည့် “နားခံတော်”စာအုပ်(၁၉၃၂) နှင့် ဇဝန၏“ကောလိပ်ကျောင်းသား”စာအုပ်(၁၉၃၇)၊ ဝတ္ထုရှည် အတွဲ (၆) တွင် ဝတ္ထုရှည်နှစ်အုပ် ပါဝင်ပြီး မဟာဆွေရေးသားသည့် “တို့မေမေ” (၁၉၃၆) နှင့် သခင်ဘသောင်း၏ “ပန်းသာမစာအု” စာအုပ်(၁၉၃၆) တို့ပါဝင်သည်။





related topics

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

30-Dec-2019
စာပေဗိမာန်,
SPBM

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

30-Dec-2019
စာပေဗိမာန်,
SPBM

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

30-Dec-2019
စာပေဗိမာန်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေဗိမာန်
  • အရောင်းဌာန
  • စာအုပ်များ
  • စာမူများ
  • ရွှေသွေး
  • စာကြည့်တိုက်
  • သုတပဒေသာစာစောင်
  • ပြိုင်ပွဲများ
  • အခမ်းအနားများ
  • ပြည်သူ့လက်စွဲစာစဉ်
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman