၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ အင်္ဂလိပ်ဘာသာ (သုတ/ရသ)စာပေ ဘာသာရပ်အဖွဲ့ငယ်၏ အမျိုးသားစာပေတစ်သက်တာဆု ရွေးချယ်ရေးဆိုင်ရာ အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၀ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ အင်္ဂလိပ်ဘာသာ (သုတ/ရသ)စာပေ ဘာသာရပ် အဖွဲ့ငယ်အလိုက် တစ်သက်တာစာပေ စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဦးမောင်မောင် (ကြည်ရွှန်း)၊ ဒေါ်ခင်ဖုဏ်းရည် (နတ်မောက်အနီချို)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးသန်းအုန်း (မောင်ဇေယျာ)တို့ တက်ရောက်ခဲ့ကြပြီး စည်သူဒေါက်တာသော်ကောင်း၊ ဒေါက်တာတိုးလှ၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆု ရွေးချယ်ရေးဆိုင်ရာများကို ဆွေးနွေးကြကြောင်း သိရသည်။