၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြဇာတ်စာပေ ဘာသာရပ် အဖွဲ့ငယ်၏ အမျိုးသားစာပေတစ်သက်တာဆု ရွေးချယ်ရေးဆိုင်ရာ အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၀ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ပြဇာတ်စာပေ ဘာသာရပ် အဖွဲ့ငယ်အလိုက် တစ်သက်တာ စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးကြည်စိုးထွန်း (ကြည်စိုးထွန်း)၊ ဦးလေးမြတ် (ကိုလေးမြတ်)၊ ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး ဦးရဲထွဋ် (သန်လျင်မောင်ဝင်းဝါ)က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၁၈ ခုနှစ်အမျိုးသားစာပေတစ်သက်တာဆု ရွေးချယ်ရေးဆိုင်ရာများကို ဆွေးနွေးကြကြောင်းသိရသည်။