ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ကျင်းပသည့် မြန်မာမှု၊ မြန်မာဓလေ့၊ မြန်မာ့အတွေးအမြင် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနား (ပထမနေ့)ကို (၂၈-၉-၂၀၁၉)ရက် နံနက် (၉:၀၀) နာရီက သိမ်ဖြူလမ်းရှိ ဗိုလ်တထောင်မြို့နယ်ရှိ ရန်ကုန်မြို့ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဉီးစီးဌာန စုပေါင်းခန်းမ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဉီးစီးဌာနရုံး စုပေါင်းခန်းမ၌ စတင်ကျင်းပသည်။
အခမ်းအနားသို့ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးအောင်မျိုးမြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦ:ကိုကိုနိုင်၊ စာတမ်းရှင်များ၊ သဘာပတိအဖွဲ့ဝင်များ၊ စာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဉီးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ ဖိတ်ကြားထားသူများ၊ စာပေမြတ်နိုးသူများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ကြသည်။
စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးအောင်မျိုးမြင့် တက်ရောက်အဖွင့်အမှာ စကား ပြောကြားသည်။
ထို့နောက် စာတမ်းဖတ်ပွဲဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဦးတင်လှိုင် (လယ်တွင်းသားစောချစ်) စာတမ်းဖတ်ပွဲကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် စာတမ်းဖတ်ပွဲ ပထမနေ့ နံနက်ပိုင်း သဘာပတိများအဖြစ် ဦးကျော်နိုင် (ဆရာထက်မြက်)၊ ဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊ ဦးထွန်းရီ (ရှေးဟောင်းသုတေသီ)တို့က ဆောင်ရွက်ကြသည်။ ထို့နောက် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) က "မြန်မာဘာသာစကားတွင်ထင်ဟပ်နေသော မြန်မာ့အတွေးအမြင်" စာတမ်းကို ဖတ်ကြားသည်။ ထို့နောက် ဆရာဒေါက်တာကျော်ဝင်း (သမိုင်း ပါမောက္ခ-ငြိမ်း)က " မြန်မာမင်းများလက်ထက် သံတမန်အတတ်ပညာ" စာတမ်းကို ဖတ်ကြားခဲ့သည်။
ထို့နောက် စာတမ်းဖတ်ကြားခဲ့သည့် ဆရာကြီးများအား ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးအောင်မျိုးမြင့်က ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
စာတမ်းဖတ်ပွဲ မွန်းလွဲပိုင်းအစီအစဉ်များကို မွန်းလွဲ (၁:၀၀)နာရီတွင် ဆက်လက်ကျင်းပရာ သဘာပတိ အဖြစ် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဦးအေးမောင်ကျော် (အေးမောင်ကျော်)၊ ဒေါက်တာ ကျော်ဝင်း (သမိုင်းပါမောက္ခ-ငြိမ်း)တို့က ဆောင်ရွက်ကြသည်။ ထို့နောက် ဆရာဦးကျော်စိုး (သမိုင်း ပါမောက္ခ-ငြိမ်း)က "တွင်းရိုးတွင်းစား ရိုးရာဓလေ့သမိုင်း" စာတမ်းကိုလည်းကောင်း၊ ဆရာဦးထွန်းရီ (ရှေးဟောင်းသုတေသီ)က "မြန်မာမှု ပဒေသာတို့ဖြင့် လွှမ်းခြုံနေသည့် လျှောက်ထုံးကျမ်း (သို့မဟုတ်) အမေးအဖြေကျမ်း" စာတမ်းကို ဖတ်ကြားသည်။
ထို့နောက် စာတမ်းဖတ်ကြားခဲ့သည့် ဆရာကြီးများအား ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးအောင်မျိုးမြင့်က ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
မြန်မာမှု မြန်မာ့ဓလေ့ မြန်မာ့အတွေးအမြင် စာတမ်းဖတ်ပွဲတွင် တက်ရောက်လာကြသည့် စာပေဝါသနာ ရှင်များက မေးခွန်းများ ဆွေးနွေးမေးမြန်း ခဲ့ကြပြီး ပရိသတ်များ၏ မေးမြန်းမှုများနှင့်ပတ်သက်၍ စာတမ်းရှင်များက ပြန်လည်ရှင်းလင်းဖြေဆိုခဲ့ကြသည်။
မြန်မာမှု မြန်မာ့ဓလေ့ မြန်မာ့အတွေးအမြင် စာတမ်းဖတ်ပွဲ ဒုတိယနေ့ အခမ်းအနားကို (၂၉-၉-၂၀၁၉) ရက် တနင်္ဂနွေနေ့တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။