၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၉ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၉ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၁) ရက်တွင် စာအုပ် (၄၁) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့်ရက်များကို လည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်ပါအတိုင်း စုစည်းဖော်ပြ အပ်ပါသည်-
(၁) ဆံကေသာဆိုင်ရာပြဿနာများ - ဒေါက်တာခင်မောင်လွင် (FAME)၊ (၂) ဖြစ်ရပ်မှန်ထဲက အတွေးအမြင်များ (စာရေးဆရာနှင့် ရင်ပေါင်တန်း၍ စာဖတ်သူများအကြောင်း) - မေတ္တာရှင် (ရွှေပြည်သာ)၊ (၃) Forrest Gump winston Groon ဖော့ရက်စ်ဂမ့် - လင်းခန့်၊ (၄) အတွေးမှတ်စုငယ် - မီရှီကူး၊ (၅) ခွင့်လွှတ်ပါ မဏိစန္ဒာနှင့် အခြားကဗျာများ - မြတ်ပန်းခိုင်၊ ဒေါ်တင်တင်ခိုင်၊ (၆) နှောင်ကြိုးမဲ့တွယ်ငြိခြင်း - ခင်သန္တာ၊ (၇) ၇၅ ရုပ်ပုံလွှာ နေမင်းသန်းကဗျာ - နေမင်းသန်း၊ (၈) နေရာ - စိန်လင်း (ခွဲစိတ်နှင့်ကင်ဆာပါရဂူ)၊ (၉) နံရံပါးပါးနှင့် အခြား၀တ္ထုတိုများ - မင်းဆက်သက်ခိုင်၊ (၁၀) ကျွန်တော်နိုင်ငံတကာဝန်ထမ်း - ဒေါက်တာကိုကို (W.H.O)၊ (၁၁) ဖွေရှာမောရသူမယ် - ဆေးဆေ၊ (၁၂) သန်းခေါင်ယံ အိန္ဒိယလွတ်လပ်ရေး - မင်းကျော်စွာ၊ (၁၃) ဒီရထားနဲ့အိမ်အပြန် ခေတ်ပေါ်ကာရန်ကဗျာ စုစည်းမှု - မောင်ရဲနွေ (ပလိပ်)၊ (၁၄) ဆိတ်မွေးမြူခြင်းဆိုင်ရာ အတွေ့အကြုံဝေငှခြင်း - ဦးမင်းစိုး၊ (၁၅) ကျားသစ်မလေးပြုံးနေသည်နှင့် ရသစာစုများ - နိုင်သျှား (မိုးမိတ်)၊ (၁၆) မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦးအတွေ့အကြုံများ - ဆရာကိုဝမ်း၊ (၁၇) အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ - ဆရာကိုဝမ်း၊ (၁၈) လူငယ်များအတွက် မိဘကြေးမုံ+နီတိနှင့်သုတများ - ကပ္ပတိန်သာစိန်၊ (၁၉) နောက်ကျမှ သိရသောတန်ဖိုး - မေတ္တာရှင် (ရွှေပြည်သာ)၊ (၂၀) ထီးကလေးလို သမီးလေး - မင်းသန့် (ဒဿန)၊ (၂၁) အတ္တသစ္စာနှင့် အခြား၀တ္ထုတိုများ - စံထိုက်သူ၊ (၂၂) ဂိုချောက်တောင် - ဟိန်းလတ်၊ (၂၃) မြန်မာနိုင်ငံအုပ်ချုပ်ရေးယန္တရားအတွက် မရှိမဖြစ် - အောင်မျိုးဝင်း (ကျိုက်ထို)၊ (၂၄) ကိုယ်တိုင်ထိမှ - ကိုမျိုး (မင်္ဂလာ)၊ (၂၅) ဘုရားကိုမြင်ခြင်း - ေဥယျ၊ (၂၆) တတိယအရွယ်၏ ဝေဒနာနှင့်အခြား ၀တ္ထုတိုများ - သက်မာ၊ (၂၇) လွမ်းဆွတ်တသကလေးဘ၀ မြန်မာ့ရိုးရာကစားနည်းများ - ကိုကြီးဆွေ၊ (၂၈) ကရုဏာဒေါသနှင့် ဆောင်းပါးများ - မြင့်ဆွေ (မျက်စိအတု)၊ (၂၉) ပိုင်း - ဝင့်ပြုံးမြင့်၊ (၃၀) မိတဆိုး - မိုးမင်းသိမ်း၊ (၃၁) မိကြွားနှင့် ၀တ္ထုတိုများ - မာန်၊ (၃၂) ရွှေကြာရိုးလေးချိုးခဲ့မယ် - ကောင်းနွဲ့၊ (၃၃) ဖားကန့်လုံးခင်းမှော်ဒေသက ရေမဆေးကျောက်ရှာသူတို့ရဲ့ ဘ၀အကြောင်း - နိုင်မိုး (လုံးခင်း)၊ (၃၄) အတိုင်းအတာမသိ နှိုင်းစရာမရှိသော မိဘမေတ္တာ - ကိုထွန်း (ကျယ်ဂေါင်)၊ (၃၅) ကိုလေးပြောတဲ့ ကိုလေးအကြောင်း - ပါမောက္ခဒေါက်တာကိုလေး (မျက်စိအထူးကုဆရာဝန်ကြီး)၊ (၃၆) မြေကမ္ဘာရဲ့ အဆုံးက ကြယ်တွင်း - ဇော်သက်ထွေး၊ (၃၇) BOU MENG - အနီမှိုင်း (ကေတု)၊ (၃၈) ခိုင်မာခြင်းစာမျက်နှာနှင့် ရသကဗျာများ - ပန်းချီညို (ပခုက္ကူ)၊ (၃၉) မေတ္တာပုလဲသွယ်နှင့် ဘာသာပြန် ရသ၀တ္ထုတိုများ - ကျော်ဝင်းသိန်း (ပခုက္ကူ)၊ (၄၀) စားသုံးဆီနှင့် ကျန်းမာရေး - ဒေါက်တာခင်မောင်လွင် (FAME)၊ (၄၁) ဇီးရိုးတူးဝမ်း - ဒီယေ