• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

စာပေဗိမာန်

  1. TAGGED AS
  2. စာပေဗိမာန်
ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာဂန္ထဝင်အတွဲ ၁၀၀ ထုတ်ဝေရေး၊ မြန်မာ့စွယ်စုံကျမ်း ပြန်လည် ထုတ်ဝေရေး၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု ရွေးချယ်ရေး အဖွဲ့ဝင်များနှင့် ညှိနှိုင်း အစည်းအဝေးကျင်းပ

ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာဂန္ထဝင်အတွဲ ၁၀၀ ထုတ်ဝေရေး၊ မြန်မာ့စွယ်စုံကျမ်း ပြန်လည် ထုတ်ဝေရေး၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု ရွေးချယ်ရေး အဖွဲ့ဝင်များနှင့် ညှိနှိုင်း အစည်းအဝေးကျင်းပ

06-May-2019
စာပေဗိမာန်,
SPBM

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ်တွဲများ ထုတ်ဝေရေး လုပ်ငန်းကော်မတီဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေး၊ မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး၊ ၂၀၁၈ခုနှစ် အမျိုးသားစာပေဆု၊ စာပေဗိမာန် စာမူဆုအဖွဲ့များ ညှိနှိုင်းအစည်းအဝေးကျင်းပ

ရှေးဦးစွာ မြန်မာဂန္ထဝင် အတွဲ၁၀၀ စာစဉ်တွဲများ ထုတ်ဝေနိုင်ရေးလုပ်ငန်းကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို (၄-၅-၂၀၁၉) နံနက် ၁၀ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊  ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်နှင့် မြန်မာဂန္ထဝင် အတွဲ၁၀၀ စာစဉ်တွဲများ ထုတ်ဝေနိုင်ရေးလုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ထုတ်ဝေပြီးခဲ့သည့် စာစဉ်တွဲ ၁၊ ၂၊ ၃ တို့ကို ရိုက်နှိပ်ခဲ့မှု အခြေအနေ၊ ရောင်းချခဲ့သည့်အခြေအနေ၊ ဆက်လက် ထွက်ရှိမည့် စာစဉ်တွဲ ၄၊ ၅၊ ၆ တို့ကို အရည်အသွေးကောင်းမွန်စွာဖြင့် ရိုက်နှိပ်ရန် ဆောင်ရွက်ထားရှိသည့် အနေအထားတို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာဂန္ထဝင် အတွဲ ၁၀၀ စာစဉ်တွဲများ ထုတ်ဝေရေးလုပ်ငန်း ကော်မတီဝင် ဦးသန်းအုန်း (မောင်ဇေယျာ) က ဆက်လက်ထုတ်ဝေမည့် အတွဲ ၄၊ ၅၊ ၆ တို့တွင်ပါဝင်မည့် စာပေများ၏ စာမူပြင်ဆင်မှုအပိုင်း၊ သတ်ပုံပြင်ဆင်မှုအပိုင်း၊ တည်းဖြတ်မှုအပိုင်း စသည့် အခြေအနေများကို ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်များက စာစဉ်တွဲများ ဆက်လက် ထုတ်ဝေမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ညှိနှိုင်း ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက အကြံပြု ဖြည့်စွက်ဆွေးနွေးသည်။

မြန်မာဂန္ထဝင် အတွဲ ၁၀၀ စာစဉ်များကို မြန်မာစာပေသမိုင်း တစ်လျှောက်တွင် ပေါ်ပေါက်ခဲ့သည့် စာအုပ်စာပေများ အနက်မှ ထူးခြားသည့်အကောင်းဆုံး လက်ရာများကို ရွေးချယ်ထုတ်ဝေခြင်းဖြင့် မျိုးဆက်သစ်များ ထိတွေ့ခံစားနိုင်စေရန်နှင့် မြန်မာစာ၊ မြန်မာမှုတို့အပေါ် နှစ်သက်မြတ်နိုးစိတ်များ ကိန်းအောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် ဝတ္ထုရှည်၊ ဝတ္ထုတို၊ ကဗျာ၊ ပြဇာတ်၊ အက်ဆေးနှင့် စာညွှန့်များကို ရွေးချယ်စုစည်းပြီး ဝတ္ထုရှည် ၂၅ တွဲ ၊ ဝတ္ထုတို ၄ တွဲ ၊ ကဗျာ ၃ တွဲ ၊ ပြဇာတ် ၂ တွဲ ၊ အက်ဆေး ၁တွဲနှင့် စာညွှန့် ၃ တွဲ တို့ဖြင့် ဦးစွာ ထုတ်ဝေရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်က မြန်မာဂန္ထဝင် အတွဲ ၁၀၀ စာစဉ် ဝတ္ထုရှည်အတွဲ ၁၊ ၂၊ ၃ တို့ကို ဖြန့်ချိခဲ့ပြီး ယခုအခါ ဝတ္ထုရှည် အတွဲ ၄ အဖြစ် လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ “တစ်ပင်ရွှေထီး” ကိုလည်းကောင်း၊ အတွဲ ၅ အဖြစ် ရွှေစင်္ကြာ ဦးစိုးမြင့်၏ “နားခံတော်” နှင့် ဇဝန၏ “ကောလိပ်ကျောင်းသား”ကို လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဇွန်လကုန်တွင် ထုတ်ဝေဖြန့်ချိန်ိုင်ရန် အတွဲ ၆ အဖြစ် မဟာဆွေ ၏ “ဒို့မေမေ” နှင့် သခင်ဘသောင်း၏ “ပန်းသည်မ စာဥ” တို့ကို လည်းကောင်း ကျန်အတွဲများကို ၂၀၂၀ ခုနှစ်အတွင်း၌ ဆက်လက်ထုတ်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။




ယင်းနောက် စာတည်းအဖွဲ့ အတွင်းရေးမှူး-၁ ဦးစိုးမြင့်သန်းက ပြင်ပပညာရှင်များ၏ ပြင်ဆင်ရန် အကြံပြုချက်များ၊ ပြင်ဆင်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် အကြံပြုဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေးအတွက် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြသည်။

မြန်မာ့စွယ်စုံကျမ်းများ ပြန်လည် ထုတ်ဝေနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ စာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်လျက်ရှိရာ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁ မှ (က-ကုတ်) မူကြမ်း ရရှိလာမှုအပေါ် ပညာရှင်များ ဖတ်ရှုပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ထို့နောက် ၂၀၁၈ ခုနှစ် အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် အဖွဲ့ငယ်ခေါင်းဆောင်တို့နှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ဆက်လက်ကျင်းပရာ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များ၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) က ရွေးချယ်ရေးအဖွဲ့ဝင်များ အနေဖြင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရွေးချယ် ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က နိုင်ငံတော်မှ ချီးမြှင့်သည့် ၂၀၁၈ ခုနှစ် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု စာပေစိစစ်ရေးနှင့်စပ်လျဉ်း၍ စာပေဗိမာန်၏ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းအုန်း (မောင်ဇေယျာ) နှင့် စာပေဗိမာန်စာမူဆု ရွေးချယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်ဘုဏ်းရည် (နတ်မောက်အနီချို) တို့က ဘာသာရပ်အလိုက် အဖွဲ့ဝင်များ ဖွဲ့စည်းထားရှိမှု အခြေအနေ၊ စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် စာပေပညာရှင်များ၏ ဆွေးနွေးမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြု ဆွေးနွေးကြကြောင်းသိရသည်။

၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆုစိစစ် ရွေးချယ်ရေးကော်မတီကို ဥက္ကဋ္ဌစည်သူ ဒေါက်တာသော်ကောင်း၊ ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာခင်အေး (မောင်ခင်မင်- ဓနုဖြူ)၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း) တို့ ဦးဆောင်ပါဝင်သော အဖွဲ့ဝင် ၅၄ ဦးဖြင့် ဖွဲ့စည်းထားရှိပြီး ဝတ္ထုရှည်၊ ဝတ္ထုတိုပေါင်းချုပ်၊ ကဗျာ၊ စာပဒေသာ၊ ပြဇာတ်စာပေ၊ မြန်မာယဉ်ကျေးမှုနှင့် အနုပညာ၊ ကလေးစာပေ၊ လူငယ်စာပေ၊ သုတပဒေသာ (ဝိဇ္ဇာ)၊ သုတပဒေသာ (ရိုးရိုးသိပ္ပံ၊ အသုံးချသိပ္ပံ)၊ နိုင်ငံရေးစာပေ၊ အင်္ဂလိပ်ဘာသာ (သုတ/ရသ)၊ အက်ဆေးစာပေနှင့် ရည်ညွှန်းစာပေ စုစုပေါင်း ၁၅ ဖွဲ့ဖြင့် ဖွဲ့စည်းကာ ၂၀၁၈ ခုနှစ်အတွက် လက်ခံရရှိသောစာအုပ်များကို ဖတ်ရှု စိစစ်ကြမည်ဖြစ်ကြောင်းသိရသည်။

ထို့အတူ ၂၀၁၈-၂၀၁၉ ခုနှစ်များအတွက် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ကို ဥက္ကဋ္ဌ ဦးအုန်းမြင့် (မောင်ရင့်မာ-ကျောင်းကုန်း)၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်ဘုဏ်းရည် (နတ်မောက်အနီချို) တို့ ဦးဆောင်ပါဝင်သော ၂၇ ဦးဖြင့် ဖွဲ့စည်းထားရှိပြီး ဝတ္ထုရှည်၊ ဝတ္ထုတို ပေါင်းချုပ်၊ ကဗျာပေါင်းချုပ်၊ သုတပဒေသာ ဝိဇ္ဇာ၊ သုတပဒေသာ (သိပ္ပံနှင့်အသုံးချသိပ္ပံ)၊ စာပဒေသာ၊ မြန်မာယဉ်ကျေးမှုနှင့် အနုပညာ၊ ကလေးစာပေ၊ လူငယ်စာပေ၊ နိုင်ငံရေး၊ ပြဇာတ်စာပေ၊ အင်္ဂလိပ်စာမူ၊ ဘာသာပြန် စုစုပေါင်း ၁၃ ဖွဲ့ ခွဲခြားဖွဲ့စည်းကာ လက်ခံရရှိသော စာမူများကို ဖတ်ရှု စိစစ်ကြမည် ဖြစ်ကြောင်းသိရသည်။












related topics

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

06-May-2019
စာပေဗိမာန်,
SPBM

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

06-May-2019
စာပေဗိမာန်,
SPBM

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

06-May-2019
စာပေဗိမာန်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ရွှေသွေး
  • စာပေဗိမာန်
  • စာအုပ်များ
  • သုတပဒေသာစာစောင်
  • ပြည်သူ့လက်စွဲစာစဉ်
  • အရောင်းဌာန
  • စာပေရေချမ်းစင်
  • အခမ်းအနားများ
  • စာမူများ
  • ပုံနှိပ်ရေး
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman