• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

စာပေဗိမာန်

  1. TAGGED AS
  2. စာပေဗိမာန်
''စာတတ်သူတိုင်း စာဖတ်ရေး'' လှုပ်ရှားမှုအခမ်းအနားကျင်းပ

''စာတတ်သူတိုင်း စာဖတ်ရေး'' လှုပ်ရှားမှုအခမ်းအနားကျင်းပ

21-Dec-2018
စာပေဗိမာန်,
SPBM

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀-၁၂-၂၀၁၈ ရက် နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည့် စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှု အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စာပေပညာရှင်များ၊ စာရေးဆရာများ၊ စာတမ်းဖတ်ကြားသူများ၊ ဆုရစာကြည့်တိုက်မှူးများ၊ စာကြည့်တိုက် ဖောင်ဒေးရှင်း များနှင့် ပူးပေါင်းပါဝင်ကြသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စာပေကို စိတ်ပါဝင်စားကြသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် စာတတ်သူတိုင်းစာဖတ်ရေး လှုပ်ရှားမှု အထိမ်းအမှတ်ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုအားပေးသည်။

ထို့နောက် နံနက် ၁၀ နာရီခွဲတွင် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်နှင့် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က မြစ်ကြီးနားခရိုင်၊ ဘားအံခရိုင်၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာနများနှင့် ချောင်းဦးမြို့နယ်၊ ပုသိမ်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်များမှ ကိုယ်စားလှယ်များအားဆန်းသစ်တီထွင် စာကြည့်တိုက်ဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရန်ကုန်မြောက် ပိုင်းခရိုင်(အင်းစိန်) လူထုအခြေပြု ဗဟိုဌာနနှင့် မြောက်ဦးခရိုင်၊ စမ်းချောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ် ပြည်သူ့စာကြည့်တိုက်များမှ ကိုယ်စားလှယ်များအား ဆန်းသစ်တီထွင် စာကြည့်တိုက်ဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အမြင်သစ်စာကြည့်တိုက်၊ ထွန်းတောက် ရောင်ခြည်စာကြည့်တိုက်၊ ဓမ္မဇောတိ(e-library)၊ ရွှေညာမြေ စာကြည့်တိုက်၊ မြသိန်းတန် စာကြည့်တိုက်တို့မှ ကိုယ်စားလှယ်များအားလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင့်ထွန်းက ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်၊ ကော့မှူးမြို့နယ် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရွေ့လျား စာကြည့်တိုက်၊ ပညာပါရမီစာကြည့်တိုက်၊ ကမ္ဘောဇလူငယ် စာကြည့်တိုက်၊ ထားဝယ် Millennium Centre တို့မှ ကိုယ်စားလှယ်များအားလည်းကောင်း ဆန်းသစ်တီထွင် စာကြည့်တိုက်ဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဆုရရှိသူများကိုယ်စား စာကြည့်တိုက်မှူးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ယင်းနောက် Ooredoo Myanmar ကုမ္ပဏီနှင့် Myanmar Book Aid and Preservation Foundation(MBAPF) တို့အကြား စာကြည့်တိုက်များ ရေရှည်တည်တံ့ရေးအတွက် ထောက်ပံ့ ကူညီမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဝမ်းမြောက်စကား ပြောကြားသည်။

ထို့နောက် Myanmar Book Aid and Preservation Foundation မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသန့်သော်ကောင်းက နားလည်မှုစာချွန်လွှာ ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ Ooredoo Myanmar ကုမ္ပဏီမှ CEO Mr.VikramSinha က ကူညီထောက်ပံ့မှုဆိုင်ရာ များနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် စာကြည့်တိုက်များ ရေရှည်တည်တံ့ရေးအတွက် ထောက်ပံ့ကူညီမှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းတို့ ရှေ့မှောက်၌ ဒေါက်တာသန့်သော်ကောင်းနှင့် Mr.VikramSinha တို့က လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ကြသည်။

ထို့နောက် Ooredoo Myanmar ကုမ္ပဏီမှ CEO Mr.VikramSinha က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်ထံ စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှု အခမ်းအနားအတွက် အလှူငွေများပေးအပ်လှူဒါန်းသည်။

ထို့နောက် ဒေါက်တာသန့်သော်ကောင်းက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် Mr.VikramSinha တို့ကို အမှတ်တရလက်ဆောင် ပေးအပ်သည်။
ထို့နောက်ဆွေးနွေးပွဲများဆက်လက်ကျင်းပရာ Community Library to Community Centre ခေါင်းစဉ်ဖြင့် ဒေါက်တာသန့်သော်ကောင်းကဦးဆောင်၍ ဒေါ်စန္ဒာချစ်ဖို့၊ ဒေါ်အေးသူဇာ၊ ဒေါ်ခင်နှင်းကြည်၊ ဦးအောင်သန်းထွဋ်နှင့် ဦးဇော်ထက်အောင်တို့ကလည်းကောင်း၊ စာတတ်သူတိုင်း စာဖတ်ရေးခေါင်းစဉ်ဖြင့် ဦးသန်းအုံး (မောင်ဇေယျာ) က ဦးဆောင်၍ ဒေါက်တာထွန်းအောင်ကျော်၊ ဒေါ်ဖြူနု(စပယ်ဖြူနု)၊ ဦးစိုးသူ(ဒီမိုစိုးသူ)နှင့် ဒေါ်မြဦးတို့က လည်းကောင်း၊ စာဖတ်သည့် အလေ့အထကောင်းများ ပူးပေါင်းဖော်ဆောင်ရေး ခေါင်းစဉ်ဖြင့် ဒေါ်အငယ်ထွေး(ယမင်းမြတ်အေး) က ဦးဆောင်၍ ဒေါ်နီလာဝင်း(ငွေကြယ်စင်)၊ ဦးထူးကျော်ဝင်း၊ ဦးမောင်မောင်ဦး (ဟိန်းလတ်) နှင့် ဦးမောင်မောင်စိုး တို့ကလည်းကောင်း ဆွေးနွေးကြသည်။

စာတတ်သူတိုင်းစာဖတ်ရေးလှုပ်ရှားမှုအခမ်းအနားဒုတိယနေ့ ဒီဇင်ဘာ ၂၁ ရက်တွင် အခြေခံပညာ ကဏ္ဍ၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး ဆောင်ရွက်ချက်များ စာတမ်း၊ လူငယ်နှင့်စာကြည့်တိုက် ယဉ်ကျေးမှုစာတမ်း၊ ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး အတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများစာတမ်း တို့ကိုဖတ်ကြားခြင်း၊ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးရေးနှင့် စာဖတ်သည့် အလေ့အထများ ဖော်ဆောင်ရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ၊ စာတတ်သူတိုင်းစာဖတ်ရေးအတွက် တွေ့ကြုံနေရသည့် အခက်အခဲနှင့် ကျော်လွှားနိုင်မည့် နည်းလမ်းများဆွေးနွေးပွဲတို့ကို လည်းကောင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။






related topics

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

21-Dec-2018
စာပေဗိမာန်,
SPBM

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

21-Dec-2018
စာပေဗိမာန်,
SPBM

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

21-Dec-2018
စာပေဗိမာန်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေဗိမာန်
  • ပြိုင်ပွဲများ
  • သုတပဒေသာစာစောင်
  • စာအုပ်များ
  • ပုံနှိပ်ရေး
  • စာမူများ
  • အရောင်းဌာန
  • စာပေရေချမ်းစင်
  • အခမ်းအနားများ
  • စာကြည့်တိုက်
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman