• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

စာပေဗိမာန်

  1. TAGGED AS
  2. စာပေဗိမာန်

၂၀၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုများ ထုတ်ပြန်ကြေညာ

26-Nov-2018
စာပေဗိမာန်,
SPBM
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူး ကျင်းပသည့် ၂၀၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိသော စာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာသည်။

၀တ္ထုရှည်ဆုတွင် ပထမဆုကို ကိုစက်ဖေ၏ ကမ္ဘာကို ထိုးမယ့်ခဲတံ ကလည်းကောင်း၊ ဒုတိယဆုကို ကိုလွင်ဘို(မေ့ဆေး)၏ မချစ်ခဲ့လျှင် ကလည်းကောင်း၊ တတိယဆုကို ကျော်ခန့်၏ ရင်ငြိမ်းအေး ကလည်းကောင်း ရရှိကြသည်။

၀တ္ထုတိုပေါင်းချုပ်ဆုတွင် ပထမဆုကို ကျော်လွင်(စက်မှု)၏ အဝေးကြည့်မှန်ပြောင်းနှင့် အခြား၀တ္ထုတိုများ ကလည်းကောင်း၊ ဒုတိယဆုကို မင်းထက်မြိုင် ၏ သင်ဦးချ၍ အမျှဝေရာနှင့် အခြား၀တ္ထုတိုများ ကလည်းကောင်း၊ တတိယဆုကို ဧကရာဇ်၏ မှတ်မှတ်သားသား ဆရာစကားနှင့် အခြား၀တ္ထုတိုများက လည်းကောင်း ရရှိကြသည်။

ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို ဆန်းလွင် (မြန်မာစာ)၏ လောကပြတင်း အလင်းလက်ဆောင်ကဗျာများ ကလည်းကောင်း၊ ဒုတိယဆုကို စံမြင့်မိုရ်၏ ရေပြာလမ်းနဲ့ ပန်းစုံလင်ကဗျာများ ကလည်းကောင်း၊ တတိယဆုကို မောင်ကြည်နွယ်(ပင်လယ်ဘူး)၏ စက္ကန့်ပေါ်က အလှကဗျာများကလည်းကောင်း ရရှိကြသည်။

သုတပဒေသာ(ဝိဇ္ဇာပညာရပ်) ဆုတွင် ပထမဆုကို လွင်မြန်မာ(မန်းတက္ကသိုလ်)၏ မြန်မာ့ရိုးရာ ရွဲကစားခြင်းအတတ်ပညာနှင့် ရွဲအသုံးပဒေသာ ကလည်းကောင်း၊ ဒုတိယဆုကို ဇော်လွင်ဦး(ဟင်္သာတ)၏ ရပ်စောက်သမိုင်း ရပ်စောက်မှတ်တမ်းကလည်းကောင်း ရရှိကြသည်။

သုတပဒေသာ (သိပ္ပံနှင့်အသုံးချသိပ္ပံပညာရပ်) ဆုတွင် ပထမဆုကို ပန်းတနော် (ခင်မောင်မြင့်) ၏ ကမ္ဘာ့ကျောက်မီးသွေးလောကနှင့် မြန်မာ့ကျောက်မီးသွေးကလည်းကောင်း၊ ဒုတိယဆုကို မောင်အောင်(မွေးကု)၏ လူသားအကျိုးပြု“လား”ကလည်းကောင်း၊ တတိယဆုကို ဦးစိုးဟန်၏ စျေးကွက်ဝင် သီးစားပင်စိုက်ပျိုးရေး (သို့မဟုတ်) သီးစားခြံစိုက်ပျိုးခြင်းပညာ ကလည်းကောင်း ရရှိကြသည်။

စာပဒေသာ (ဆောင်းပါး) ဆုတွင် ဒုတိယဆုကို သောင်းညွန့်သစ်၏ နိုင်ငံတလွှားခရီးသွား မြန်မာ့စီးပွား အလားအလာ ကလည်းကောင်း၊ တတိယဆုကို မောင်သာလင်း၏ ဆေးသား လွင့်ပြယ်မသွားသည့် လွမ်းချင်းများ ကလည်းကောင်း ရရှိကြသည်။

မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆုတွင် ဒုတိယဆုကို အောင်ပန်းဝေ(LLB) ၏ မြန်မာ့ရုပ်သေးကြိုးဆွဲနည်းပညာ ကလည်းကောင်း၊ တတိယဆုကို ရွှေညာသားမြတ်မင်း၏ တအန်း (ပလောင်) တိုင်းရင်းသားတို့၏ ဘ၀ဓလေ့ရိုးရာယဉ်ကျေးမှုများ ကလည်းကောင်း ရရှိကြသည်။

ကလေးစာပေဆုတွင် ပထမဆုကို ကန့်ဘလူခင်မောင်ဆွေ ၏ ဖြူနီဝါပြာ ပန်းမာလာ ကလေးကဗျာများ ကလည်းကောင်း၊ ဒုတိယဆုကို နန္ဒာမိုးကြယ်၏ ကြာရွက်ထီးကလေး ကလေးကဗျာများ ကလည်းကောင်း၊ တတိယဆုကို နိုင်မြင့်၏ စက်ဘီးကလေးနှင့် ကလေး၀တ္ထုတိုများ ကလည်းကောင်း ရရှိကြသည်။

လူငယ်စာပေဆုတွင် ဒုတိယဆုကို ကေတုမောင်ညိုလင်း၏ စစ်တောင်းမြစ်ကမ်းနံဘေးက လူငယ်ဘ၀လေးများ ကလည်းကောင်း၊ တတိယဆုကို မောင်နေခြည်(ပြည်)၏ ပွင့်သောပန်းတို့ အလန်းဆုံးဝေ ကလည်းကောင်း ရရှိကြသည်။

 ပြဇာတ်စာပေဆုတွင် တတိယဆုကို မောင်လွယ်အိတ်၏ နွားပွဲစား၏ စကားအလင်္ကာ ကလည်းကောင်း ရရှိကြသည်။

 ဘာသာပြန်စာပေဆုတွင် ပထမဆုကို ဒီပံလင်း၏ ကမ္ဘာသားအားလုံးအတွက် စိန်ခေါ်ချက်များ  ကလည်းကောင်း ရရှိကြသည်။

ဆုချီးမြှင့်ငွေများနှင့်ပတ်သက်၍ ယခင်က စာပေဗိမာန်စာမူဆုများကို ပထမဆု တစ်သိန်း ငါးသောင်း၊ ဒုတိယဆုကို တစ်သိန်း၊ တတိယဆုကို ခုနစ်သောင်းငါးထောင် ချီးမြှင့်ခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ် တိုးမြှင့်ချီးမြှင့်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှစ၍ စာပေဗိမာန် စာမူဆုကို ပထမဆု ခုနစ်သိန်း၊ ဒုတိယဆု ငါးသိန်း၊ တတိယဆု သုံးသိန်းအထိ တိုးမြှင့်ချီးမြှင့်ခဲ့သည်။ ယခုနှစ်တွင် ပထမဆု ဆယ်သိန်း၊ ဒုတိယဆု ခုနစ်သိန်း၊ တတိယဆု ငါးသိန်းအထိ တိုးမြှင့် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

စာပေဗိမာန်စာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့ကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ် ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများပါဝင်သော ပုဂ္ဂိုလ် (၂၈) ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၇ ခုနှစ်အတွက် ပြိုင်ပွဲသို့ တင်သွင်းလာသော  စာမူ (၃၁၆) ခုကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ခွဲခြားပြီး ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြသည်။

ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီ တယ်လီဖုန်းအမှတ် ၀၁-၃၈၁၄၄၉ သို့ အမြန်ဆုံး ဆက်သွယ်ကြရန်နှင့် (၅ × ၇) လက်မ ရောင်စုံဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံ နှစ်ပုံစီကို ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့်ရက်မှ  တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။

အဆိုပါဆုများကို ၈-၁၂-၂၀၁၈ ရက် (စနေနေ့)တွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပပြုလုပ်မည့် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။


related topics

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

26-Nov-2018
စာပေဗိမာန်,
SPBM

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

26-Nov-2018
စာပေဗိမာန်,
SPBM

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

26-Nov-2018
စာပေဗိမာန်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေဗိမာန်
  • ပြိုင်ပွဲများ
  • သုတပဒေသာစာစောင်
  • စာအုပ်များ
  • ပုံနှိပ်ရေး
  • စာမူများ
  • အရောင်းဌာန
  • စာပေရေချမ်းစင်
  • အခမ်းအနားများ
  • စာကြည့်တိုက်
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman