၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၇ ရက် (တနင်္ဂနွေနေ့) တွင် စာပေဗိမာန်စုပေါင်းခန်းမ၌ စာပေဗိမာန် စာပေစကားဝိုင်း (၀တ္ထုတိုအနှစ်သာရများ) ကျင်းပခဲ့ပါသည်။ ထိုစာပေစကားဝိုင်းတွင် ဒေါက်တာ မောင်မောင်စံ (ကြည်မင်း) က Moderator အဖြစ် ဆောင်ရွက်ပြီး ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ ဦးခင်မောင်ဦး (ကိုရိုးကွန့်)၊ ဒေါ်သန်းသန်းတင့်(နှင်းဝေငြိမ်း)၊ ဒေါ်ခင်ဝါဆွေ (ဝါဝါ- အင်းစိန်) တို့က “အွန်လိုင်းပေါ်တွင် ရေးသားကြသော ၀တ္ထုတိုများ၊ အယ်ဒီတာ စားပွဲတွင် မှတ်ကျောက်တင်ခံပါမှ ၀တ္ထုကောင်းဖြစ်နိုင်ပုံ”စသည်တို့ကို အပြုသဘော ဆွေးနွေးခဲ့ကြပါသည်။
၂၀၁၅ ခုနှစ်အတွင်း စာပေဗိမာန်၏ တတိယမြောက် စာပေလှုပ်ရှားမှုဖြစ်ပေသည်။