၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ် ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်တွင် စာအုပ် (၁၀၀) အုပ် ထပ်မံ ရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) ဒဏ်မနာသောအချစ်၀တ္ထုတိုပေါင်းချုပ် - တင့်တယ်၊ (၂) ကျွန်တော်မူးယစ်ဆေးသမား - ဦးမျိုးကြီး၊ (၃) ပျောက်ကွယ်လုနီး ရှေးဟောင်း သံချက်ဖိုများ - တင်မောင်ဦး (ရွှေပြည်)၊ (၄) မြန်မာတွေမညံ့ပါဘူး - ဟန်စိုး၊ (၅) လူနှင့်မော်တော်ကားအန္တရာယ်ကင်း - နေစိုးလှိုင်၊ (၆) စင်းလုံးချော လရောင်ကဗျာများ - လင်းနေသူ၊ (၇) ရိုးလင်းစတုန်း - မောင်ဒီ-၁၇ (The Key Collection)၊ (၈) အဲလ်ဗစ္စပရက်စ်လေ - မောင်ဒီ-၁၆ (The Key Collection)၊ (၉) ကလာရာ ဘာတန် - မောင်ဒီ -၁၇ (The Key Collection)၊ (၁၀) အယ်လ်တန်ဂျွန် - မောင်ဒီ-၁၆ (The Key Collection)၊ (၁၁) တစ္ဆေမ ပရလောက ဖြစ်ရပ်မှန်များ - သန်လျင် ချမ်းမြေ့အောင်၊ (၁၂) ဖွင့်ကြည့်လိုက်ပါ (တစ်ခုတော့ကျန်ခဲ့မှာပါ) – Monica Lahtaw၊ (၁၃) အတွဲ (၂) – CH Ka Wawn၊ (၁၄) အိမ်တွင်းမှုဆေးပညာ - မြန်မာအာယုဗေဒ သိမ်ဖြူဆေးသိပ္ပံဆရာတော်၊ (၁၅) ကျွန်တော်တို့ ချစ်သောမိန်းမတစ်ယောက် - အောင်မြင်သူ၊ (၁၆) အလင်းအမှောင်ကြားမှ တံလျှပ်များ - ဂျိုဇော်၊ (၁၇) လူသိနည်းတဲ့ ဆရာမလေးတစ်ယောက်၏ ခံစားမှု - နေနွယ်ဦး (YSH-Lab)၊ (၁၈) မျှဝေလိုသော အတွေးများ (၂) - ဗန်းမော်သိန်းဖေ၊ (၁၉) ပျောက်ဆုံးသွားသော မျိုးဆက်တစ်ခု - ကျော်ဝင်း၊ (၂၀) မူးယစ်ဆေးစွဲရောဂါကြိုတင် ကာကွယ်ပါ - ဒေါက်တာမောင်မောင်လွင်၊ (၂၁) ကုတ်ကင်းရာဇာ အက်စ်ကိုဘာ - နေဦးဝေ၊ (၂၂) ရှစ်ရက်မြောက်နေ့ - ဝင့်ပြုံးမြင့်၊ (၂၃) အမေ့လျော့ခံ အာဇာနည်မိသားစုဝင်များနှင့် ဆုံတွေ့ခြင်း - ဖိုးစိုင်း-ဂျာနယ်လစ်၊ (၂၄) နှလုံးသား ဘဏ်တိုက်မှ ရွှေဆည်းလည်းရတနာများ - စန္ဒရားလှထွတ်၊ (၂၅) သံယောဇဉ် နှောင်တစ်မျှင်ကြိုး ၀တ္ထုတိုများ - မောင်လွန်းကြင်၊ (၂၆) သီပေါမင်းလက်ထက် အုပ်ချုပ်ရေးတွင် ပြုပြင်ရန် ကြိုးပမ်းချက်များ - ဒေါ်အုန်းကြည်၊ (၂၇) ရာဇဝင် ကျမ်းဂန်လာ သမိုင်းတွင်ခဲ့သော မြန်မာမိဖုရားများ - ဒေါ်ခင်ခင်မ၊ (၂၈) တမုတ်ရွှေဂူကြီးဘုရား - မင်းဘူးအောင်ကြိုင်၊ (၂၉) အထက်မြန်မာပြည် ကိုသိမ်းပိုက်စက မြန်မာ့ရိုးရာ မင်းပိုင်စိုးပိုင် အလွှာအပေါ် ဗြိတိသျှတို့၏သဘောထား - ဒေါက်တာကျော်သက်၊ (၃၀) တစ်ခါတုန်းက နှင်းဝတ်မှုန်မိုး - နောင်ကျော်၊ (၃၁) နယ်ချဲ့ပရိယာယ်နှင့် မြန်မာနန်းလျာများ - ဒေါ်နီနီမြင့်၊ (၃၂) မြန်မာနိုင်ငံစာပေနှင့် အမျိုးသား လှုပ်ရှားမှုသမိုင်း (၁၃၀၀ ပြည့် အရေးတော်ပုံ) - ဦးသိမ်းနိုင်၊ (၃၃) အထက်မြန်မာပြည်ကို သိမ်းပိုက်ရန် လှုံ့ဆော်ခဲ့သူများ - ဒေါ်ကြန်၊ (၃၄) KEN FOLLETTLIE Down WTTH မောင်မိုးသူ အထွတ်အထိတ်၊ (၃၅) ဆရာဝန်မဟုတ်တဲ့ကျွန်တော် ကိုယ်သိသလိုပြောဆိုတဲ့ ကျန်းမာရေးအကြောင်း သိကောင်းစရာ - သုခသား၊ (၃၆) အခြေခံအင်္ဂလိပ်စာနှင့် လေ့ကျင့်ခန်းများ - သာလွန်၊ (၃၇) ခမီအမျိုးသားတို့ လက်တွဲညီညာ သမိုင်းသစ် - ချစ်လူ (တက္ကသိုလ်) (နာရီကန်)၊ (၃၈) ရွှေမှော်တော - ရွှေဘဝင်၊ (၃၉) ကုန်းဆာအလွန် ကျဖီးမှသည် လွယ်ဟန်ကောင်းမှုဆီသို့ …. ငွေစိုး၊ (၄၀) ဒီမိုကရေစီ အမိဝမ်းမှ မွေးဖွားလာသည့် အာဏာရှင်နှင့် - အမတ်ဒိန်၊ (၄၁) အလုပ်အကိုင် အင်္ဂလိပ်စာ - ဇာနည် My Way၊ (၄၂) Christmas Bells (Mini Story Book) – Sein Shwe Phyo (Morris)၊ (၄၃) စောရအိုင်မြစ်ဆုံရယ် - မသက်ဇင်၊ (၄၄) ခေတ်သစ်လက်ဝဲဝါဒမူလအစ - ကိုကိုလေး၊ (၄၅) သခင်သန်းမြိုင်သင့်ခဲ့သော ကျိန်စာနှင့် အခြားဝေဖန်စာများ - လက်ျာ၀င်း၊ (၄၆) ပြုစုပျိုးထောင် ခြင်း အနုပညာ - မေသင်္ကြန်ဟိန် (မြစ်မခ)၊ (၄၇) ဘုရားရှိခိုးအမျိုးမျိုး ပရိတ်တော် (၁၁) သုတ်၊ ပဋ္ဌာန်းပါဠိတော်၊ ဓမ္မစကြာပါဠိတော်၊ ဓာရဏ ပရိတ်တော် - ဦးဝိသုဒ္ဓ (သာယာ၀တီ)၊ (၄၈) ရတနာသေတ္တာနှင့်လွဲခဲ့ရသော ပင်လယ်ဓားပြ - ထွဋ်ဝင်းထွဋ်၊ (၄၉) Who Was Pablo Picasso? - ထွဋ်ဝင်းထွဋ်၊ (၅၀) ဝိပဿနာ အလုပ်ပေး (၂) - ဦးကောဝိဒ (ဟဲသိမ်ပတ္တမြားတောင်)၊ (၅၁) နင်ဂျာများရဲ့ည - ထွဋ်ဝင်းထွဋ်၊ (၅၂) ဗုဒ္ဓဘာသာဝင်တို့၏ ရည်မှန်းချက်နှင့် ဓမ္မရသဆောင်းပါး များ - ဦးလွင်အောင် (မဟာဝိဇ္ဇာ)၊ (၅၃) ရှင်မဟာသီလဝံသရဲ့ရေကန် - အေဖန့်ဖန့်၊ (၅၄) လူငယ်၊ ပြည်သူနှင့် နိုင်ငံတော်အရေး - မောင်တင်ဦး (မြောင်းမြ)၊ (၅၅) စာဖတ်နာသူကြီးနှင့် အခြား၀တ္ထုတိုများ - ဆောင်းဖြူ၊ (၅၆) လက်ရွေးစင် ၀တ္ထုတို-၅၀ အတွဲ (၁) - မောင်တင်ဆင့်၊ (၅၇) ပန်းနှစ်ပွင့်ပုံပြင် - တူးတူးသာ၊ (၅၈) သမိုင်းခေတ်နဲ့ လူပုဂ္ဂိုလ် - ကလောင်စုံ၊ (၅၉) ကျိန်စာမြို့ရိုးတံခါးနှင့် အခြားပုံပြင်များ - ကိုကိုလှ (ကမာမြေ)၊ (၆၀) ငြိမ်းချမ်းရေးဖခင် သခင်ကိုယ်တော်မှိုင်း - သန်းထွန်း (လှည်းကူး)၊ (၆၁) မဟာတို့၏ ကျဆုံးခန်း - လှစိုးဝေ၊ (၆၂) ယနေ့ … အာဏာရှင်များ မဖတ်ရ - ကောင်းဆက်နိုင်၊ ကိုဝမ်း၊ (၆၃) မဟာတံတိုင်းကြီးအား ကျော်ဖြတ်ခြင်း ၂၁ ရာစုမှာ တရုတ်တို့ ကမ္ဘာကို ကြီးစိုးနိုင်မှာလား ခရီးသွား အတွေးရသ - အောင်စိုးသူ၊ (၆၄) သမ္မာကျမ်းစာ သွန်သင်ရာများ - Bhs-Bu ဦးကျော်ဝင်း၊ (၆၅) သိုက်ကပေးတဲ့ ပညာနှင့် ဂမ္ဘီရဖြစ်ရပ်ဆန်းများ - တော်မြင့် (ငှက်ဖျား)၊ (၆၆) စုပေါင်းညီညာ အောင်ကြောင်းဖြာနှင့် နိုင်ငံတကာပုံပြင်များ - သူရထိုက်၊ (၆၇) ကြားဖူးနား၀ ပုံပြင်များ - အောက်တိုဘာ အောင်ကြီး၊ (၆၈) Who Was Walt Disney? - ထွဋ်ဝင်းထွဋ်၊ (၆၉) Who Was Helen Keller? - ထွဋ်ဝင်းထွဋ်၊ (၇၀) စီကန်ဒရ်ဘုရင်ကြီး - မော်လနာ မိုဟမ္မဒ် အဗ္ဗါးစ်၊ (၇၁) လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ …. နှင့် နှစ်ခြိုက်ဖွယ်စာစုများ - ကလောင်စုံ၊ (၇၂) ရှာဖွေမှတ်သား အွန်လိုင်းပေါ်က ဆေးစွမ်းများ - ဒုတိယတွဲ - စန္ဒကူး-အရှင်ပညာနန္ဒ၊ (၇၃) မြေပုံ မြို့နယ်၊ ရက်ချောင်းကျေးရွာ - မင်္ဂလာ အရှင်ဣန္ဒာစာရ (မြေပုံ)၊ (၇၄) ပင်လုံဆိုသည်မှာနှင့် Right to Recall - ရဲထွဋ်၊ (၇၅) နက္ခတ်မိတ္တူများရဲ့ ကမ္ဘာဦးဖတ်စာ - ကလောင်စုံ၊ (၇၆) တစ်ခါတုန်းက ငှက်ကလေးတွေရဲ့ကမ္ဘာ - ကျော် (မြန်မာစာ)၊ ဒေါက်တာမြမြချယ်၊ (၇၇) ခေတ်ပေါ်ကဗျာနှင့် စိမ်းစိုသောလမ်းကလေး - မျိုးသန့်၊ (၇၈) လွတ်လပ်ခွင့်တန်ခိုး - ဆောင်းဝေ (နတ်မောက်)၊ (၇၉) ဗီယက်နမ်လွတ်လပ်ရေးဖခင်ကြီး ဟိုချီမင်း - Quality အယ်ဒီတာအဖွဲ့၊ (၈၀) သားငယ်သမီးငယ် တို့အတွက် မှတ်သားဖွယ်ကမ္ဘကျော်ပုံပြင်များ - ထွဋ်ဝင်းထွဋ်၊ (၈၁) သည်သောင်ယံက ခွာချိန်ကျပြီလေနှင့် ၀တ္ထုတိုများ - ညီညီဖေ၊ (၈၂) တစ်အိုးတစ်လုံးနှင့် အခြား၀တ္ထုတိုများ - မောင်ပြည်အေး (ချောက္ကံ)၊ (၈၃) ငရဲကလာတဲ့အောက်စီဂျင် - ေဥယျ၊ (၈၄) ရဲဘော်ညီမလေးသို့ - ရွှေကြယ်မိုး၊ (၈၅) ၀တ္ထုတိုပေါင်းချုပ် - မာန်မြင့်၊ (၈၆) အချစ်မှတ်တမ်း - တင်မောင်မြင့်၊ (၈၇) ငါရို့ဇာလုပ်ကတ်ဖို့လဲ-၈ - ရခိုင်လှမြင့်၊ (၈၈) ရုရှားဆိုက်ဘာစစ်ဆင်ရေးနှင့် အမေရိကန် ရွေးကောက်ပွဲလုပ်ကြံမှုကြီး - နိုင်ဦး၊ (၈၉) ရေမီးအစုံနဲ့ လေထီးခုန်ကြသူများ - ညေး၊ (၉၀) တိမ်ပင်လယ်တောင်စွယ်တန်းနှင့် ရဟန်းတစ်ပါး - ဝေါက်ကြုတ် သာသနာပြုရဟန်း၊ (၉၁) ရက်ကန်းစင်တောင်ခြေတွင် ရှင်မွေးလွန်းနေသည် - ဈာန်လင်းထက်၊ (၉၂) မီးပျက်ညမှာရေးတဲ့စာ ဟာသစာစုများ - မြလွမ်းမိုးဆွေ၊ (၉၃) ခရီးဖြတ်သန်းကဗျာလမ်း - မကြွယ်ကြွယ်၊ (၉၄) မိခင်နှစ်ယောက် ကလေးတစ်ယောက် - မောင်မဟာ၊ (၉၅) နောင်တတရားကြီး (၁၀) ပါးနှင့် ဘာသာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ - အရှင်သောဘိတ (ဓမ္မရတနာ)၊ (၉၆) လုပ်ငန်းခွင် အတွင်းက စုန်းပြူးများ - ကျော့ကေခိုင်၊ (၉၇) အတောင်ပါးငှက် ဒိုင်ယာရီ (၄) - သူရိန်၊ (၉၈) ဗိုလ်မှူးချုပ်အယ်လ်ကွန်မန်အား လုပ်ကြံခြင်း - ဦးလှဆွေ (ဘူးလက်)၊ (၉၉) ကပ်စထရို (သို့မဟုတ်) အနီးကပ် အမေရိကန်ကို ရဲရဲရင့်ရင့်အာမခံသူ - ရဲနောင်ထွဋ်၊ (၁၀၀) ပါလေရော အယ်နီ - စံပယ်ဖြူနု