၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ် နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၅) ရက် တွင် စာအုပ် (၃၅) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့်ရက် များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) အသက်ကြီးသော်လည်း မပျက်စီးသေးသူများနှင့် ကျန်းမာရေးအသိပညာပေးဆောင်းပါးများ - မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ်၊ (၂) ဆင်ခြေဖုန်းရောက် နတ်မိစ္ဆာနှင့် ဘာထရန်ရပ်ဆယ်လ် ၀တ္ထုများ - ကျော်ထက်ထွန်း၊ (၃) နွေးနွေးထွေးထွေး စိတ်တံခါးဖွင့်ပေးမယ် - မြမြဆွေ (စိတ်ပညာ)၊ (၄) ယင်းကျား - ဇော်လွင်ဦး (ဟင်္သာတ)၊ (၅) အမုန်းကိုလွှမ်းစေသော ချစ်ခြင်း မေတ္တာ - အေဘုန်းခေတ်၊ (၆) ပုဂံခေတ်အခြေအနေ (အေဒီ ၁၀၄၄-၁၃၆၈) - ဒေါက်တာဒေါ်အေးလှ (ညွှန်ကြားရေးမှူး-ငြိမ်း)၊ (၇) မဖြူ (ရခိုင်မြေမှ ချစ်ပုံပြင်) - သစ်ဦးဇင် (မြန်မာပြန်)၊ (၈) ကျန်းမာပါစေ ကမ္ဘာမြေ အပိုင်း (၃) ကျောက်ထု - ဒေါ်အေးအေးဦး (ကျောက်တံတား-တက္ကသိုလ် ဆရာမကြီး-ငြိမ်း)၊ (၉) မြန်မာကဗျာလေ့လာနည်း - အောင်ဌေး (ဥက္ကလာ)၊ (၁၀) ချစ်သမီးလေး ချယ်ရီမေ - မင်းသန့် (ဒဿန)၊ (၁၁) ကျွန်တော့်ဘ၀ထဲမှ နှလုံးသားပုံရိပ်များ သီရိစန္ဒာ - မောင်မောင်တင်၊ (၁၂) လှည်းကလေးနဲ့ ပုတု (ကလေးကဗျာများ) - မောင်မိုးပွင့် (ရေကြည်)၊ (၁၃) ချစ်ခြင်းမေတ္တာပျော်ရွှင်စွာဖြင့် စာနယ်ဇင်းဆောင်းပါးများစုစည်းမှု - ဒဂုံကြည်ဇော်၊ (၁၄) အမှတ်တရဂန္ထဝင်စာစုများ - စိန်သွေး၊ (၁၅) တစ်ပတ်အတွင်းဝိတ်ချနည်း - ဒေါက်တာအေးမင်းထူး၊ (၁၆) တောရိုင်းခုတ်ထွင် မြေပြုပြင်သူများနှင့် အခြားကဗျာများ - ချစ်ပံသု၊ (၁၇) မြန်မာပြည်လမ်းမကြီး - မောင်ရဲခိုင်၊ (၁၈) မိုးမသောက် မှောင်မိုက် အရိပ်မပြေးမီ - မောင်ရဲခိုင်၊ (၁၉) အာဏာရှင်တို့၏ သားမြေးများ - စိန်ဝင်းစိန်၊ (၂၀) ခေတ်သစ်မော်တော်ကားတစ်စီးကို မွေးဖွားခြင်း - သိပ္ပံစာရေးဆရာ ကိုကိုအောင်၊ (၂၁) ကလေးတို့ရေ …. လာကြ….လာကြ (တတိယတွဲ) - မေကျော့ရှင်း၊ (၂၂) ကျွန်တော် မူးယစ် ဆေးသမား - ဦးမျိုးကြီး၊ (၂၃) ကံ့ကော်မြေမှ ရာပြည့်ရန်ကုန်တက္ကသိုလ် - ဒေါက်တာကျော်ဝင်း၊ (၂၄) ပုဆိုးခြုံထဲက လက်သီးများ (၁၉၉၀ လွန် ၀တ္ထုတိုစု) - ခင်အောင်ဝင့်၊ (၂၅) မေမေရေးတဲ့ ၀လုံးနှင့် ချစ်စရာကလေးကဗျာများ - မောင်မောင်ပီ (ပုလဲ)၊ (၂၆) ပန်းအလှပင်မွေး၍ စီးပွားရေး လုပ်ကိုင်ခြင်း - အောင်စိုး (စိုက်ပျိုး-၂၀၇)၊ (၂၇) စျေးကွက်လှုပ်ရှားလာသော ထောပတ်ပင်အား သိပ္ပံနည်းကျ စိုက်ပျိုးထုတ်လုပ်ခြင်း - အောင်စိုး (စိုက်ပျိုး-၂၀၇)၊ (၂၈) ရင်သွေးရတနာ အလင်္ကာ ကလေးကဗျာများ - မြေလတ်မင်းလွင်၊ (၂၉) ရိုးသားစွာရေးခဲ့သမျှ - မော်မော်သင်း၊ (၃၀) လက်ရွေးစင် ကာလပေါ် သီချင်း ညွန့်ပေါင်းကြီး - သုတေသီမောင်မောင်၊ (၃၁) သွေးနဲ့ရေးတဲ့ ခေတ်သစ်ကျွန်ပြဇာတ် - ညေး၊ (၃၂) ဖေဖေနှင့် သမိုင်းအမှတ်တရများ - ဒေါက်တာခင်လက်ျာ၊ (၃၃) BURMA'S FATE – Dr.Khin Let Ya၊ (၃၄) ရွှေကျင် ၁၃ ရွာနှင့် ပေ ပရပိုက်လာ ဗဟုသုတစာစုများ - ကျော်ငွေ (ဧည့်လမ်းညွှန်)၊ (၃၅) မြန်မာ့တိုင်းရင်းဆေးပညာနှင့် အရိုးကျီးပေါင်းရောဂါ ကုထုံးလမ်းညွှန်ကျမ်း - ဆရာမြင့် (စကြာမင်း)