၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ် ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်တွင် စာအုပ် (၈၀) အုပ် ထပ်မံ ရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) ဗုဒ္ဓလက်ထက်က အမိတဘောဂသူဌေးကြီးငါးဦး - ဦးစိန်လှိုင် (မဟာဝိဇ္ဇာ)၊ (၂) အန်ဖရန့်ခ် စာကြည့်တိုက် စာစဉ် - ၅၅ - မောင်ဒီ-2016 The Key Collection၊ (၃) ဂျိန်းဂူးဒေါလ် စာကြည့်တိုက်စာစဉ် - ၅၆ - မောင်ဒီ-2016 The Key Collection၊ (၄) မြန်မာနိုင်ငံရေး အတွေး အခေါ် - ဒေါက်တာ အောင်ခင်၊ (၆) အောင်မြင်သူတွေ ဘယ်လိုဦးဆောင်သလဲ - အောင်စည်သာ၊ (၇) ကလေးတွေကို တိုးတိုးတိတ်တိတ် အသိပေးစရာများ - ထားထားမြင့်၊ (၈) ရခိုင်တို့၏ တောင်တက်တိုက်ပွဲနှင့် အခြားနိုင်ငံရေးဆောင်းပါးများ - မောင်ဗသိန်း၊ ခိုင်ကျော် (ဥပဒေ)၊ (၉) အိုင်းစတိုင်းအလွန် စကြာ၀ဠာ- စိုးစိုး (အင်္ဂပူ)၊ (၁၀) စင်ကာပူနိုင်ငံကို အမှတ် (၂၀) တွင်း ကျော်တက်နိုင်သော မူလတန်းကလေးများအခြေပြု ဗျူဟာနှင့် အခြားဗျူဟာများ - ဒေါက်တာထွန်းဝင်း၊ (၁၁) ပိတ်ထားသောတံခါး - နေဝန်းနီနီ၊ (၁၂) ကွေ့ကောက်တဲ့လမ်းများနဲ့ ဖြောင့်တန်းတဲ့ခြေရာ - မောင်သာချို၊ (၁၃) ငြိလက်စကြိုးနှင့် အခြား၀တ္ထုတိုများ - ခင်သန္တာ၊ (၁၄) ရသစာပေ ရှာပုံတော် - ယောနကဘိုးထောင်၊ (၁၅) အောင်မြင်သူတို့၏ အမှတ်အသား သင်္ကေတ များ - သတိုးနွယ်၊ (၁၆) ဖောင်မဖျက်တဲ့တိုက်ပွဲ - သတိုးနွယ်၊ (၁၇) နောင်ပွင့်တော်မူမည့် အရိမေတ္တယျ ဘုရားရှင် - ဧကန်မင်း၊ (၁၈) အငုံပွင့်နှင့် တစ်ပါးလျှော့သခင် ရသ၀တ္ထု - ကျူးစံ၊ (၁၉) မေမေပုံပြင် - မင်းစော၊တောင်သမန်၊ (၂၀) တို့မလေး ကလေးကဗျာ ၁၅ ပုဒ် - နေမျိုး၊ (၂၁) ပါစီဂျက်ဆန်နှင့် အိုလံပစ်နတ်ဘုရားများ မိုးကြိုးခိုးသူ - ကောင်းမြတ်လွန်သော်၊ (၂၂) မြေ့ဆွေး ကဗျာများ - ကလောင်စုံ၊ (၂၃) ကလေးတွေအားလုံး လုံခြုံ စိတ်ချဖို့အတွက် ခင်ဗျားတို့ ကျုပ်တို့အားလုံး တာဝန်ရှိတယ် - မိုသျှန်း၊ (၂၄) ကလေးတို့အတွက် ဩကာသ - မင်းစော၊ တောင်သမန်၊ (၂၅) ပဲန်မြန်မာ၏ ပထမပုံနှိပ်၀တ္ထုတိုများ - ကလောင်စုံ၊ (၂၆) ရောင်စဉ်များရဲ့ အဇ္ဈတ္တရသနယ်များ အတွင်းရေး - မသီတာ (စမ်းချောင်း)၊ (၂၇) ခင်ပွန်းကြီးဆယ်ပါး ဝန်ချ တောင်းပန်နည်း - ဆရာဇေယျာမိုး (ဝေဒဗိမာန်)၊ (၂၈) ရေး (သို့မဟုတ်) ထူးဆန်းသော ရောဂါ ကုထုံး - ဦးမင်းထက်၊ (၂၉) ပြည်ချစ်ဝါဒနှင့်ပြည်ထောင်စုအရေး - ကလောင်စုံ၊ (၃၀) ရခိုင် အမျိုးသားစာဆိုဆရာထွန်းသို့ အလွမ်းတစ်ရာ - ပန်းကဗျာ - မောင်ကြီး (ဖွံ့ဖြိုးရေးသိပ္ပံ)၊ (၃၁) ဖော်မစုံသုညလေးများနှင့် ၀တ္ထုတို စုစည်းမှု - နန်းကြာဖြူ (ဘားအံ)၊ (၃၂) စိတ်ကြောလျှော့ စင်တာနှင့် ဖရီးကဒ် ၀တ္ထုတိုများ - သက်ဦးမောင်၊ (၃၃) သယံဇာတပွင့်ဖတ်များပေါ်က ကြည်မြသော ဂီတ - အေးည၊ (၃၄) မြန်မာ့ယဉ်ကျေးမှုနိဒါန်း - မောင်ဝင်းဝါ၊ (၃၅) ဆေးပညာနှင့် နာနာဘာ၀ - ဒေါက်တာမောင်မောင်ညို၊ (၃၆) ရွာဟေ့လူ တိုက်ပွဲ - သောင်းဝေဦး၊ (၃၇) မင်းတုန်းမင်း တရားကြီး၏ မိဖုရားတော်များ - သန်းဝင်းလှိုင်၊ (၃၈) လူစွမ်းကောင်း ဗိုလ်ချုပ်ကြီး များ - ကိုကိုလေး၊ (၃၉) ထောက်လှန်းရေးသတင်းထောက် - ဇင်သန့်၊ (၄၀) အောင်မြင်ရေးနှင့် စိတ်တန်ခိုး - ဦးမောင်မြင့်၊ (၄၁) အချစ်ကြောင့် …၀တ္ထုလတ် ၃ ပုဒ် စုစည်းမှု - မောင်လှမျိုး၊ မောင်ညိုအေး၊ အေးခ၊ (၄၂) Convases Miniatures volume II – K၊ (၄၃) လောင်းကစား ဥပဒေ - ကျော်မောင်မောင်၊ (၄၄) ကုန်းမှာမြွေပွေး ထောင်မှာစိန်ဌေးနှင့် အခြား ဆောင်းပါးများ စုစည်းမှု - ဧရာမောင်၊ (၄၅) စက္ခုအာရုံ - မြန်မာ့အသံကျော်မင်း၊ (၄၆) လွယ်လွယ်နဲ့ အရှုံးမပေးကြ ပါနဲ့ လက်သံထူးခြား စိန်ဒူးဝါး၊ (၄၇) ကမ္ဘာကျော်စာဆိုတော်ကြီးများ - မောင်သိန်းလွင်၊ (၄၈) အတွေး ရသစာစုများ - ဗိုလ်ကလေးတင့်အောင်၊ (၄၉) ငြိမ်းချမ်းရေး အနုပညာရှင် ပါဘလိုပီတာဆို - မျိုးမင်းရန်အောင် (မြန်မာပြန်)၊ (၅၀) မစိမ်းပင်ကဗျာများ - မစိမ်းပင်၊ (၅၁) အေတီအမ်နှင့် ခေတ်သစ်ဘဏ် လုပ်ငန်းဆိုင်ရာ ပေးချေမှုစနစ်များ - လွင်မောင်မောင်လွင်၊ (၅၂) လူတိုင်းအတွက် အိမ်ခြံမြေလမ်းညွှန် (ဒုတိယ) တွဲ - ဇော်မြင့်ဦး (GFOG)၊ (၅၃) ဒီကင်ရွန် - ခင်မောင်ကြီး၊ (၅၄) ဖန်ဆင်းရှင်ပျောက်ဆုံးနေသောအ၀နှင့် သုတ - ရသ ဆောင်းပါးများ - မြေပုံဆရာတော်၊ (၅၅) သမိုင်းထဲက အကောင်းအဆိုး - ဒေါက်တာသန်းထွန်း (ရွှေဘို)၊ (၅၆) ပါတီပွဲမှာခင်းကျင်းမယ့် ဟင်းလျာများ - ဝင်းဝင်းလှိုင် (မြန်မာပြန်)၊ (၅၇) ခုနှစ်သံချီကဗျာများ - ကလောင်စုံ၊ (၅၈) ကြယ်ပန်းပွင့်များ - ဝိုင်ချို၊ (၅၉) ခဏလူများကဗျာစုစည်းမှု - ကလောင်စုံ၊ (၆၀) လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနဆိုင်ရာ အက်ဥပဒေ၊ ဥပဒေနှင့် နည်းဥပဒေများစုစည်းမှု ၁၈၆၄ မှ ၂၀၁၆ (မြန်မာ၊ English) - ဥပဒေသုတေသီခင်ဝင်းမြင့်၊ (၆၁) ညီမလေးသို့ပေးစာများ - ဟမ်စိုင်း (ဆေး-မန်း)၊ (၆၂) ခေါင်းဆောင်ကောင်းဆိုတာ - မြတ်ငြိမ်း၊ (၆၃) ကြိုးစင်ပေါ်က ဒေါက်ဖြုတ်သမား - ဇေယျမင်းသျှင်၊ (၆၄) ဘီလျံဒေါ်လာစပိုင် - အေးထွန်းမင်း၊ (၆၅) ခေါင်းဆောင်မှုစိတ်ကူးကောင်း ၁၀၀ - တော်ကောင်းမင်း၊ (၆၆) စာရေးဆရာဇာတ်ညွှန်းရေးဆရာ အဖြစ်မှ ထင်ရှားခဲ့သော ဒါရိုက်တာများ - ကေမြူး၊ (၆၇) လင်းရောင်ခြည်တို့ ရင်ငွေ့လှိုင်းကဗျာ ၀တ္ထုပေါင်းစည်းမှု - ကလောင်စုံ၊ (၆၈) မြန်မာနိုင်ငံသမိုင်းစဉ်ထဲကအတ္ထုပ္ပတ္တိအဘိဓာန် (၁၉၂၀-၁၉၈၈) - သန်းထွန်း (မော်လမြိုင်)၊ (၆၉) ရခိုင်အမျိုးသားနို - ကလောင်စုံ၊ (၇၀) ကုသိုလ်ရေးလှုပ်ရှားဆောင်ရွက်မှုနှင့် ခရီးသွားမှတ်တမ်းများ - ကလောင်စုံ၊ (၇၁) ကြည်နူးဖွယ်ရာ နိကာဟ်နှင့် ချမ်းမြေ့ဖွယ် အိမ်ထောင်ရေး - မော်လနာဟာ ဖိဇ်အုဆ်မားန်မဟ်မူဒီ၊ (၇၂) အလ္လာဟ် အချစ်တော်များနှင့်တဒင်္ဂ - မော်လနာအဗ် ဒုလ္လာဟ်ဗင်န် မော်လနာအာရှိက် အီလာဟီ (ဖရ်-မဒနီ)၊ (၇၃) မငိုတတ်သူရဲ့မျက်ရည် - မိုးစက်ပွင့်၊ (၇၄) အမုန်းတိမ်သင့် လွမ်းနေရင့် - ကြယ်စင်မှူးဝေ၊ (၇၅) ရင်ခွင်သမုဒ္ဒရာ - သျှင်မ၊ (၇၆) မြတ်နိုးစွာနမ်းရှိုက်ခွင့်ပြုပါ သခင် - ရှင်မြတ်နိုး၊ (၇၇) နန်းတော်ရှင်မင်းသမီးနှင့် အခြားပုံပြင်များ - ဟန်နီဦး၊ (၇၈) အသားမစားဘီလူးကြီးနှင့် အခြားပုံပြင်များ - ကိုကိုလှ (ကမာမြေ)၊ (၇၉) ရွှေဂျိုးဖြူမင်းသားလေးနှင့်အခြားပုံပြင်များ - ဟန်နီဦး၊ (၈၀) ဗုဒ္ဓနှင့်ရဟန္တာများ - ဦးစိန်လှိုင် (မဟာဝိဇ္ဇာ)၊