၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက် ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Website တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၃၀) တွင် စာအုပ် (၁၃) မျိုး ထပ်မံရရှိခဲ့ပါ သည်။ ယင်းစာအုပ် စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) ပန်းသီကြိုးနဲ့ ပန်းကုံးဆင် - အေးငွေ၊ (၂) အမေ့နှစ်တစ်ရာပြည့်မွေးနေ့နှင့် အခြား၀တ္ထုတိုများ - မင်းလှကြိုင် (ချောင်းဆုံ)၊ (၃) ငှက်တို့၏တေး - ဝင့်ပြုံးမြင့်၊ (၄) လမ်းထိပ်ကဘိုလင်မယားနှင့် အခြား၀တ္ထုတိုများ - မောင်အောင်မွန်၊ (၅) လိုအပ်နေသောရေဥပဒေ - ဒေါက်တာခင်မောင်လွင်၊ (၆) ဆုံးဆည်းခဲ့ရသော တစ်ခါက ပန်ထွာဘုရင်မ - သန်းထွန်း (ရေနံ)၊ (၇) မြန်မာအစ …. မြန်မာက - ဒေါက်တာခင်မောင်လွင်၊ (၈) ၂၁ ရာစုတစ်လွှားလူသားအကျိုးပြု၍ ချမ်းသာ အောင်မြင်လာသူများ - ကျော်ကျော်လှိုင်၊ (၉) မဇ္ဈိမပြတိုက် - နွယ်ဦးလှိုင်၊ (၁၀) တိုင်းရင်းသား တို့၏ရိုးရာ အယူအဆများနှင့် ဂမ္ဘီရနယ်ပယ် - ဆရာဟိမ၀န္တာ၊ (၁၁) သေမင်းတမန်လမ်း၀ရှိ ရှေးမြို့ဟောင်း ဝါခရူ၏ သမိုင်းရုပ်ကြွင်းပုံရိပ်များ - နန္ဒာမောင် (သံဖြူဇရပ်)၊ (၁၂) လူနှင့် ကိုယ်ကျင့်၊ ကိုယ်ကျင့် နှင့်သိက္ခာ၊ သိက္ခာနှင့်လူ လူငယ်အကျိုးပြု အတွေးအမြင်ဒဿန ဆောင်းပါးများ - မနွယ် (ကလော)၊ (၁၃) ဆိုသောစကား ချစ်ခြင်းဖြင့်သာ ကြားစေသား ရသ၀တ္ထုတိုများ - ပန်းငုဝါဝါ