၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေ ဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ် နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက် ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Website တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၃၀) တွင် စာအုပ် (၁၄) မျိုး ထပ်မံရရှိခဲ့ ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) အတိတ်အကြောင်း ဟောင်းသည်မရှိ - ထွန်းတောက်၊ (၂) ငါတို့ အနောက်တံခါး - ဖိုးကျော့၊ (၃) မချစ်ဖူးပေမယ့် အချစ်ဦးတော့ဖြစ်ချင်တယ် - ဒေါက်တာဘမော် (ဆေး-မန်း)၊ (၄) အမျိုး ဘာသာ သာသနာ ကဗျာစုများ - ဓမ္မာစရိယလွှမ်းအောင်၊ (၅) ဆည်းဆာပျိုနှင့် ကခုန်ခြင်း ကဗျာများ - လင်းခန့်၊ (၆) တစ်ကမ္ဘာခြားသော်လည်း တိုင်တည်သစ္စာတည်မြဲလေသောအခါ - သင်းအောင်သန်း၊ (၇) မဟာနှင့် ကမ္ဘာ ရသစာပေ ကလေး၀တ္ထု - တက္ကသိုလ်မောင်အောင်ဆွေ၊ (၈) လက်ရွေးစင် ကဗျာ ၁၀၀ - တောသားကြီးလူနိုင်၊ (၉) ဘ၀လက်တွဲဖော်အစစ် ပရိုဘိုင်အိုတစ် - ဒေါက်တာ ခင်မောင်လွင် (FAME)၊ (၁၀) ရှင်မွေးလွန်း မင်းနန္ဒာနှင့် အခြားကဗျာများ - အံ့မောင်၊ (၁၁) ပန်းညိုပြာဗေဒါလမ်း တက်ရေကကြမ်း - ကာတွန်း ကြည်ဝင်း၊ (၁၂) ကဗျာဆရာ မြန်မာပြည် တောင်ဘက်မှာနေသည် - သင်းစည်၊ (၁၃) The Earliest Religious Buildings Discovered at the Ancient city of wadee, Myanmar – Ko Myo (Arimaddana)၊ (၁၄) ပေါင်းနှင့် ပေါင်းသတ်ဆေး စပါးခင်း၊ ပေါင်းနှင့် ပေါင်းသတ်ဆေး သုံးစွဲနည်းများ - ကောင်းမှန်-ကံမြင့်