၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့်ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်း စာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက် ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Website တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၇ ခုနှစ် စင်တင်ဘာလ (၁၄) တွင် စာအုပ် (၈) မျိုး ထပ်မံရရှိခဲ့ပါ သည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) နွေးသီးအပါအဝင် လက်ဆောင်အတွေးပါးပါး ရသစာစုများ - ကိုပေါက် (မန္တလေး)၊ (၂) ကုသိုလ်အမျိုးမျိုးအကျိုးအနန္တ၊ မဂ္ဂင်ရှစ်ရပ်အကျင့်မြတ်၊ ရဟန္တာဖြစ်ချင်သရဏဂုံဆင်၊ ဇိုးသမား နှင့် သရဏဂုံတရားတော် - ဦးဇင်းဦးသောဘဏ၊ (၃) ခရေလေးတွေးမွှေးပါစနှင့် အခြားရသ ၀တ္ထုတိုများ - အရှင်ကောသလ္လ (ရေဦး)၊ (၄) ကိုယ့်တွေ့သူနာပြုဘ၀အတွေ့အကြုံများ - ဒေါ်ကြူကြူဝင်း (သူနာပြုတက္ကသိုလ်- ရန်ကုန်)၊ (၅) ကောင်းကင်ဘုံတို့ အကြောင်း - ဓမ္မာစရိယ လွှမ်းအောင်၊ (၆) မြန်မာနိုင်ငံနှင့်အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ခြင်းများ - ဓမ္မာစရိယလွှမ်းအောင်၊ (၇) တို့ကမ္ဘာနှင့်သိစရာများ - ကပ္ပတိန်သာစိန်၊ (၈) သစ်ရွက်တွေကား စင်တင်ထားတဲ့ကမ္ဘာ - အေကေဆောင်း