၂ဝ၁၆ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် အတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ၀တ္ထုရှည် အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၁၇ ခုနှစ် ဩဂုတ်လ ၁၈ ရက် နံနက် ၁၀:၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
၀တ္ထုရှည် အဖွဲ့ငယ် အတည်ပြုအဆင့် အစည်းအဝေးသို့ ဒေါ်ချိုချိုတင် (မစန္ဒာ)၊ ဦးမောင်မောင်ဦး (သန်လျင်မောင်မောင်ဦး)၊ ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ ဦးသိန်းစိုး (သီဟရတာနာ) တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ၀တ္ထုရှည် အတည်ပြုအဆင့် စာမူများ စိစစ်ဖတ်ရှုနေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။