ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူးကျင်းပသော ရုပ်သေးရုပ်ကပွဲဖြင့် ဧည့်ခံဖျော်ဖြေခြင်းနှင့် ရုပ်သေးရုပ်ကပွဲသဘင်အကြောင်း ကျွန်တော်/ ကျွန်မတို့အမြင် ခေါင်းစဉ်ဖြင့် လျှပ်တစ်ပြက် နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရုံး၊ စုပေါင်း အစည်းအဝေးခန်းမတွင် ၅-၄-၂၀၁၇ ရက် ဗုဒ္ဓဟူး၌ နံနက် ၁၀:၀၀ နာရီမှ ညနေ ၃:၀၀ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ၊ ပြိုင်ပွဲ၀င် ကလေးငယ်များနှင့် မိဘများ၊ အမက(၆) ကျောက်တံတားမှ ပညာရေးမှူး၊ ကျောင်းအုပ် ကြီးနှင့် ဆရာ၊ ဆရာမများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သတင်း မီဒီယာများ စုစုပေါင်း (၁၅၅) ဦး တက်ရောက်ခဲ့ကြပါသည်။
နှုတ်မှုစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းပေါင်းစုံမှ လာရောက်ယှဉ်ပြိုင်သူ (၁၆) ဦးရှိပြီး အထက(၁) ဒဂုံမှ စတုတ္ထတန်းဖြေဆိုထားသူ မဆုမြတ်ရတနာက ပထမဆု၊ အထက (၅) ဒဂုံမြို့သစ်အရှေ့ပိုင်းမှ၊ ပဉ္စမတန်းဖြေဆိုထားသူ မသော်တာလင်းထက်က ဒုတိယဆု၊ အမက (၆) ကျောက်တံတားမှ၊ စတုတ္ထတန်း ဖြေဆိုထားသူ မောင်ရဲရင့်အောင်က တတိယဆု၊ အမက (၆) ကျောက်တံတားမှ၊ စတုတ္ထတန်းဖြေဆိုထားသူ မထက်ဧကရီအောင်က စတုတ္ထဆု၊ အမက(၁) အင်းစိန်မှ ဒုတိယတန်း ဖြေဆိုထားသူ မပန်းရတီကျော်က ပဉ္စမဆု၊ အထက ကျောက်တံတားမှ ဆဋ္ဌမတန်းဖြေဆိုထားသူ မယွန်းနဒီခိုင်က နှစ်သိမ့်ဆု (၁)၊ အထက ကျောက်တံတားမှ ဆဋ္ဌမတန်းဖြေဆိုထားသူ မောင်မင်းခန့်အောင်ခိုင်က နှစ်သိမ့်ဆု(၂) အသီးသီး ရရှိခဲ့ကြပါသည်။
ပထမဆု-၄၀၀၀ဝိ/-၊ ဒုတိယဆု-၃၅၀၀ဝိ/-၊ တတိယဆု-၃၀၀၀ဝိ/-၊ စတုတ္ထဆု-၂၅၀၀ဝိ/-ပဉ္စမဆု-၂၀၀၀ဝိ/-၊ နှစ်သိမ့်ဆု-၁၀၀၀ဝိ/-နှုန်း ဆုချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများကို နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ပါသည်။
နှုတ်မှုစွမ်းရည်ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် သင်္ဃန်းကျွန်းမြို့နယ် အောင်ရတနာကံဝင်းကျောင်းမှ ဆရာတော်ဦးနာရဒက ငွေကျပ်တစ်သိန်း ခုနစ်သောင်း၊ လှိုင်မြို့နယ် (၁၁) ရပ်ကွက်၊ စံပယ်ခြံ(၃) လမ်းနေဦးရဲဝင်းနှင့် ဦးရဲဝေ (မြန်မာစာ) က ငွေကျပ်နှစ်သိန်းနှစ်သောင်း၊ စမ်းချောင်းမြို့နယ်၊ ညောင်တုန်းလမ်း၊ အိမ်အမှတ် (၅၁)နေ ဒေါ်၀င်းသန္တာက ငွေကျပ်ငါးသောင်းတို့ကို စေတနာ ထက်သန်စွာ လှူဒါန်းခဲ့ရာပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က လက်ခံရယူပြီး အလှူရှင်များနှင့် မေတ္တာစေတနာထက်သန်စွာဖြင့် ရုပ်သေးရုပ်အကဖြင့် ဖျော်ဖြေပေးသော စိမ်းလန်းစိုပြေ ရုပ်သေးရုပ်အကအဖွဲ့တို့အား ဒုတိယညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင်ဂုဏ်ပြုလွှာ မှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ပါသည်။
နှုတ်မှုစွမ်းရည်ပြိုင်ပွဲ အခမ်းအနားအပြီးတွင် ပြိုင်ပွဲတွင်ဆုရကလေးများ၊ အကဲဖြတ် အမှတ်ပေး ဒိုင်များနှင့် အလှူရှင်များစုပေါင်း၍အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။