ဘာသာပြန်စာပေစာတမ်းဖတ်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဘာသာပြန် စာပေစာတမ်း ဖတ်ပွဲ ဖြစ်မြောက်ရေးကော်မတီ ပထမအကြိမ် အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ နံနက် (၁၀:၀၀) နာရီက သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ရန်ကုန် (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
ယင်းအစည်းအဝေးသို့ ဥက္ကဋ္ဌ စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဒုတိယဥက္ကဋ္ဌ (၃) ဒေါက်တာ မောင်မောင်စံ (ကြည်မင်း) နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးဝင်းထွန်း (မောင်ဝင့်သူ)၊ ဦးအေးမောင် (အေးမောင်ကျော်)၊ ဦးကျော်ဦး (ကျော်ဦး)၊ ဒေါ်ခင်ဖုဏ်းရည် (နတ်မောက်-အနီချို)၊ ဦးရဲထွဋ် (သန်လျင်မောင်ဝင်းဝါ)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦသန်းအုန်း (မောင်ဇေယျာ)၊ ဦးရဲနိုင်အောင် (ကို၀)၊ ဦးမင်းတင် (မင်းတင်)၊ ဦးရဲမြင့်ကျော် (ရဲမြင့်ကျော်)၊ ဦးအောင်သန်း (မင်းခန့်ရွှေ)၊ ဦးခင်မောင်စိုး (မောင်သာမည) တို့က တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် စာတမ်းဖတ်ကြားမည့်သူများဖိတ်ခေါ်ရေး၊ စာတမ်းနယ်ပယ်သတ်မှတ်ရေး စသည်တို့ကို အသေးစိတ် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နံနက် (၁၂:၁၅) နာရီတွင် ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိပါသည်။