• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

စာကြည့်တိုက်

  1. TAGGED AS
  2. စာကြည့်တိုက်
''ပညာဘဏ်တိုက် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်''

''ပညာဘဏ်တိုက် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်''

26-Jul-2019
စာပေဗိမာန်, စာကြည့်တိုက်,
SPBM

ပြည်သူလူထုအကျိုးရှိစေမည့် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်ကို အမှတ် ၅၂၉/၅၃၁၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ် စာပေဗိမာန်ရုံး အဆောက်အအုံ၌ ၁၉၅၆ ခုနှစ်၊ မတ်လ (၁၃) ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

''အမှောင်ခွင်း၍အလင်းဆောင်အံ့'' ဟူသောဆောင်ပုဒ်သည် စာပေဗိမာန်၏ဆောင်ပုဒ်ဖြစ်သည်။ ထိုဆောင်ပုဒ်အတိုင်း ပြည်သူပြည်သားများ အသိပညာတိုးပွားစေရန်နှင့် မြန်မာစာပေဖွံ့ဖြိုးရေးလုပ် ငန်းတွင်အထောက်အကူဖြစ်စေရန် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်သည်လည်း ကဏ္ဍတစ်ခု အနေဖြင့် ပါ၀င်လျက်ရှိပါသည်။

စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်၏ ရည်ရွယ်ချက်မှာ ပြည်သူတို့ဗဟုသုတဖြစ်စေရန်နှင့် စာဖတ် အလေ့အကျင့် တိုးပွားစေရန်လည်းကောင်း၊ အတွေးအခေါ်ရင့်သန်လာ၍ ဥာဏ်အမြော်အမြင် ကြီးမား လာစေရန်လည်းကောင်း၊ ပြည်သူပြည်သားကောင်းများ ပေါ်ထွက်လာစေရန်လည်းကောင်း၊ ရည်ရွယ်လျက် ပြည်သူ့စာကြည့်တိုက်နှင့်အညီ သုတရသစာအုပ်မျိုးစုံကို စုဆောင်းထိန်းသိမ်းပြီး ၀န်ဆောင်မှုပေးလျက်ရှိသည်။

သုတရသ မြန်မာစာအုပ်စုစုပေါင်း (၆၁၆၈၄) အုပ်၊ အင်္ဂလိပ်စာအုပ် (၂၃၀၆၆) အုပ်တို့၏ ဒေတာ ကက်တလောက်များကို Electronic Library Management System ဖြင့် ချိတ်ဆက်ထည့်သွင်း ထားသည်။ ထို့အပြင် ပညာရပ်ဆိုင်ရာ  စာအုပ် (၂၀၀၀၀) ကျော်ကိုလည်း Local Network ချိတ်ဆက်ထားသဖြင့် စာကြည့်တိုက်အတွင်း ဖတ်ရှုနိုင်စေရန်နှင့် အင်တာနက် wifi အခမဲ့အသုံးပြု ခွင့်ကိုလည်း စီစဉ်ဆောင်ရွက်ပေးထားသည်။ စာနယ်ဇင်းမျိုးစုံနှင့် နေ့စဉ်သတင်းစာမျိုးစုံတို့ကို ဖတ်ရှု နိုင်ရန်၀န်ဆောင်မှုပေးလျက်ရှိသည်။

သမားရိုးကျ ကက်တလောက်စနစ်နှင့် Electronic စနစ်နှစ်မျိုးစလုံးဖြင့် စာဖတ်သူများလိုအပ်သော အကြောင်းအရာ၊ အချက်အလက်၊ စာအုပ်စာတမ်း များကို အချိန်တိုတိုအတွင်း လျင်မြန်စွာရှာဖွေ ငှားရမ်း ဖတ်ရှုနိုင်ရန်နှင့် ကျောင်းသူ ကျောင်းသားများ၊ စာတမ်းပြုစုသူများ၊ သုတေသနပြုသူ စာပေသုတေသီများအတွက် ခိုင်မာသောအကိုးအကားများ အသုံးပြုနိုင်စေရန် ရည်ညွှန်းစာအုပ်များကိုလည်း အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေပြီး လိုအပ်သော အစိတ်အပိုင်းများကို မိတ္တူကူးယူခွင့် ၀န်ဆောင်မှုပေးလျက်ရှိပါသည်။

ကလေးသူငယ်များ စာဖတ်အလေ့အကျင့်ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်လာနိုင်စေရန် ကလေးစာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ထားရှိပါသည်။

စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်ရှိ သုတရသစာအုပ်များကို ငှားရမ်းဖတ်ရှုမည်ဆိုပါလျှင် စာကြည့်တိုက်အငှားကတ် ပြုလုပ်ရမည်ဖြစ်ပြီး အသင်း၀င် လျှောက်လွှာပုံစံနှင့်အတူ နိုင်ငံသားစိစစ်ရေး ကတ်မိတ္တူ(၁)စောင်၊ လိုင်စင်ဓာတ်ပုံ (၂)ပုံဖြင့် အသင်း၀င်နိုင်ပါသည်။

စာကြည့်တိုက်ဖွင့်လှစ်ချိန်ကို တနင်္လာနေ့ မှ သောကြာနေ့အထိ နံနက် ၉ : ၃၀ နာရီ မှ ညနေ ၄ : ၀၀ နာရီအထိ လည်းကောင်း၊ စနေနေ့တွင် နေ့လယ် ၁၂ : ၀၀ နာရီမှ ညနေ ၃ : ၀၀ နာရီအထိ လည်းကောင်း ဖွင့်လှစ်ထားလျက်ရှိရာ စာပေမြတ်နိုးသူများအနေဖြင့် လာရောက်ဖတ်ရှု လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။


        




related topics

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

26-Jul-2019
စာပေဗိမာန်, စာကြည့်တိုက်,
SPBM

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

26-Jul-2019
စာပေဗိမာန်, စာကြည့်တိုက်,
SPBM

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

26-Jul-2019
စာပေဗိမာန်, စာကြည့်တိုက်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ရွှေသွေး
  • ပုံနှိပ်ရေး
  • ပြိုင်ပွဲများ
  • ပြည်သူ့လက်စွဲစာစဉ်
  • စာအုပ်များ
  • စာမူများ
  • စာပေရေချမ်းစင်
  • စာကြည့်တိုက်
  • သုတပဒေသာစာစောင်
  • စာပေဗိမာန်
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman