• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

စာကြည့်တိုက်

  1. TAGGED AS
  2. စာကြည့်တိုက်
“ရွှေသွေးအရွယ်ချစ်စဖွယ် ကဗျာရွတ်ဆိုပြိုင်ပွဲ” ကျင်းပပြီးစီးကြောင်း

“ရွှေသွေးအရွယ်ချစ်စဖွယ် ကဗျာရွတ်ဆိုပြိုင်ပွဲ” ကျင်းပပြီးစီးကြောင်း

26-Jan-2018
စာပေဗိမာန်, စာကြည့်တိုက်,
SPBM

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူးကျင်းပသော“ရွှေသွေးအရွယ်ချစ်စဖွယ်ကဗျာရွတ်ဆိုပြိုင်ပွဲ”ကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း၊ စာပေဗိမာန်ရုံး၊ စုပေါင်းအစည်းအဝေးခန်းမတွင် ၂၅-၁ -၂၀၁၈ ရက် (ကြာသပတေးနေ့) နံနက် (၁၀)နာရီမှ နေ့လယ်(၁၂:၀၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ စာတည်းမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူး (အရောင်း)၊ အရာထမ်း၊ အမှုထမ်းများ၊ ဆရာ/ဆရာမ များ ပြိုင်ပွဲဝင်ကလေးငယ်များနှင့် မိဘများ၊ အလှူရှင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သတင်းမီဒီယာများ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းပေါင်းစုံမှ လာရောက်ယှဉ်ပြိုင်သူ (၂၉)ဦးရှိပြီး အထက(၄)ဗိုလ်တထောင်  ဒုတိယတန်းမှ မအေးမြင့်မြတ်နှင့်အဖွဲ့ (၄)ဦးက “သွေးချင်းတို့မြေ” ကဗျာခေါင်းစဉ်ဖြင့် ပထမဆု၊ အမက (၆)ကျောက်တံတားမြို့နယ်  စတုတ္ထတန်းမှ မနန်းကေဇင်သော်က “တို့ပြည်ထောင်စု” ကဗျာခေါင်းစဉ်ဖြင့် ဒုတိယဆု၊ အထက(၅) ဗိုလ်တထောင်မြို့နယ် တတိယတန်းမှ မောင်တေဇအောင်နှင့်အဖွဲ့ (၃)ဦးက “တို့ပြည်ထောင်စု” ကဗျာခေါင်းစဉ်ဖြင့် တတိယဆု၊ အမက (၆) ကျောက်တံတား တတိယတန်းမှ မောင်ဟန်ထူးဇော်က “တို့ပြည်ထောင်စု” ကဗျာခေါင်းစဉ်ဖြင့် နှစ်သိမ့်ဆု(၁)၊ အမက (၆) ကျောက်တံတား စတုတ္ထတန်းမှ မောင်ရှင်းသန့်လင်းက “စုပေါင်းအားနဲ့ ပြည်ထောင်စု” ကဗျာခေါင်းစဉ်ဖြင့် နှစ်သိမ့်ဆု (၂) အသီးသီး ရရှိခဲ့ကြပါသည်။

ပထမဆု- ၃၀၀၀ဝိ/-၊ ဒုတိယဆု ၂၅၀၀ဝိ/-၊ တတိယဆု ၂၀၀၀ဝိ/-၊ နှစ်သိမ့်ဆု ၁၀၀၀ဝိ/- နှုန်း ဆုချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ ပါသည်။

အဆိုပါကဗျာရွတ်ဆိုပြိုင်ပွဲဖြစ်မြောက်ရေးအတွက် သင်္ဃန်းကျွန်းမြို့နယ်၊ အောင်ရတနာ ကံဝင်းကျောင်းမှ ဆရာတော်ဦးနာရဒက ငွေကျပ် ကိုးသောင်းငါးထောင်နှင့် လက်တင်ပါ ပလပ်စတစ်ထိုင်ခုံ အလုံး (၂၀)၊ လှိုင်မြို့နယ် (၁၁) ရပ်ကွက်၊ စံပယ်ခြံ-၃ လမ်းနေ ဦးရဲဝင်းနှင့် ဦးရဲဝေ (မြန်မာစာ) တို့က ငွေကျပ်တစ်သိန်း၊ စမ်းချောင်းမြို့နယ် ညောင်တုန်းလမ်း၊ အိမ်အမှတ် (၅၁)နေ ဒေါ်ဝင်းသန္တာဦးကငွေကျပ်ငါးသောင်းနှင့် ကျပ်တစ်သိန်း တစ်သောင်းတန် ရေအေးစက်၊ ဇီဇဝါကုမ္ပဏီ လီမိတက်မှ ဦးကျော်မင်းက ငွေကျပ် နှစ်သောင်းတို့ကို စေတနာထက်သန်စွာ လှူဒါန်းခဲ့ရာ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးမှ စာတည်းမှူးက လက်ခံရယူပြီး အလှူရှင်များအား ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင် ဂုဏ်ပြုလွှာ မှတ်တမ်း ပြန်လည် ပေးအပ်ခဲ့ပါသည်။

ကဗျာရွတ်ဆိုပြိုင်ပွဲ အခမ်းအနားအပြီးတွင် ပြိုင်ပွဲတွင်ဆုရကလေးများ၊ အကဲဖြတ်အမှတ်ပေး ဒိုင်များနှင့် အလှူရှင်များစုပေါင်း၍ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။




related topics

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

26-Jan-2018
စာပေဗိမာန်, စာကြည့်တိုက်,
SPBM

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

26-Jan-2018
စာပေဗိမာန်, စာကြည့်တိုက်,
SPBM

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

26-Jan-2018
စာပေဗိမာန်, စာကြည့်တိုက်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာကြည့်တိုက်
  • ပုံနှိပ်ရေး
  • စာပေဗိမာန်
  • ရွှေသွေး
  • အရောင်းဌာန
  • ပြည်သူ့လက်စွဲစာစဉ်
  • စာမူများ
  • စာပေရေချမ်းစင်
  • သုတပဒေသာစာစောင်
  • စာအုပ်များ
books
  • ¬၁၀ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၉) ထွက်ရှိ

    09-May-2025
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

    05-May-2025
  • စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုရှည် ပထမဆုရရှိသည့် စာရေးသူ ညိမ်းညို၏ ‘စာမျက်နှာတချို့’ စာအုပ်ကို ဖြန့်ချိ

    05-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman