• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

အရောင်းဌာန

  1. TAGGED AS
  2. အရောင်းဌာန
စာဖတ်သူများအတွက် သုတ ရသ အလင်းဆောင်နေသည့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်

စာဖတ်သူများအတွက် သုတ ရသ အလင်းဆောင်နေသည့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်

27-Aug-2019
စာပေဗိမာန်, အရောင်းဌာန,
SPBM

စာပေဗိမာန် စာအုပ်အရောင်းဆိုင်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်အဆောက်အအုံ (ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်) မြေညီထပ်တွင် ဖွင့်လှစ်ထား ရှိပါသည်။

အမှောင်ခွင်း၍ အလင်းဆောင်အံ့ဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်သူများအသိပညာ ဗဟုသုတ တိုးပွားစေရန် ရည်သန်ဖွဲ့စည်းခဲ့သည့် စာပေဗိမာန်အဖွဲ့ အနေဖြင့် ကလေးသူငယ်၊ လူငယ်လူကြီး အရွယ်သုံးပါး သုတ ရသ ခံစားနိုင်ရေးအတွက် မြန်မာ့စွယ်စုံကျမ်း (အတွဲ ၁ မှ အတွဲ ၁၅)၊ မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်၊ ပြည်သူ့လက်စွဲစာစဉ်၊ ရွှေသွေးဂျာနယ်၊ သုတပဒေသာစာစောင်တို့ကို ထုတ်ဝေဖြန့်ချိခဲ့ပြီး ယနေ့ထက်တိုင် ပြုစုထုတ်ဝေဆဲဖြစ်သည်။

အဆိုပါစာပေဗိမာန်ထုတ်စာအုပ်များကို ပြည်သူများလက်ဝယ်သို့ ပိုမိုပျံ့နှံ့ရောက်ရှိစေရန် စာပေဗိမာန် အရောင်းဆိုင်ကို အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ စာပေဗိမာန်အဆောက်အအုံ မြေညီထပ်တွင် ဖွင့်လှစ်ရောင်းချခဲ့ပါသည်။ စာအုပ် အမျိုးအစားစုံလင်စွာ ဝယ်ယူဖတ်ရှုနိုင်ရေး ရည်ရွယ်၍ စာပေဗိမာန်ထုတ် စာအုပ်များနည်းတူ ပြင်ပစာပေတိုက် (၇၀၀) ကျော်မှ ထုတ်ဝေဖြန့်ချိသည့် စာအုပ်များကိုပါ ဆိုင်တွင်ရောင်းချလျက်ရှိပါသည်။

စာဖတ်သူများအနေဖြင့် မိမိစိတ်ကြိုက် စာအုပ်၊ စာပေအမျိုးအစားများကို လွယ်လင့်တကူ ရွေးချယ်ဝယ်ယူနိုင်ရန် အတ္ထုပ္ပတ္တိစာပေ၊ ဘာသာပြန်စာပေ၊ နိုင်ငံရေး၊ ဘာသာရေး စသည့် စာပေအမျိုးအစားများ ခွဲခြား၍ စင်တင်ရောင်းချလျက်ရှိပါသည်။

၎င်းအပြင် စာပေတိုက်များမှ ပေးပို့ရောင်းချလာသည့် စာအုပ်စာရင်း၊ အသစ်ရောက်ရှိသည့် စာအုပ်စာရင်းများကို e-Catalogue စာရင်းထားရှိသည်ဖြစ်ရာ စာအုပ်ဝယ်ယူဖတ်ရှုလိုသူများ အနေဖြင့် လွယ်လင့်တကူဖွေရှာသိရှိနိုင်စေရန် ဖြစ်ပါသည်။

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံး၏ e-service တစ်ရပ်အနေဖြင့် စာပေဗိမာန် ဝက်ဘ်ဆိုက် www.sarpaybeikman-pol.gov.mm/ppd ဖွင့်လှစ်ကာ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ပြည်သူများ အချိန်နှင့်တစ်ပြေးညီသိရှိရန် သတင်းလွှင့်တင်လျက်ရှိရာ စာပေဗိမာန်စာအုပ်အရောင်းဆိုင်သို့ တစ်ပတ်အတွင်း အသစ်ရောက်ရှိ လာသော စာအုပ်စာရင်းနှင့် တစ်ပတ်အတွင်း အရောင်းရဆုံးစာအုပ်စာရင်းတို့ကိုလည်း လွှင့်တင် ထားရှိပါသည်။

စာပေဗိမာန်စာအုပ်အသင်း

စာပေဗိမာန်စာအုပ်အရောင်းဆိုင်နှင့် အလှမ်းဝေးကွာသည့်ဒေသမှ စာဖတ်ပရိသတ်များအနေဖြင့် စာပေဗိမာန်ထုတ်စာအုပ်စာစောင်များကို အိမ်အရောက် ဝန်ဆောင်မှုစနစ်ဖြင့် ဖတ်ရှုနိုင်ရန် စာပေဗိမာန် စာအုပ်အသင်းကို တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။

ပြည်သူများအနေဖြင့် အသင်းဝင်ကြေး (၃၀၀၀) ကျပ်  ပေးသွင်းပြီး စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲ စာအုပ်များ (စာပေဗိမာန်စာမူဆုနှင့် ပခုက္ကူဦးအုံးဖေစာပေဆုရ) စာအုပ်များ၊ လစဉ်ထုတ် သုတပဒေသာ၊ နှစ်စဉ်ထုတ် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်စာအုပ်များကို မှာယူဖတ်ရှုနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

မိမိပေးသွင်းထားသည့် ငွေကြေးမှ စာအုပ်တန်ဖိုးအလိုက် ဖြတ်တောက်ပြီး ပေးသွင်းငွေကုန်ဆုံးသည့် အခါ ထပ်မံပေးသွင်းရန်အတွက်လည်း ဆော်ဩပေးလျက်ရှိပါသည်။ ရန်ကုန်မြို့တွင်းရှိ စာအုပ် အသင်းဝင်များအဖို့ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်လွှဲ၍ဖြစ်စေ ထုတ်ယူနိုင်ပြီး နယ်ဝေးမှ အသင်းဝင်များအတွက်မူ စာတိုက်မှတစ်ဆင့် ပေးပို့လျက်ရှိပါသည်။

စာပေဗိမာန်အရောင်းဆိုင်ခွဲများ

စာပေဗိမာန်စာအုပ်အရောင်းဆိုင်ကို မူလက ကုန်သည်လမ်း စာပေဗိမာန်အဆောက်အုံမြေညီထပ်တွင် သာ ဖွင့်လှစ်ထားသော်လည်း ယခုအခါ မြန်မာနိုင်ငံမြို့ကြီးများဖြစ်သည့် နေပြည်တော်နှင့် မန္တလေးမြို့တွင်ပါ တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။  အဆိုပါစာအုပ်ဆိုင်များတွင်လည်း ရန်ကုန်မြို့ရှိ စာပေဗိမာန် စာအုပ်အရောင်းဆိုင်နည်းတူ စာပေဗိမာန်ထုတ် စာအုပ်များအပြင် ပြင်ပစာပေတိုက်များမှ ထုတ်ဝေသည့် စာအုပ်များကိုပါ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။

(က)    စာပေဗိမာန်စာအုပ်ဆိုင် (နေပြည်တော်) - အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်
(ခ)    စာပေဗိမာန်စာအုပ်ဆိုင် (မန္တလေး) - ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး

ထို့နောက် ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်ရှိ စာအုပ်ဆိုင်တွင် စင်တင်ရောင်းချရာတွင် နေရာအခက်အခဲ ရှိလာသည့်အတွက် ၃၇လမ်း (အောက်) ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ရှိ စာပေဗိမာန်အဆောက်အအုံ မြေညီထပ်မှာပင် ဆိုင်ခွဲတစ်ခုကို ထပ်မံတိုးချဲ့ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။

စာအုပ်စာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များအနေဖြင့် စာအုပ်ဝယ်ယူရာတွင် လေ့လာမြည်းစမ်း ဖတ်ရှုနိုင်ရေးအတွက် စာဖတ်ရန် နေရာတစ်ခုသတ်မှတ်ထားပြီး စားပွဲ၊ ထိုင်ခုံများတွင် အေးချမ်းစွာ ဖတ်ရှုလေ့လာနိုင်ရန် စီစဉ်ထားပါသည်။ တစ်ဆက်တည်းမှာပင် စာပေဗိမာန် ပထမထပ်ရှိ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်သို့ တက်ရောက်ကာ စာကြည့်တိုက်အသင်းဝင်ပြီး ငှားရမ်းဖတ်ရှုနိုင် သကဲ့သို့ အခမဲ့လာရောက် ဖတ်ရှုနိုင်မည်လည်း ဖြစ်ပါသည်။

စာပေမြတ်နိုးသူ မိဘပြည်သူများအဖို့ ကုန်သည်လမ်းမပေါ်ရှိ ပန်းဆိုးတန်း မှတ်တိုင်မှ တစ်မိနစ်ခန့် လမ်းလျှောက်လာရုံဖြင့် ကားလမ်းတစ်ဖက်ခြမ်းရှိ စာပေဗိမာန်အဆောက်အုံကို ထင်ရှားစွာတွေ့မြင်နိုင် မည်ဖြစ်ပြီး ကုန်သည်လမ်းမဘေး မြေညီထပ်နှင့် ၃၇ လမ်းရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင် နှစ်ဆိုင်တွင် စာအုပ်စာပေ အမျိုးအစားအစုံအလင်ကို ဝယ်ယူဖတ်ရှုနိုင်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။





related topics

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

27-Aug-2019
စာပေဗိမာန်, အရောင်းဌာန,
SPBM

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

27-Aug-2019
စာပေဗိမာန်, အရောင်းဌာန,
SPBM

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

27-Aug-2019
စာပေဗိမာန်, အရောင်းဌာန,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာမူများ
  • စာအုပ်များ
  • သုတပဒေသာစာစောင်
  • စာကြည့်တိုက်
  • ပြည်သူ့လက်စွဲစာစဉ်
  • စာပေဗိမာန်
  • အရောင်းဌာန
  • စာပေရေချမ်းစင်
  • ပုံနှိပ်ရေး
  • ပြိုင်ပွဲများ
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman