• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

အရောင်းဌာန

  1. TAGGED AS
  2. အရောင်းဌာန
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ကာတွန်းပညာရှင်များ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ကာတွန်းပညာရှင်များ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

01-Aug-2019
စာပေဗိမာန်,
SPBM

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ကာတွန်းပညာရှင်များ တွေ့ဆုံပွဲအခမ်းအနားကို  ၁-၈-၂၀၁၉ ရက် နံနက် ၁၀ : ၀၀ နာရီက သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ရန်ကုန်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနနှှင့် လုပ်ငန်းတို့မှ တာဝန်ရှိသူများ၊ ကာတွန်းပညာရှင် ဆရာကြီးများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က စာပေဗိမာန်က ထုတ်ဝေဖြန့်ချိနေသည့် ရွှေသွေးဂျာနယ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ဒို့ကျေးရွာဂျာနယ်တွင် ကာတွန်းများဖော်ပြပေးနေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ဆွေက သတင်းစာများတွင် ကာတွန်းများ ဖော်ပြနေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသည့် ကာတွန်းပညာရှင်ကြီးများက စာပေဗိမာန်မှ ထုတ်ဝေဖြန့်ချိသည့် ရွှေသွေးဂျာနယ်တို့တွင် ပါဝင်ရေးဆွဲဖြစ်ခဲ့ပုံများ၊ နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် မရေးဆွဲ ဖြစ်ခဲ့ကြပုံများကိုလည်းကောင်း စာမူခနှင့် သရုပ်ဖော်ခကို ယခုထက် ပိုမို ချီးမြှင့်ပေးစေလိုမှုတို့ကို လည်းကောင်း၊ ရွှေသွေးအယ်ဒီတာအဖွဲ့နှင့် ကာတွန်းဆရာများအနေဖြင့် ရွှေသွေးဂျာနယ် အရည်အသွေးမြင့်မားရေးအတွက် နောင်အခါ ရင်းနှီးနွေးထွေးစွာ တွေ့ဆုံဆွေးနွေးလိုပါကြောင်း၊ နိုင်ငံပိုင်သတင်းစာများတွင် သရုပ်ဖော်ကာတွန်းများကို ပိုမိုဖော်ပြပေးစေလိုကြောင်း၊ ယခုကဲ့သို့ ပြည်ထောင်စုဝန်ကြီးက ရွှေသွေးဂျာနယ်နှင့် နိုင်ငံပိုင်သတင်းစာများတွင် ကာတွန်းများ ပြန်လည်ရေးဆွဲ ပေးပို့နိုင်ရေးအတွက် မိမိတို့နှင့် တွေ့ဆုံ၍  ဆွေးနွေး အကြံပြုချက် ရယူခြင်းတို့အပေါ် ဝမ်းမြောက်ပါကြောင်းတို့ကို ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပါသည်။

ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က တက်ရောက်လာသည့် ကာတွန်းပညာရှင် ဆရာကြီးများ အကြံပြုဆွေးနွေးသည့် ရွှေသွေးဂျာနယ်တွင် ကာတွန်းဖော်ပြခြင်းခံရပြီးသည်နှင့် စာမူခများ ထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း သွားမည်ဖြစ်ပါကြောင်း၊ ပုံနှိပ်အရည်အသွေးနှှင့် ပတ်သက်၍လည်း ယခုထက်ပိုမို ကောင်းမွန်သည့် ပုံနှိပ်စက်များဖြင့် ရိုက်နှိပ်ရန် စီစဉ်ထားပုံများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

ကာတွန်းဆရာကြီးတစ်ဦး အကြံပြုဆွေးနွေးသည့် ရွှေသွေးဂျာနယ် ဖြန့်ချိရောင်းချနေမှုများနှင့် ပတ်သက်၍ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (စီမံ) ဦးမောင်ဝင်းနှင့် စာပေဗိမာန်မှ လက်ထောက်ညွှန်ကြားရေးမှူး (ထုတ်လုပ်) ဒေါ်မြင့်သီတာခိုင်တို့က ပြန်လည်ရှင်းလင်း ဖြေကြားသည်။  

ထို့နောက် အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနားကို နေ့လယ် ၁၂ : ၀၅ တွင် ရုပ်သိမ်းလိုက်သည်။






related topics

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

01-Aug-2019
စာပေဗိမာန်,
SPBM

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

01-Aug-2019
စာပေဗိမာန်,
SPBM

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

01-Aug-2019
စာပေဗိမာန်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • အရောင်းဌာန
  • ပုံနှိပ်ရေး
  • စာပေရေချမ်းစင်
  • စာမူများ
  • ရွှေသွေး
  • သုတပဒေသာစာစောင်
  • အခမ်းအနားများ
  • ပြည်သူ့လက်စွဲစာစဉ်
  • စာအုပ်များ
  • စာပေဗိမာန်
books
  • ၇-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၃)ထွက်ရှိ

    09-Jun-2025
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman