၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ် ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်တွင် စာအုပ် (၁၀၀) အုပ် ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) စိတ်နေသဘောထား စုစည်းမှု (၂) - ကျော်သူဇင် (မိုင်းဖြတ်)၊ (၂) ရုပ်ပြောင်းနာမ်ခွာ မိစ္ဆာ - တြိသင်္ခ၊ (၃) မဟာတံတိုင်းကြီးဘယ်မှာလဲ - ကိုအေးမြင့် (မဟာဝိဇ္ဇာ၊ ရှေး/သု)၊ (၄) ဗုဒ္ဓရနံ့ ၀တ္ထုတိုများ - ကံထွန်းသစ်၊ (၅) လေးကျွန်းလုံးမှာ ရွာတဲ့မိုး ဖေ့စ်ဘုတ်စာများ စုစည်းမှု-၂ - ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)၊ (၆) အင်ကြင်းပွင့်မျက်ရည်စက်များ ကဗျာရှည် - လင်းဝေ (ကောလင်း)၊ (၇) ကျောင်းဆရာမှတ်တမ်း - တင်ညွန့်၊ (၈) ဘ၀လမ်းက မှတ်တမ်းလေး - ကြည်ပြာမိုးပွင့်၊ (၉) ပွင့်သောပန်းတိုင်းမွှေးစေချင် - ဗိုလ်ဝင်းစိန် (ဗလ-အမှတ်-၈၁)၊ (၁၀) သခင်ကိုယ်တော်မှိုင်း - Quality အယ်ဒီတာအဖွဲ့၊ (၁၁) မြောက်ကိုရီးယား၏ တတိယအာဏာရှင် ကင်ဂျုံအွန် - Quality အယ်ဒီတာအဖွဲ့၊ (၁၂) ပိုးလမ်းမနှင့် နာလန်ထ မြန်မာနိုင်ငံ - ကိုလေး (၇၄)၊ (၁၃) မိန်းကလေးများသို့ မေတ္တာစကား - ပုညခင်၊ (၁၄) သခင်ဗဟိန်းနှင့် ၁၀၀ ပြည့် အမှတ်တရ စာစုများ - မောင်နွေထက်၊ (၁၅) ''ဆေးပညာရှင်များအတွက် အဖိုးတန်ရွှေစကားများ'' - ဒေါက်တာလှဖေ၊ (၁၆) ကဗျာဖန်တီးသူတို့နှင့် ဂီတ/ရုပ်ရှင် ဖန်တီးသူ တို့၏ ကဗျာခံစားမှုများ - ကောင်းကင်များ၊ (၁၇) ကွယ်လွန်သူများအတွက် ဆောင်ရွက်ရမည့် ကျင့်ဆောင်မှုများ - မော်လဝီမှ ဟမ္မဒ်အိရ်ဖွါန်း (ကရ်ဝါ) အဆ်အဒီ၊ (၁၈) ကုဋေတစ်သန်းတန်တဲ့ခြေလှမ်း - ဆရာဇော်လင်းအောင်၊ (၁၉) သင့်ရဲ့ အချိန်ရောက်ပြီ - ကျော်သူဇင် (မိုင်းဖြတ်)၊ (၂၀) ဘုရားသခင်အတွက် ခက်လွန်းတဲ့ အရာမရှိပါ - ကျော်သူဇင် (မိုင်းဖြတ်)၊ (၂၁) သမိုင်းကပြောသော အံ့ဖွယ်ဇာတ်လမ်း ၁၀၀ - အောင်လှိုင် (မြန်မာပြန်)၊ (၂၂) မြန်မာ့အမျိုးသမီးရေးရာ ဆောင်းပါးများ - နီမော်၊ (၂၃) HR Business Partner ရှုထောင့်မှ ဘွဲ့လက်မှတ်များသို့အမြင်နှင့် အခြားဒဿနများ - ဒေါက်တာထွန်းဝင်း၊ (၂၄) HR လောကမှ အနီရောင်သမုဒ္ဒရာနှင့် အပြာရောင်သမုဒ္ဒရာ - ဒေါက်တာထွန်းဝင်း၊ (၂၅) ဝိပဿနာ နှင့်ဆိုင်ရာစာစုများ - ခန္ဓာ-၅ပါးတစ်ဦး၊ (၂၆) မြန်မာ့ပင်လယ်ပြင်မှ စိန်ခေါ်မှုနှင့် အောင်မြင်မှုများ ရွှေသဘာ၀ဓာတ်ငွေ့မြေ - ဒေါက်တာ ဆုယောင်ယန်း၊ (၂၇) မြန်မာမရှိခင်က မြန်မာပြည် - မောင်မောင်မြင့်၊ (၂၈) ကမ္မဋ္ဌာနာ စရိယ၀ုဏဝိသိဋ္ဌပူဇာ မင်္ဂလာအထိမ်းအမှတ်စာစောင် - ဓမ္မမာမက သာသနာ့ရိပ်သာဆရာတော် ဘဒ္ဒန္တဣန္ဒက၊ (၂၉) တရားဥပဒေစိုးမိုးရေးအတွက် အုတ်တစ်ချပ် (သို့မဟုတ်) ဥပဒေကပေးသော ပြည်သူ့ တာဝန်နှင့်လုပ်ပိုင်ခွင့်များ - သာ၀က၊ (၃၀) ကဗျာနှင့် ၀တ္ထုတိုစုစည်းမှု - ပန်းပျိုးလက်နဲ့ လင်းတဲ့ကြယ်၊ (၃၁) ဌာခွဲစာရင်း ဘယ်လိုဆွဲမလဲ - ဦးလှကြည် (ညွှန်မှူး/ငြိမ်း) ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ (၃၂) ခွေးလှေးယားအနက်ပင်အား သိပ္ပံနည်းကျစိုက်ပျိုးခြင်း - အမျိုးသား စာပေဆုရ အောင်စိုး - စိုက်ပျိုး (၁၀၇)၊ (၃၃) ဘုရားရှိခိုး ဝတ်ရွတ်စဉ် - ဆုပြည့်စုံထွန်း အယ်ဒီတာအဖွဲ့၊ (၃၄) ပဋ္ဌာန်းပါဠိတော်နှင့် မြန်မာပြန် - ဦးခင်မောင် (ကြေး/မြေ)၊ (၃၅) ဘီလျံနာသူေဋ္ဌး အမေရိကန်သမ္မတ ထရမ့် ဘယ်တော့မှ လက်မမြှောက်အရှုံးမပေး - ဟိန်းလတ်၊ (၃၆) ဝေးဝေးထွက်ပြေးသွား ကျုံးကိုမုန်းလို့လားနှင့် ဝန်ကြီးပဒေသရာဇ၏ ကဗျာသရုပ်ဖော်စာစုများ - ခင်မြဇင်၊ (၃၇) နာကျင်ခြင်းမျက်ရည်စတွေနဲ့ - သန့်ဇော် (သန်လျင်)၊ (၃၈) မင်းအာဒမ် - သူမ၊ (၃၉) ပဒေသာပင်ဘ၀တွေထဲမှ ထန်းတောင်သူ့တဲ - ဒေဝီသန့်စင်၊ (၄၀) မွေခံထိုက်စေ မြန်မာပီသ စာဂီတအမွေ - တက္ကသိုလ်မြတ်သူ၊ (၄၁) ထိမိလှသော ဩဝါဒများ - အနော်မာ၊ (၄၂) အဖိုးမဖြတ်နိုင်တဲ့အဖွား - နတ်ရွာမိုး၊ (၄၃) စိတ်အားဖြည့်ဓမ္မဒိုင်ယာရီ - အရှင်စန္ဒိမာ (ရွှေဂန္ထဝင်)၊ (၄၄) လမ်းဘေးလိပ်ပြာနှင့် အခြား၀တ္ထုတိုများ - မောင်သစ်လှိုင်း၊ (၄၅) ၀တ္ထုရေးဆရာ - ဒဂုန်တာရာ၊ (၄၆) ရေငတ်တုန်း ရေတွင်းထဲကျတဲ့ မြန်မာပြည်နှင့် သရော်စာများ - ရန်လိုကျွဲ၊ (၄၇) မြောက်ပိုင်းစစ်ပွဲနှင့် မြန်မာပြည်ငြိမ်းချမ်းရေး - မောင်မောင်စိုး၊ (၄၈) အမတ ခရီး - အရှင်ဉာဏသာမိ (မိုးပြို-မင်းပြား)၊ (၄၉) မင်းစောမွန်ကို ဘယ်သူနန်းတင်ခဲ့သလဲ - မောင်ဗသိန်း၊ (၅၀) ရက္ခိတအမွီ (အသျှေကဗျာတိ) - လေး၀တီခိုင်ကျော်၊ (၅၁) ရန်ကုန်မြစ်၏ တစ်နေရာမဂ္ဂဇင်း ၀တ္ထုတိုများ - မိုးကျော်ဇင်၊ (၅၂) မြောက်ဦး သန်းခေါင်ယံညများနှင့် သဇင် ပုရစ်ဖူးကလေးများ (ရခိုင်ရနံ့ရသ၀တ္ထုတိုနှင့် အက်ဆေးများ) - မောင်နှင်းခိုင် (ပုဏ္ဏားကျွန်း)၊ (၅၃) ကဗျာစုစည်းမှု - မြေနုကျွန်းများ၊ (၅၄) လက်လီရောင်းချခြင်းဆိုင်ရာနည်းလမ်းများ - ဂျာကြီး (မြန်မာပြန်)၊ (၅၅) သွေးနဲ့ရေးတဲ့ခေတ်သစ်ကျွန်ပြဇာတ် - ညေး၊ (၅၆) အမေစု ပြောကြားသော ခေါင်းဆောင်မှု သဘောတရား - ဒေါက်တာထွန်းဝင်း၊ (၅၇) ရခိုင်ပြည်နယ်နေ့နှင့် လွတ်လပ်ရေးနေ့ - ကလောင်စုံ၊ (၅၈) ရူမီရဲ့ကဗျာများ - မောင်သာနိုး၊ (၅၉) လတစ်စင်း၏ ပဲ့တင်သံကဗျာများ - လင်းလက် (လခြမ်းမြေ)၊ (၆၀) ဆုံနိုင်ခွင့်သာရှိခဲ့လျှင် - မမသဒ္ဒါမောင်၊ (၆၁) အနီရောင် ပုလဲတစ်ကုံး - လွန်းထားထား (ဆေးတက္ကသိုလ်)၊ (၆၂) ဆယ်ကျော်သက်နှင့် လက္ခဏာပညာ - ဒေါက်တာဒဂုန်ခင်သဇင်၊ (၆၃) ဗုဒ္ဓဘုရားရှင်၏ ပရိတ်တော်များ - အရှင်ဉာဏိန္ဒ (ဘီအေ-သမိုင်း)၊ (၆၄) အိမ်ထောင်ပြုဘုရားတည်- ဆရာဟိမ၀န္တာ၊ (၆၅) ပိတောက်တစ္ဆေ ပိတောက်ပွင့်ဦး ပိတောက် အိပ်မက် လျှို့ဝှက်သည်းဖို ၀တ္ထုတိုပေါင်းချုပ် - မောင်သိန်းဆိုင်၊ (၆၆) ဒီးဒုတ်ဦးအချို - Quality အယ်ဒီတာအဖွဲ့၊ (၆၇) တောင်ပုလု ဆရာတော် ဘုရားကြီး ဘဒ္ဒန္တနန္ဒိယ - ဆုပြည့်စုံထွန်း (အယ်ဒီတာအဖွဲ့)၊ (၆၈) သပြေကန်ဆရာတော် ဘုရားကြီး ဘဒ္ဒန္တဝါသေဋ္ဌဘိဝံသ - ဆုပြည့်စုံထွန်း (အယ်ဒီတာအဖွဲ့)၊ (၆၉) ရွှေတိဂုံစေတီတော်ဘုရားကြီး ဘဒ္ဒန္တသုန္ဒရ - ဆုပြည့်စုံထွန်း (အယ်ဒီတာအဖွဲ့)၊ (၇၀) ဘာမှမဟုတ် တဲ့အတ္ထုပ္ပတ္တိ - ဝင်းမောင်၊ (၇၁) ကောင်းကင်ဖြိုတဲ့မြစ် - ကလောင်စုံ၊ (၇၂) အိပ်ချ်အိုင်ဗွီ၊ ဘီပိုး၊ စီပိုးဝေဒနာသည်တို့၏ ပတ်ဝန်းကျင်က လူသားများ အတွက် လူမှုရေးဆေးပညာ - ဒေါက်တာထွန်းဝင်း၊ (၇၃) ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ပါ အောင်မြင်ရေးစာစုများ (၄) - မေသင်္ကြန်ဟိန် (မြစ်မခ)၊ (၇၄) တမြတ်တနိုး - မဏိရှရီ၊ (၇၅) တလွဲမမြင်ကြနှင့် အစွဲပြင်ကြပါ - ကျော်မောင် (မြိတ်)၊ (၇၆) လျှပ်တစ်ပြက် အင်္ဂလိပ်စကားပြော - ဆရာချမ်း ဇော်ထက်၊ (၇၇) ကိုယ်တိုင်လုပ်နိုင်ငံတော် ကဗျာ၊ ဂီတ၊ ရုပ်ရှင် ဖန်တီးသူတို့၏ ခံစားမှု - ကလောင်စုံ၊ (၇၈) တောင်တန်းတွေရဲ့အလွန် - ပုညခင်၊ (၇၉) အခိုက်အတန့်များပေါင်းစပ်ခြင်း (ပန်းချီ + ကဗျာပြခန်း) - အောင်ဘုန်းမြင့်၊ ဇာဇာသီရိဟန်၊ (၈၀) ရင်ကိုသိမ်းသော ရင်ဝှက်စကား - ကလောင်စုံ၊ (၈၁) စိတ်အာဟာရများ - ကျော်ငယ် (ဘာသာပြန်)၊ (၈၂) လုပ်ဆောင်ချက် လုပ်ထုံးလုပ်နည်း အစီအစဉ် - ဟိန်းလတ်၊ (၈၃) International Business Letters ရေးသားနည်းများ - ဟိန်းလတ်၊ (၈၄) မောင်တည်တံ့ယင်းတော် လုံးချင်း၀တ္ထုသစ် - မစံပယ်၊ (၈၅) ဆေးပညာ အနှစ်သာရ ဖိုမသဘာ၀ - ဒေါက်တာအုန်းကျော် (M.B.B.S,D.PM)၊ (၈၆) မူးပေမဲ့ ထူးတဲ့ပါရီမီရှင်နှင့် ထူးထူးခြားခြားပါရီမီရှင်များ - ဧကန်မင်း၊ (၈၇) သေဘေးမှ နှစ်ခါလွတ်သူနှင့် ထူးထူးခြားခြား ဖြစ်ရပ်များ - ဆလိုင်းရွှေလင်း၊ (၈၈) Who Was Charlie Chaplin - ထွဋ်ဝင်းထွဋ်၊ (၈၉) Who Was William Shakespeare? - ထွဋ်ဝင်းထွဋ်၊ (၉၀) Who Was Ben Franklin? - ထွဋ်ဝင်းထွဋ်၊ (၉၁) Who Was Galileo? - ထွဋ်ဝင်းထွဋ်၊ (၉၂) Who Was Marie Curie? - ထွဋ်ဝင်းထွဋ်၊ (၉၃) ထူးဆန်းသော သစ်ပင်အိမ် # ၆ အံ့ဩထိတ်လန့် ဖွယ်ရာအမေဇုန်တောထဲမှာ - ထွဋ်ဝင်းထွဋ်၊ (၉၄) Who Was Marco Polo? - ထွဋ်ဝင်းထွဋ်၊ (၉၅) Who Was Amelia Ear Hart? - ထွဋ်ဝင်းထွဋ်၊ (၉၆) ငြိမ်းချမ်းခြင်းစံပယ် - ဇော်ထွဋ်၊ (၉၇) ရေဘဝဲစားသူများနှင့် လက်ရွေးစင်ကိုရီးယားခရီးသွားစာစုများ - နိုင်ဇော်၊ (၉၈) ကမ္ဘာပေါ်ရှိ ထင်ရှားကျော်ကြားနေရာများ - ရီရီဌေး၊ (၉၉) ခေတ်နဲ့လည်းယှဉ်၊ ပဲ့တင်လည်းထပ် ဗုဒ္ဓအလိုကျ ဓမ္မဆောင်းပါးများ - ဦးဆန်းလင်း (ဆည်မြောင်း)၊ (၁၀၀) အလင်းဖန်ဆင်းရှင် (သို့မဟုတ်) အက်ဒီဆင် - မာန်သစ်နိုး