• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ပြိုင်ပွဲများ

  1. TAGGED AS
  2. ပြိုင်ပွဲများ

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

27-Sep-2016
စာပေဗိမာန်, ပြိုင်ပွဲများ,
SPBM
စာပေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်ခဲ့သော အစဉ်အလာကောင်းများရှိသည့် စာပေဗိမာန်သည် ဂျပန်နိုင်ငံ Shanti Volunteer Association (SVA) (ရှန်တိစေတနာ့ဝန်ထမ်းအဖွဲ့)တို့ ပူးပေါင်းပြီး လူငယ်များ ဘာသာပြန်စွမ်းရည်ဖွံ့ဖြိူးတိုးတက်စေရန်ဘာသာပြန်ပြိုင်ပွဲကို ဒုတိယအကြိမ် ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲကို အသက်(၁၈) နှစ်မှ (၃၀) နှစ်အတွင်း စိတ်ဝင်စားသူ မြန်မာနိုင်ငံသားအားလုံး ယှဉ်ပြိုင်နိုင်ပြီး ပြန်ဆိုရမည့်စာအုပ်မှာ " Asia / Pacific Co-publication Programme ကပြုစုဖြန့်ချိသော "Asian Stories for Young Readers" စာအုပ်ဖြစ်သည်။ ပြိုင်ပွဲဝင်လိုသူများသည် ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ၊ စာပေဗိမာန်ရုံး ဘာသာပြန်ဌာနစုတွင် ပြဋ္ဌာန်းစာအုပ်နှင့်ပြိုင်ပွဲဝင်လျှောက်လွှာပုံစံကို စက်တင်ဘာလ(၁၅) ရက်မှ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်အတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား (မိတ္တူ)နှင့်အတူ ကိုယ်တိုင်လာရောက်ပြီး အခမဲ့ ထုတ်ယူနိုင်သည်။

နယ်မှပြိုင်ပွဲဝင်လိုသူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)၊ နေရပ်လိပ်စာအပြည့်အစုံ ဆက်သွယ်ရမည့်ဖုန်းနံပါတ်၊ ပြဋ္ဌာန်းစာအုပ်ပေးပို့ခ (၃၀၀၀ိ/-)တို့နှင့်အတူ စာတည်းမှူးချုပ်၊ စာပေဗိမာန် ရုံး၊ အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်း၊ ရန်ကုန်မြို့သို့ လိပ်မူ၍ မှာကြားနိုင်သည်။

ဘာသာပြန်စာမူများကို (၁၇-၁၀-၂၀၁၆) ရက်မှ (၃၁-၁၂-၂၀၁၆) ရက်ထိလက်ခံသွားမည် ဖြစ်သည်။ စာမူများကို ပညာရှင်များပါဝင်သော စိစစ်ရွေးချယ်ရေးအဖွဲ့ဖြင့် စနစ်တကျ စိစစ်ရွေးချယ်သွားမည်ဖြစ်သည်။ ပထမဆု၊ ဒုတိယဆု၊ တတိယဆုတို့ကို ထိုက်ထိုက်တန်တန် ချီးမြှင့်မည်ဖြစ်ပြီး ပထမဆုရစာမူကို စာအုပ်အဖြစ် ရိုက်နှိပ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အောက်ရှိ စာကြည့်တိုက်များသို့ လှူဒါန်းသွားမည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက ဘာသာပြန်ဌာနစု၊ စာတည်း (တာဝန်ခံ)၊ ဖုန်းနံပါတ် (၀၁-၂၄၉၂၃၀) သို့စုံစမ်းမေးမြန်းနိုင်သည်။ ဘာသာပြန်ပြိုင်ပွဲ ဝင်လိုသူများအတွက် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် စာမူဆုပြိုင်ပွဲဝင်ပုံစံကို www.sarpaybeikman-pol.gov.mm တွင်ကြည့်ရှုနိုင်ပါသည်။

related topics

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

27-Sep-2016
စာပေဗိမာန်, ပြိုင်ပွဲများ,
SPBM

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

27-Sep-2016
စာပေဗိမာန်, ပြိုင်ပွဲများ,
SPBM

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

27-Sep-2016
စာပေဗိမာန်, ပြိုင်ပွဲများ,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု လူငယ်စာပေ အဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေး ကျင်းပ

    04-Sep-2019
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    06-Nov-2018
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    30-Nov-2018
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်နိုင်ရေး အပြီးသတ် အဖွဲ့ကြီးအစည်းအဝေး ကျင်းပ

    16-Nov-2018
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    21-Nov-2017
  • ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အင်္ဂလိပ်စာပေ အဖွဲ့ငယ် အစည်းအဝေးကျင်းပ

    31-May-2017
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေဗိမာန်
  • ပြည်သူ့လက်စွဲစာစဉ်
  • အခမ်းအနားများ
  • ရွှေသွေး
  • အရောင်းဌာန
  • စာအုပ်များ
  • စာကြည့်တိုက်
  • ပြိုင်ပွဲများ
  • စာပေရေချမ်းစင်
  • သုတပဒေသာစာစောင်
books
  • ၂၀၂၃ ခုနှစ်၊ မတ်လ (၁၇) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ်(၁၁) ပြန်တမ်းစာစောင် e-book

    21-Mar-2023
  • ၁၈ - ၃ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၁) e-book

    20-Mar-2023
  • ၁၈ - ၃ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၁) ထွက်ရှိ

    16-Mar-2023
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2023 Sarpay Beikman - ALL RIGHTS RESERVED

Powered By Myanmar Links