အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၂၃ ခုနှစ်အတွင်း ပထမ အကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊
စာပေဗိမာန်က ဝန်ထမ်းများ မြန်မာစာပေနှင့်ပတ်သက်၍ ပိုမိုကျွမ်းကျင်ကောင်းမွန်စွာ သိလာစေရန်အတွက် စာတမ်းဖတ်ပွဲကို ၂-၂-၂၀၂၄ (သောကြာနေ့) နံနက် ၁၀:၃၀ နာရီမှ ၁၂:၀၀ နာရီထိလည်းကောင်း၊ မွန်းလွဲ ၁:၀၀နာရီမှ ၂:၀၀နာရီထိလည်းကောင်း စာပေဗိမာန်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ စာတမ်းဖတ်ပွဲတွင် ဆရာဦးမောင်လှိုင် (အမျိုးသားစာပေဆုရ) က “မြန်မာမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုခြင်းနှင့် ဘာသာပြန်ဆိုမှု အတတ်ပညာအကြောင်း တစေ့ တစောင်း” ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း၊
စာတမ်းဖတ်ပွဲတွင် ဆရာဒေါက်တာတင်ဘုန်းကျော် (အမျိုးသားစာပေဆုရ) က “လူငယ်နှင့် စိတ်ဝင်စားဖွယ် AI နည်းပညာ” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေး
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်တွင် စာအုပ် (၁၈၇) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကို လည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပါသည်။ ယင်းစာအုပ်များစာရင်းကို အောက်ပါအတိုင်း စုစည်း ဖော်ပြအပ်ပါသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်တွင် စာအုပ် (၁၉၉) မျိုး ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို ထုတ်ဝေသည့်ခုနှစ်နှင့် ထုတ်ဝေသည့်အကြိမ်ရေနှင့်အတူ အောက်ပါအတိုင်း စုစည်းဖော်ပြအပ်ပါသည်
မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၂၃ ခုနှစ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက် ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊
အဆိုပါအစည်းအဝေးတွင် အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ပြီး မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေး အဖွဲ့ဥက္ကဋ္ဌ ဆရာကြီးဒေါက်တာမောင်သင်း (မောင်သင်း-သပြေ) က အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အတွင်းရေးမှူး စာပေဗိမာန် စာတည်းမှူးချုပ် ဦးတိုးကျော်က မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၄) နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ဝန်ထမ်းများ ရောင်းချမှုဆိုင် ရာ အသိပညာတိုးပွားစေရန် ရည်ရွယ်လျက် စာပေဟောပြောဆွေးနွေးပွဲကို (၁-၃-၂၀၂၄) (သောကြာနေ့) နံနက် ၁၀:၀၀ မှ နေ့လယ် ၁၂:၀၀ နာရီအထိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဆက်လက်၍ ဌာနစိတ်အသီးသီးက တင်ပြရန်ရှိသည်များကို တင်ပြခဲ့ကြပြီးနောက် စာပေဗိမာန်၏ ဆောင်ပုဒ်ဖြစ် သည့် “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဆောင်ပုဒ်ကို (၃) ကြိမ် ဟစ်ကြွေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲသို့ အရာထမ်း (၂၂) ဦး၊ အမှုထမ်း (၄၅) ဦး၊ စုစုပေါင်း ဝန်ထမ်း (၆၇) ဦး တက်ရောက်ခဲ့ကြပါသည်။