၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၀ ပြည့်နှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၂၀ ပြည့်နှစ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppe Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၈) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်တွင် စာအုပ် (၃၉) အုပ် ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်ပါအတိုင်း စုစည်းဖော်ပြ အပ်ပါသည်-
(၁) မြေဇာပြုန်းကမိုင်းတွေဆုံးမှာလား - ကိုကြီးဆွေ၊ (၂) ရွှေပင်လယ်ဆီးသော်လည်း (မဂ္ဂဇင်းဝတ္ထုရှည်များ) - ကြူကြူသင်း၊ (၃) ပဲ့တင်သံနှင့် … - မစန္ဒာ၊ (၄) ကံ့ကော်အိပ်မက် ဆက်မက်ပါရစေ - ခင်လပြည့်ဝန်း၊ (၅) လိုက်ပွဲ (ဝတ္ထုတိုစုစည်းမှု) - ကောင်းကင်မေ (စီးပွားရေးတက္ကသိုလ်)၊ (၆) ဟဒယမှ ပွင့်ကျလာသည့် ဖွင့်ဟဝန်ခံချက်များ - ဇော်လင်းမောင် (ဥပဒေ)၊ (၇) ဂန္ဒီ (MAHATMA GANDHI) - ဦးလေးကို၊ (၈) ဗမာ့လွတ်လပ်ရေးကျိန်စာ Burma The Curse of Independence - ကိုကိုလေး၊ (၉) ပင်လုံ - ကိုကိုလေး၊ (၁၀) တက်လီဖုန်း အီလက်ထရွန်းနစ် - ကိုကိုလေး၊ (၁၁) ရေကန်အသင့်ကြာအသင့် (ဆောင်းပါးပဒေသာပေါင်းချုပ်) - မရွှေမြိုင် (ပျဉ်းမနား)၊ (၁၂) ဘဝအတွက် စစ်တုရင် - မောင်မောင်လွင် (စစ်တုရင်)၊ (၁၃) သမုဒယညွှတ်ကွင်းနှင့် ရသဝတ္ထုတိုများ - နိုင်သျှား (မိုးမိတ်)၊ (၁၄) ပေါက္ကံသမိုင်း ပေါက္ကံအလွမ်း - လူရည်မွန် (မန္တလေး)၊ (၁၅) အသည်းရောင်ရောဂါများနှင့် မြန်မာ့အစားအစာ - ဒေါက်တာလှကြည်၊ (၁၆) လူလောကရဲ့ ထူးခြားဆန်းကြည်မှုများ - ဒေါက်တာအုန်းမောင် (စိတ်ရောဂါအထူးကု ဆရာဝန်ကြီး)၊ (၁၇) တိပိဋကဓရ မင်းကွန်းမြေကစ - အရှင်ပညာသိရီ ကျောက်မိကျောင်းတောရ (ပခုက္ကူ)၊ (၁၈) နှလုံးသားဒိုင်ယာရီထဲက ဒေသကဗျာများ - အညာမြေမောင်သောင်းနွယ်၊ (၁၉) မှတ်မှတ်ရရကျွန်တော့်ဘဝ - ဒေါက်တာသက်လွင်၊ (၂၀) ကျွန်တော်နှင့်ဆရာဦးဇော်ထက် ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း အတွေးစာစုများ - ကျောင်းဆရာကိုကိုဝင်း၊ (၂၁) ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘောဂဗေဒကို လေ့လာခြင်း - ခင်စိုးအောင်၊ (၂၂) စတီဖင်ဟောကင်း၏ ဥပဒေဆိုင်ရာ အမြင်တစ်ရပ်နှင့် အခြားစာစုများ - ဒေါက်တာမြင့်ဇံ၊ (၂၃) ပန်းသခင်ရဲ့ သမုဒယရင်ခွင် - မေ (ပြင်ဦးလွင်)၊ (၂၄) သမုဒ္ဒရာထဲကရေချိုတွင်းနှင့် ပြိုင်ပွဲဝင်ဆုရဝတ္ထုတိုများ - ကျွန်းစဉ်မြေ စောခက်၊ (၂၅) အမှောင်ထဲမှ ရရှိခြင်း - ဖူးနုအုန်းစံ၊ (၂၆) ရန်ကုန်လွှတ်မြောက်ပြီးတဲ့အခါ - မြစ်အောင်၊ (၂၇) မြန်မာစာပေသုတေသန - ဒေါက်တာမောင်မောင်ခင်၊ (၂၈) ပင်းနတ်မောက်ဝန်းကျင် သမိုင်းဝင်များ - နတ်မောက်ထွန်းရှိန်၊ (၂၉) အညာမြေမှ ပွင့်ခဲ့သောရသပန်းကဗျာများ - မင်းမြတ်မိုး (မန်းမြေ) (ခ) သက့်ထက်ဆန်း (နွမ်းလျမြေ)၊ (၃၀) ဘဝထဲက ပုံပြင် ပုံပြင်ထဲကဘဝ - နိုင်းဝီရလင်းခံ့၊ (၃၁) ဇွန်သံယောဇဉ် - ကိုရိုးကွန့်၊ (၃၂) မြန်မာနိုင်ငံသမိုင်းစဉ်လာအရ ဆောင်ရွက်ခဲ့သည့်ပညာရေးစနစ်များ - ဦးငွေတိုး (အခြေခံပညာ)၊ (၃၃) ခုနစ်ထွေမင်းသားနှင့်အသိုက်ကွဲငှက်ရသအတွေးစာစုများ - ဝင်းလှိုင်ဦး၊ (၃၄) ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးသဘောတရားအမြင်များ - မနွဲ့ရီ (မဟာဝိဇ္ဇာ)၊ (၃၅) ခရီးဝင်္ကပါဆောင်းပါးများ - ဒေါက်တာဒေါ်ခင်ကြည် (အိုဂျီ)၊ (၃၆) တနုသီရိယဉ်ကျေးမှု (ရေကြောင်းပိုးလမ်းမကြီးပေါ်မှ မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု) - တန် (THRENCE TAN)၊ (၃၇) သရေခေတ္တရာမှသည်ပြည်မြို့သို့တိုင် - ပါမောက္ခဒေါက်တာစန်းစန်းမြင့်၊ (၃၈) ကျွန်တော် ၄ ဒဿမ ၅ ကုဋေမလိငှက်သိုက်ကျွန်းနှင့် ထောင်နန်းစံကာလများ - သိမ်းစိုး (သီဟရတနာ)၊ (၃၉) နံရံပေါ်က ကော်ဖီနှင့်စိတ်ဓာတ်ခွန်အားဖြစ်ဖွယ်ဝတ္ထုတိုများ - ကဘော်မြေမောင်မောင် (ဘာသာပြန်သည်)