၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၆ ခုနှစ်အတွင်း ပထမအကြမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၃၁) တွင် စာအုပ် (၉) အုပ် ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့်ရက်များကို လည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များစာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) ကြယ်တစ်ပွင့်၏ မြတ်နိုးခွင့် ကဗျာများ - တက္ကသိုလ်မောင်သန့်ဇင် (၂) အမတ်မင်း ဖတ်ဖို့… - ကိုအောင်စိုး (ရန်ကုန်စီးပွားရေးတက္ကသိုလ်)၊ (၃) ကြယ်စင်သက်နှင်း - တက္ကသိုလ် မောင်သန့်ဇင် (၄) အထင်နဲ့အမြင်နှင့် ရသစုံ၀တ္ထုတိုများ - ဝါဝါထင်လင်း (၅) ဒေါင်းအိုးဝေနှင့် သခင်ကိုယ်တော်မှိုင်း - မောင်မောင်အေး (စစ်ကိုင်း)၊ (၆) ကြယ်တွေစုံတဲ့ကောင်းကင် အောက်မှာ ကျွန်မမရှိတဲ့အခါ - စုမီအောင် (၇) အေးရိပ်ကိုဘယ်လိုရှာပါ့မယ် - ခင်မေသစ် (၈) ရသတွေ့သူများ အက်ဆေးစုစည်းမှု - မြဝင်း (ဒဿန)၊ (၉) မြန်မာနိုင်ငံ၏တွင်းထွက် သယံဇာတများ - ဦးလှမြင့်