(COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနတို့ ညှိနှိုင်းမှုဖြင့် ဆက်သွယ်ရေးအော်ပရေတာ (၄) ခု Blue Ocean ကုမ္ပဏီတို့ပူးပေါင်း၍ COVID-19 Call Center အား (၀၈ : ၀၀) နာရီမှ (၂ : ၀၀) နာရီထိ ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီး ဌာနတွင် ဆေးသုတေသနဦးစီးဌာနမှ ဝန်ထမ်း (၄၃) ဦး၊ မြန်မာ့နိုင်ငံဆရာဝန်များအသင်းမှ စေတနာ့ဝန်ထမ်း ဆရာဝန် (၁၇) ဦး၊ စုစုပေါင်း (၆၀) ဦးဖြင့် (၈-၄-၂၀၂၀) ရက်မှ စတင် ဖွင့်လှစ်နေပါကြောင်း သိရသည်။