၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ လူငယ်စာပေ ဘာသာရပ် အဖွဲ့ငယ်၏ အမျိုးသားစာပေ တစ်သက်တာဆု ရွေးချယ်ရေးဆိုင်ရာ အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၀ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ လူငယ်စာပေ ဘာသာရပ် အဖွဲ့ငယ်အလိုက် တစ်သက်တာစာပေ စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဦးလှကြည် (ကြည်နိုင်)၊ ဦးသိန်းစိုး (မင်းချမ်းမွန်)၊ ဒေါ်ခင်လေးညို (မြနှောင်းညို)၊ ဦးမြင့်အောင် (ဖိုးအောင်လေး)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးသန်းအုန်း (မောင်ဇေယျာ)တို့ တက်ရောက်ခဲ့ကြပြီး ဦးမျိုးညွန့် (စာပေလောက)က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆု ရွေးချယ်ရေးဆိုင်ရာများကို ဆွေးနွေးကြကြောင်း သိရသည်။