၂ဝ၁၈ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် အတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၁၉ ခုနှစ် အောက်တိုဘာလ ၉ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ အဖွဲ့ငယ် အတည်ပြုအဆင့် အစည်းအဝေးသို့ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး)၊ မြတ်ဝေတိုး (မြတ်ဝေတိုး-ပညာရေးတက္ကသိုလ်)၊ ဦးတင်မောင်လတ် (မောင်ခိုင်လတ်) တို့ တက်ရောက်ခဲ့ကြြပီး ဒေါက်တာညိမ်းညိမ်း (ရှင်ငြိမ်းမယ်) က ခွင့်ပန်ခဲ့သည်၊၊
အစည်းအဝေးတွင် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ စာမူများ အတည်ပြုအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။