၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၉ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၉ ခုနှစ်အတွင်း ထုတ်ဝေသော စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် ပေးပို့လာရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ် ဇွန်လ (၁၄) ရက်တွင် စာအုပ် (၁၀၃) အုပ် ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်ပါအတိုင်း စုစည်းဖော်ပြ အပ်ပါသည်-
(၁) ကပ္ပတိန်ဘလတ် - မိုးဝေ၊ (၂) မတူညီတာလေးများ - ဒေါက်တာအေးကျော် (ဇီ၀ကမ္မဗေဒ)၊ (၃) လူတိုင်းပါဝင်သင့်တဲ့ ၂၁ ရာစု ပုံစံသစ်စီးပွားရေး - ညီညီနိုင်၊ (၄) ဇာတ်ကြောင်းတစ်မျိုးတည်းရဲ့ အန္တရာယ် - ဂျူး၊ ကိုတာ၊ မောင်မြင့်ဇော်၊ (၅) အစ်ကို … သို့ - ဖရော်ဆန်၊ (၆) စိတ်သယံဇာတ - ဆောင်းခူးလက်၊ (၇) မားအိုးအားစုံစမ်းစစ်ဆေးခြင်း - နေသန်၊ (၈) ဝက်ကလေးရော်ဘင်ဆင် - ကိုဇေယျာ၊ (၉) အချစ်ငတ်သောကဗျာများ - ရေမြေ့အေး၊ (၁၀) ကမ္ဘာကျော်မယ်ထွေးလေးနှင့် ခြောက်ဘ၀မိခင် - ထွန်းတောက်၊ (၁၁) မျှော်လင့်ခြင်း၏ အဆုံးမဲ့ရင်ကွဲနာ - ကာတွန်းကြည်ဝင်း၊ (၁၂) တာဝန်သိစိတ် တာဝန်ယူစိတ် ကလေး၀တ္ထုတိုများ - မောင်စည်သူ (အဖျောက်)၊ (၁၃) ရမ်းဗြဲဆည်းဆာ - ဇွဲသစ် (ရမ္မာမြေ)၊ (၁၄) ရွှေကြာရိုးလေးချိုးခဲ့မယ် - ကောင်းနွဲ့၊ (၁၅) အာဏာရှင်စနစ်မှ ဒီမိုကရေစီ စနစ်သို့ - ကိုဝမ်း၊ (၁၆) လောကပုစ္ဆာကြီးတွေကို အဖြေညှိကြည့်ခြင်း - နိုင်သစ်၊ (၁၇) ငပျင်းဂရု၏ ပျင်းရိခြင်းအနုပညာ - နိုင်သစ်၊ (၁၈) ဝက်ဝံမဟုတ်တဲ့ ဝက်ဝံကြီး - မောင်မြင့်ဇော်၊ (၁၉) မဟာစီ ပေတူး - ကောင်းဆက်ချစ်ပိုင်၊ (၂၀) ချစ်၍လှသူနှင့် ရသ၀တ္ထုတိုများ - အိမ်ခေတ်မှူး၊ (၂၁) အစ္စလာ့မ်နိုင်ငံရေး အတွေးအခေါ် - ကိုကိုလေး၊ (၂၂) သူရဲကောင်းမြန်မာပြည်နှင့် အတွေးဆောင်းပါးများ - ရေမြေ့အေး၊ (၂၃) စီးပွားရေးလုပ်ငန်းတစ်ခု၏ အောင်မြင်မှု လျှို့ဝှက်ချက်များ - ဦးလှမြင့် (မားကတ်တင်း)၊ (၂၄) ဤမှန်သောသစ္စာစကားကြောင့် (စာစုများ) - ကြူကြူသင်း၊ (၂၅) နောက်ကျမှသိရသောတန်ဖိုး - မေတ္တာရှင် (ရွှေပြည်သာ)၊ (၂၆) သီးခြားနိုင်ငံသစ် အိပ်မက်များ - ထွန်းမြင့် (မာန်အောင်)၊ (၂၇) အိတ်ဇိုင်း - မြတ်သစ် (မြန်မာပြန်)၊ (၂၈) အောင်မြင်မှု၏ အဓိပ္ပာယ်အပါအဝင် အင်တာဗျူး ဆောင်းပါးများ - ဆောင်းဖြူ၊ (၂၉) မြောက်ဦးခေတ် အုပ်ချုပ်ရေး (အေဒီ ၁၄၃၁-၁၆၃၈) - မခင်သန်း၊ (၃၀) နှလုံးသား လေးဆယ် - ခင်မေခ၊ (၃၁) လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကြီးကြပ်ကွပ်ကဲမှု - နေစိုးလှိုင်၊ (၃၂) ကောင်းကင်မရှိလည်း မြေကြီးရှိတယ် - နှင်းဝေငြိမ်း၊ (၃၃) သော်တာဆွေ ဘ၀ဇာတ်ကြောင်း စာဇာတ်ကြောင်း - ကျော်မင်းနိုင်၊ (၃၄) မြန်မာ့သမိုင်းမှ အကွဲအပြဲ ဇာတ်လမ်းများ - သရဝဏ် (ပြည်)၊ (၃၅) မြန်မာနိုင်ငံအုပ်ချုပ်ရေး ယန္တရားအတွက် မရှိမဖြစ် - အောင်မျိုးဝင်း (ကျိုက်ထို)၊ (၃၆) မဟာတို့၏ ကျဆုံးခန်း (အဋ္ဌမတွဲ) - လှစိုးဝေ၊ (၃၇) ထင်ရှားကျော်ကြား တရုတ်နွယ်ဖွား မြန်မာပြည်သားများ - ဇာနည်စိုးထွဋ်၊ (၃၈) ဆရာသော်တာဆွေ ရာပြည့်အမှတ်တရ - သုဝဏ္ဏကျော်စိန်၊ (၃၉) သွေးသောက်ကျွဲ ရဲ့ မုဆိုးသစ္စာ - မိုးအောင်တင် (Royal)၊ (၄၀) ဒီဇင်ဘာနှင့် ၇ နာရီ ၇ မိနစ်တိုက်ပွဲ အပါအဝင် စစ်မြေပြင်ဖြစ်ရပ်မှန် … ၀တ္ထုတိုများ - စစ်သွေးနီ (ရွှေဒုံသား)၊ မဟော်ဂနီ၊ (၄၁) စစ်ပွဲဟူသည် - စစ်သွေးနီ (ရွှေဒုံသား)၊ (၄၂) ဖရန်ကင်စတိုင်း - လင်းသစ်နိုင်၊ (၄၃) အသက်ဆက်ရှင်သန်မှုအတွက် ဘာသာစကားနှင့် မြန်မာစာ … ထိန်းသိမ်းစောင့်ရှောက်ရေး - မောင်ခင်မင် (ဓနုဖြူ)၊ (၄၄) တရုတ်နိုင်ငံ ပညာရေးစနစ် လေ့လာဆန်းစစ်ချက်များ - တင်ညွန့်၊ (၄၅) ကမ္ဘာပတ်လည် ပုံပြင်ဖတ်မယ် ၃ - မိုးဇော်စိုး၊ (၄၆) အောင်မြင်ကြီးပွားရေး စာပေအနုပညာ - ဝဏ္ဏသီရိ အရှင်၊ (၄၇) ဘီလူးလေး ၀တုတ် ပင်ကိုရေးကလေးပုံပြင်များ - မေဇွန်အေး၊ (၄၈) သုတရိပ်မြိုင် စာဂနိုင် - ပိဋကတ်တိုက်မှူးဦးညွန့်မောင်၊ (၄၉) စဉ်းစားနည်း ၅ ရက် သင်ခန်းစာ - ကောင်းသာ၊ (၅၀) မူမြစ်ကမ်းရိုးမှကျေးလက်ကဗျာများ - မောင်နီနု (ရေဦး)၊ (၅၁) အချစ်ကဗျာ - ဝင်းမြင့်၊ (၅၂) အိုက်စ်ခရင်မ် - အနီ၊ (၅၃) ငါ့ဘ၀ကို ပြန်ရေးခြင်း - အောင်ခင်မြင့်၊ (၅၄) အရိုင်းပန်းတစ်ပွင့်ရဲ့ လွတ်မြောက်တေး - လွယ်ကော်အေး၊ (၅၅) ရန်သူများနှင့် မကွဲမကွာ ခေတ်ပြိုင်ရသခံစားမှုများ - လင်းဇော်ဦး၊ (၅၆) စာသင်သားတို့၏ ဘ၀နှင့် အားမာန် (၂) အရှင်ရေဝတ (သာသနာ့ပျိုးခင်း)၊ (၅၇) ဝါရှင်တန်မှ အလွမ်းစာများ - နေထွက်၊ (၅၈) ကလယ်ရီနက်သမားအက်ဆေးများ - နေမျိုး၊ (၅၉) ခုနစ်ဆယ်မှ ခုနစ်ဆယ့်တစ်သို့ (NLD ခေတ် တတိယနှစ်) - ကျော်ဝင်း၊ (၆၀) ဟိုးလဗ်ကဗျာများ - မြေချစ်သူ၊ (၆၁) ခရုပစ်လောင်ချာ - ပန်ဒိုရာ၊ (၆၂) ပျော်ရွှင်ဖွယ် မှတ်စုများ - ဆူးရစ်နွယ်၊ (၆၃) ရဟန်းနှင့်ဂလိုဘယ် မြစ်ဆုံ - ဓမ္မဂင်္ဂါ၊ (၆၄) မြန်မာမှု မြန်မာ့ရေးရာ ဗဟုသုတအဖြာဖြာ - နန်းအောင်လှိုင်၊ (၆၅) ဝန္ဒာမိပါ အဖေနှင့် အမေ မိဘမေတ္တာရသ … စာစုများ - မော်ကျွန်းရဲခိုင်၊ (၆၆) ရဲရင့်သူနှင့်နိုင်ငံတကာပုံပြင်များ - မောင်မဟာ၊ (၆၇) မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦး အတွေ့အကြုံ - ကိုဝမ်း၊ (၆၈) ဂိုချောက်တောင် - ဟိန်းလတ်၊ (၆၉) အတိုင်းအတာမသိ နှိုင်းစရာမရှိသော မိဘမေတ္တာ - ကိုထွန်း (ကျယ်ဂေါင်)၊ (၇၀) ဒုတိယကမ္ဘာစစ်ကာလ ဂျပန်စစ်သားတို့၏ ဗမာပြည်တိုက်ပွဲ … အတွေ့အကြုံများ - အောင်မျိုးဝင်း၊ (၇၁) ကမ္ဘာ့အကျပ်အတည်း များမှသည် ငြိမ်းချမ်းရေးလမ်းဆီသို့ - မီရ်ဇာမတ်စ်ရူရ်အဟ်မဒ်၊ (၇၂) ကြည်ဇော်အေး (ကဗျာများ) - မြ၊ (၇၃) ဖုန်းခေါ်သံလေး စကားပြေအရေးအသားများ - မိုးဃ်ဇက်သော်၊ (၇၄) သူ့ကြောင်းအရော ကိုယ့်အရေးအသား - မိုးရင့်ကြယ်၊ (၇၅) ကဗျာပေါင်းချုပ် - မောင်ချောနွယ်၊ (၇၆) အသေးစားငွေရေး ကြေးရေးလုပ်ငန်း (Microfinance) အား စနစ်တကျ စီမံခန့်ခွဲခြင်း - Nလွင်၊ (၇၇) ရဘက်ကာ - အထောက်တော်လှအောင်၊ (၇၈) သူတို့သိသော အစ္စလာမ် ၃ - ကိုမင်း၊ (၇၉) logistics ဆိုင်ရာ အဝေးကြည့်ဆောင်းပါးများ - ဒေါက်တာမျိုးငြိမ်းအေး၊ (၈၀) အိုးရှိုး တရားနည်းကျမ်း - အောင်သူရ၊ (၈၁) ဇာတ်ကြီးဆယ်ဘွဲ့ - သန်းထွန်း (လှည်းကူး)၊ (၈၂) ရူးချင်ယောင်ဆောင်မနေနဲ့ မျှဝေလိုသော စိတ်ဓာတ် … ခွန်းအားဖြည့်စာစုများ - လောကသစ္စာ၊ (၈၃) ခြေတစ်လှမ်း၏ ထွက်ပေါက် - လောကသစ္စာ၊ (၈၄) ရည်ရွယ်ချက်ထားရှိ အောင်မြင်နိုင်စွမ်း - ဂျွန်၊ (၈၅) လိစ္ဆဝီမျက်ရည် ဝေသာလီနောင်တ - သူရိန်စိုး (ဓမ္မဒူတ)၊ (၈၆) ဆား …အာဖရိကန် - အမေရိကန်ကဗျာဆရာ၏ နိုင်ယီရားဝါးဟီးဒ်၏ ကဗျာများ - မောင်ဒေး၊ (၈၇) ကိုယ်တိုင်ကြုံခဲ့ရသော အောက်တိုဘာဖြစ်စဉ် - ပြည့်စိုး၊ (၈၈) သရဖူ - ခင်နှင်းယု၊ (၈၉) ငါရို့ဇာလုပ်ကတ်ဖို့လဲ (၁၁) - ရခိုင်လှမြင့်၊ (၉၀) ခရေရနံ့ - ပုညခင်၊ (၉၁) အပြုံးရောင် ရွာသွန်းပြီးနောက် ပထဝီအနေအထား - ဖြူမွန်၊ (၉၂) ကျွန်တော့်အတွေး ကျွန်တော့်အရေး … ကျွန်တော့် အတွေ့အကြုံ … (ဒုတိယတွဲ) - စိုးညွန့်လွင်၊ (၉၃) ရာဇဝင်ထဲက ကျိုက္ခမီ - မင်းဆက်ပိုင်၊ (၉၄) ဓမ္မလမ်း ကစောင့်နေမယ် - အနော်မာ၊ (၉၅) ဘ၀ဆိုတာပျော်စရာ - မျိုးမင်းရန်အောင်၊ (၉၆) အိမ်ပြန်ညလမ်း ကဗျာရှည်စုစည်းမှု - အောင်နှင်းသစ်၊ (၉၇) ကြောင်၊ ကျားနဲ့ ယုန်တို့ပုံပြင် - မမကြီး၊ (၉၈) ဘ၀နှင့်စီးပွားရေး (၁) - ဒေါက်တာအေးကျော်၊ (၉၉) ရာသီပန်းပွင့်ချိန် - အခရာ၊ (၁၀၀) ငါ့မှာ ဘာတွေဖြစ်နေတာလဲ - ပီတာမေးလ်၊ (၁၀၁) ARTICLE TUAMTUAMTE – G.S.PAU၊ (၁၀၂) ကိုလေးပြောတဲ့ ကိုလေးအကြောင်း - ပါမောက္ခ ဒေါက်တာကိုလေး၊ (၁၀၃) ဓာတ်ပုံ အနုပညာ - ဇာနည်မျိုးဝင်း