၂ဝ၁၈ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ပဏာမအဆင့် စိစစ် ရွေးချယ်ခြင်း များ ဆောင်ရွက်လျက်ရှိရာ သုတပဒေသာ (သိပ္ပံ) စာပေ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၁၂ ရက် မွန်းတည့် ၁၂:၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
သုတပဒေသာ (သိပ္ပံ) စာပေ အဖွဲ့ငယ် ပဏာမအဆင့် အစည်းအဝေးသို့ ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး၊ ဆေး/မန်း)၊ ဒေါက်တာအေးကျော် (ဆေး-သုတေသန)၊ ဒေါက်တာမြင့်သန်း (ညောင်လေးပင်)၊ ဦးမော်လင်း (မော်လင်း)၊ ဦးနေမျိုး (နေမျိုးနိုင်)၊ ဦးကျော်ဦး (ကျော်ဦး) တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် သုတပဒေသာ (သိပ္ပံ) စာပေ စာမူများ ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။