၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၈ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် ပေးပို့လာရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ် မေလ (၃၁) ရက်တွင် စာအုပ် (၂၉) အုပ် ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်ပါအတိုင်း စုစည်းဖော်ပြ အပ်ပါသည်-
(၁) ဖြည်းဖြည်းလာပါ .. အို … ဇရာ - ဟိန်းလတ်၊ (၂) အဋ္ဌမံမြစ်ထဲက ကဗျာလှိုင်းများ - ကလောင်စုံ၊ (၃) ကလေးစုံထောက်ခုနှစ်ယောက်နှင့် ဆုတံဆိပ်များ ပျောက်ဆုံးမှု - သက်ဦးလွင်၊ (၄) လူမနေသော အိမ်ကြီးအမှု - သက်ဦးလွင်၊ (၅) ပျော်စရာ ရွှင်စရာ - သက်ဦးလွင်၊ (၆) အဖိုးတန်ခွေးများ ပျောက်ဆုံးမှု - သက်ဦးလွင်၊ (၇) ခွေးခိုးရောင်းဂိုဏ်းအမှု - သက်ဦးလွင်၊ (၈) စာပို့ကား ဓားပြမှု - သက်ဦးလွင်၊ (၉) ရှောင်ပုန်းနေသော အဲလိဇဘက်အမှု - သက်ဦးလွင်၊ (၁၀) ကုန်ရထား ဓားပြတိုက်မှု - သက်ဦးလွင်၊ (၁၁) ပန်းချီကားများ ပျောက်ဆုံးမှု - သက်ဦးလွင်၊ (၁၂) ပုလဲသွယ် ရှာပုံတော် - သက်ဦးလွင်၊ (၁၃) ချောပို့အိတ် ဓားပြမှု - သက်ဦးလွင်၊ (၁၄) ဖက်စိမ်းရွက်နဲ့ ပွဲတော်တည်-ဆောင်းပါးစာစုများ - ကလောင်စုံ၊ (၁၅) တစ်နေ့တာကုန်ဆုံးသွားသော အချိန်များမှ အနှစ်သာရထုတ်ယူခြင်း - နီတာနွယ်၊ (၁၆) မေဃ၀တီ ဆရာတော်ကြီး၏ သက်တော်ရာပြည့် အထိမ်းအမှတ် - ကလောင်စုံ၊ (၁၇) နက္ခတ္တဗေဒ - သားနဲ့သမီး စာတည်းအဖွဲ့၊ (၁၈) အံ့ဩစရာ သင့်ခနာ - သားနဲ့သမီး စာတည်းအဖွဲ့၊ (၁၉) အာကာသမှာနေထိုင်ခြင်း - သားနဲ့သမီးစာတည်းအဖွဲ့၊ (၂၀) ရာသီဥတု - သားနဲ့သမီးစာတည်းအဖွဲ့၊ (၂၁) မုန်တိုင်း - သားနဲ့သမီး စာတည်းအဖွဲ့၊ (၂၂) မီးတောင် - သားနဲ့သမီး စာတည်းအဖွဲ့၊ (၂၃) နေ၊ လနဲ့ကြယ်များ - သားနဲ့သမီး စာတည်းအဖွဲ့၊ (၂၄) ကမ္ဘာဂြိုဟ် - သားနဲ့သမီး စာတည်းအဖွဲ့၊ (၂၅) နေစကြ၀ဠာ - သားနဲ့သမီး စာတည်းအဖွဲ့၊ (၂၆) ငလျင်နဲ့ဆူနာမီ - သားနဲ့သမီး စာတည်းအဖွဲ့၊ (၂၇) မစ္စက်စပစ်ဇာရဲ့ ဥယျာဉ် - သားနဲ့သမီးစာတည်းအဖွဲ့၊ (၂၈) တာဇံ - ဖြိုးဝင်းကိုကို၊ (၂၉) ဥတ္တရလမင်း ခံစားသူ အကြိုက်၀တ္ထုတိုများ စုစည်းမှု အတွဲ-၁ - ကလောင်စုံ