၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု ရွေးချယ်ချီးမြှင့်နိုင်ရန် ညှိနှိုင်း အစည်းအဝေးကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၇ ရက် နံနက် ၁၀: ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ စည်သူဒေါက်တာသော်ကောင်း၊ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)၊ ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)၊ စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊ ဒေါက်တာမောင်မောင်စံ (ကြည်မင်း)၊ ဦးကြည်စိုးထွန်း၊ ဒေါ်ခင်လေးမြင့် (မြနှောင်းညို)၊ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)၊ ဦးမော်လင်း၊ ဦးဝင်းငြိမ်း (ဝင်းငြိမ်း)၊ ဦးသိန်းစိုး (မင်းချမ်းမွန်)၊ ဒေါက်တာသန့်လွင်မောင် (ကိုတာ)၊ ဦးအေးမောင်ကျော်၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးဌေးဝင်း (မောင်လင်းရိပ်)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး ဦးဟုန်ဝမ် (မောင်ဟုန်ဝမ်-ကထိက)၊ ဦးကျော်ဝင်း (မနုဿကျော်ဝင်း) ဒေါက်တာတိုးလှ၊ ဦးရဲထွဋ် (သံလျင်မောင်ဝင်းဝါ)၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု စိစစ်ရွေးချယ်ရေး ဆိုင်ရာ မူဝါဒများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။