၂ဝ၁၆ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ပဏာမအဆင့် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ အင်္ဂလိပ်စာပေ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၁၇ ခုနှစ် မေလ ၃၁ ရက် နံနက် ၁၁:၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ် သည်။
အင်္ဂလိပ်စာပေ အဖွဲ့ငယ် ပဏာမအဆင့် အစည်းအဝေးသို့ ဒေါက်တာအေးကျော် (ဆေးသုတေသန)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်) တို့ တက်ရောက်ခဲ့ကြပြီး ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဦးမျိုးအောင်် (မျိုးအောင်-ရုက္ခဗေဒ) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် အင်္ဂလိပ်စာပေ စာမူများ ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။