• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

စာကြည့်တိုက်

  1. TAGGED AS
  2. စာကြည့်တိုက်
စာပေဗိမာန်တွင် ကလေးပုံပြောပြိုင်ပွဲ ကျင်းပ

စာပေဗိမာန်တွင် ကလေးပုံပြောပြိုင်ပွဲ ကျင်းပ

25-Oct-2016
စာပေဗိမာန်, စာကြည့်တိုက်,
SPBM

ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူးကျင်းပသော ကလေးပုံပြောပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရုံး၊ စုပေါင်းအစည်းအဝေးခန်းမတွင်၂၁-၁၀-၂၀၁၆ ရက် သောကြာ၌ နံနက် ၁၀:၀၀ နာရီမှ နေ့လယ် ၁၂:၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ စာတည်းမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ၊ ပြိုင်ပွဲ၀င်ကလေးငယ်များနှင့် မိဘများ၊  အမက(၆) ကျောက်တံတားမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သတင်းမီဒီယာများ စုစုပေါင်း (၁၅၃) ဦး တက်ရောက်ခဲ့ကြပါသည်။
ပုံပြောပြိုင်ပွဲတွင် ကျောင်းပေါင်းစုံမှ လာရောက်ယှဉ်ပြိုင်သူ (၁၀) ဦးရှိပြီး အမက(၆) ကျောက်တံတားမှစတုတ္ထတန်းကျောင်းသူ မထက်ဧကရီက ''ခိုကလေးတကူကူ'' ပုံပြင်ဖြင့် ပထမဆု၊ အထက (၁) ဒဂုံမှ၊ စတုတ္ထတန်းကျောင်းသူ မဆုမြတ်ရတနာက ''အများအကျိုးအတွက် အသက်စွန့်ဝံ့သူ'' ပုံပြင် ဖြင့် ဒုတိယဆု၊ အမက (၆) ကျောက်တံတားမှ၊ စတုတ္ထတန်းကျောင်းသား မောင်ရဲရင့်အောင်က ''ခိုကလေးတကူကူ'' ပုံပြင်ဖြင့် တတိယဆု၊ TTC ကမာရွတ်မှ၊ တတိယတန်း ကျောင်းသူ မမျိုးမြတ်ဟေသီက ''မဟော်သဓာ ဇာတ်တော်ကြီး'' ပုံပြင်ဖြင့် နှစ်သိမ့်ဆု၊ အထက (၃)၊ ဗိုလ်တထောင်မှ၊ ပဉ္စမတန်းကျောင်းသူ မယဉ်မေဦးက ''ဉာဏ်ကောင်းတဲ့ ယုန်ကလေး'' ပုံပြင်ဖြင့် နှစ်သိမ့်ဆု အသီးသီး ရရှိခဲ့ကြပါသည်။
ပထမဆု-၃၀၀၀ဝိ/-၊ ဒုတိယဆု-၂၅၀၀ဝိ/-၊ တတိယဆု-၂၀၀၀ဝိ/-၊နှစ်သိမ့်ဆု-၁၀၀၀ဝိ/-နှုန်း ဆုချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများကို လက်ဖက်ရည်၊ မုန့်တို့ဖြင့် တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ပါသည်။
ကလေးပုံပြောပြိုင်ပွဲဖြစ်မြောက်ရေးအတွက်  မင်္ဂလာဒုံမြို့နယ်၊ ကျိုက္ကလဲ့၊ မင်းကျောင်း ဆရာတော် ဦးနာရဒက ငွေကျပ်ခြောက်သောင်းငါးထောင်၊ လှိုင်မြို့နယ် (၁၁) ရပ်ကွက်၊ စံပယ်ခြံ (၃) လမ်းနေ၊ ဦးရဲဝေ (မြန်မာစာ) က ငွေကျပ်နှစ်သိန်းခြောက်သောင်း၊  စမ်းချောင်းမြို့နယ်၊ ညောင်တုန်းလမ်း၊ အိမ်အမှတ် (၅၁)နေ ဒေါ်၀င်းသန္တာက ငွေကျပ်တစ်သိန်းတို့ကို စေတနာ ထက်သန်စွာ လှူဒါန်းခဲ့ရာစာတည်းမှူးချုပ်က လက်ခံရယူပြီး ကျေးဇူးတင် ဂုဏ်ပြုလွှာ မှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ပါသည်။
ကလေးပုံပြောပြိုင်ပွဲ အခမ်းအနားအပြီးတွင် စာတည်းမှူးချုပ်၊ ပြိုင်ပွဲ၀င်ကလေးများ၊ ပုံပြောပြိုင်ပွဲ အကဲဖြတ် အမှတ်ပေးဒိုင်များနှင့် အလှူရှင်များ စုပေါင်း၍အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။







related topics

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

25-Oct-2016
စာပေဗိမာန်, စာကြည့်တိုက်,
SPBM

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

25-Oct-2016
စာပေဗိမာန်, စာကြည့်တိုက်,
SPBM

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

25-Oct-2016
စာပေဗိမာန်, စာကြည့်တိုက်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု လူငယ်စာပေ အဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေး ကျင်းပ

    04-Sep-2019
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    06-Nov-2018
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    30-Nov-2018
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်နိုင်ရေး အပြီးသတ် အဖွဲ့ကြီးအစည်းအဝေး ကျင်းပ

    16-Nov-2018
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    21-Nov-2017
  • ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အင်္ဂလိပ်စာပေ အဖွဲ့ငယ် အစည်းအဝေးကျင်းပ

    31-May-2017
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေဗိမာန်
  • ပြည်သူ့လက်စွဲစာစဉ်
  • အခမ်းအနားများ
  • ရွှေသွေး
  • အရောင်းဌာန
  • စာအုပ်များ
  • စာကြည့်တိုက်
  • ပြိုင်ပွဲများ
  • စာပေရေချမ်းစင်
  • သုတပဒေသာစာစောင်
books
  • ၂၀၂၃ ခုနှစ်၊ မတ်လ (၁၇) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ်(၁၁) ပြန်တမ်းစာစောင် e-book

    21-Mar-2023
  • ၁၈ - ၃ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၁) e-book

    20-Mar-2023
  • ၁၈ - ၃ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၁) ထွက်ရှိ

    16-Mar-2023
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2023 Sarpay Beikman - ALL RIGHTS RESERVED

Powered By Myanmar Links