• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် စာပေဟောပြောဆွေးနွေးပွဲ (ဒုတိယနေ့) ကျင်းပ

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် စာပေဟောပြောဆွေးနွေးပွဲ (ဒုတိယနေ့) ကျင်းပ

24-Aug-2020
စာပေဗိမာန်,
SPBM

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးရှိ စာတည်းဌာန အရာထမ်း အမှုထမ်းများ၊ ပြည်သူ့စာကြည့်တိုက် ဝန်ထမ်းများအတွက် ရည်ရွယ်ကျင်းပသည့် စာပေဗိမာန် စာပေဟောပြောဆွေးနွေးပွဲကို (၁၇-၈-၂၀၂၀) နေ့က စတင်ကျင်းပခဲ့ပြီး ယနေ့ (၂၄-၈-၂၀၂၀) တနင်္လာနေ့ မွန်းလွဲ ၁ : ၀၀ နာရီတွင် ဒုတိယနေ့အဖြစ်  စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ဟောပြောဆွေးနွေးမည့် ဆရာဦးမောင်လှိုင် (မောင်ဆွေငယ်) စာတည်းမှူးချုပ် (ငြိမ်း) နှင့် ဆရာဦးခင်မောင်လေး [စာတည်း (တာဝန်ခံ-ငြိမ်း)] ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံး၊ ဒေါ်တင်တင်ဝင်း စာတည်းမှူးချုပ် (တာဝန်)၊ စာတည်းမှူးများ၊ စာတည်းဌာနမှ အရာထမ်း အမှုထမ်းများ၊ စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်မှ ဝန်ထမ်းများ တက်ရောက်သည်။

ဟောပြောပွဲတွင် စာတည်းမှူးဒေါ်ခင်ဝါဆွေက ဟောပြောမည့် ဆရာဦးမောင်လှိုင် (မောင်ဆွေငယ်) စာတည်းမှူးချုပ် (ငြိမ်း) နှင့် ဆရာဦးခင်မောင်လေး [စာတည်း (တာဝန်ခံ-ငြိမ်း)] တို့၏ ကိုယ်ရေးအကျဉ်းကို မိတ်ဆက်တင်ပြပြီး  ဆရာဦးမောင်လှိုင် (မောင်ဆွေငယ်) စာတည်းမှူးချုပ် (ငြိမ်း) က မြန်မာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊  ဆရာဦးခင်မောင်လေး [စာတည်း (တာဝန်ခံ-ငြိမ်း)] ရွှေသွေးစာစောင်တွင် ပုံပြင်ဇာတ်လမ်း များ ဘာသာပြန်ဆိုခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးသည်။

အဆိုပါဆွေးနွေးဟောပြောပွဲအပြီးတွင် စာတည်းမှူးက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ဂုဏ်ပြုပြီး စာတည်းမှူးချုပ် (တာဝန်) ဒေါ်တင်တင်ဝင်းက ကျေးဇူးတင်စကားပြောကြားကာ ဟောပြောဆွေးနွေးပွဲကို မွန်းလွဲ ၃ : ၃၀ တွင် ရုတ်သိမ်းလိုက်သည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲကို စာပေဗိမာန်စာတည်းဌာနနှင့် စာကြည့်တိုက်ဌာနမှ အရာထမ်း အမှုထမ်းများ ဉာဏစွမ်းရည်မြင့်မားတိုးတက်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဘာသာရပ်ဆိုင်ရာ ဆရာ/ ဆရာမကြီး ၁၀ ဦးတို့က ဟောပြောပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။





related topics
စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

24-Aug-2020
စာပေဗိမာန်,
SPBM
စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

24-Aug-2020
စာပေဗိမာန်,
SPBM
စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

24-Aug-2020
စာပေဗိမာန်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု လူငယ်စာပေ အဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေး ကျင်းပ

    04-Sep-2019
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    30-Nov-2018
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်နိုင်ရေး အပြီးသတ် အဖွဲ့ကြီးအစည်းအဝေး ကျင်းပ

    16-Nov-2018
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    06-Nov-2018
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    21-Nov-2017
  • ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အင်္ဂလိပ်စာပေ အဖွဲ့ငယ် အစည်းအဝေးကျင်းပ

    31-May-2017
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေဗိမာန်
  • အခမ်းအနားများ
  • အရောင်းဌာန
  • ပုံနှိပ်ရေး
  • စာအုပ်များ
  • ရွှေသွေး
  • စာပေရေချမ်းစင်
  • ပြိုင်ပွဲများ
  • စာကြည့်တိုက်
  • သုတပဒေသာစာစောင်
books
  • ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်ထုတ် အတွဲ (၇၄)၊ အမှတ် (၅) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ

    03-Feb-2021
  • ၃၀ - ၁ - ၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၅) စာစောင် (e-Book)

    02-Feb-2021
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် သုတပဒေသာစာစောင် ရောင်းချ

    02-Feb-2021
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2021 Sarpay Beikman - ALL RIGHTS RESERVED

Powered By Myanmar Links