၂၀၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ဆုရွေးချယ်နိုင်ရန်အတွက် စာပေဗိမာန်စာမူဆု ဆုရွေးချယ်ရေးအဖွဲ့ဝင်များ အပြီးသတ် အဖွဲ့ကြီးအစည်းအဝေးကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၃၁ ရက် နံနက် ၁၁:၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
စာပေဗိမာန်စာမူဆုရွေးချယ်ရေးအဖွဲ့ အဖွဲ့ကြီးအစည်းအဝေးသို့ ဥက္ကဋ္ဌ ဦးကျော်ဝင်း (မနုဿကျော်ဝင်း) နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာအေးကျော် (ဆေးသုတေသန)၊ ဦးညွန့်ဟံ (ညွန့်ဟံ-ကြူတော)၊ ဦးဝင်းငြိမ်း (ဝင်းငြိမ်း)၊ ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဦးမျိုးအောင် (မျိုးအောင်-ရုက္ခဗေဒ)၊ ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)၊ ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး၊ဆေး/မန်း)၊ ဦးမျိုးအောင် (ငြိမ်းမင်း)၊ ဦးသိမ်းစိုး (သီဟရတနာစာပေတိုက်)၊ ဒေါက်တာစိုးနိုင်၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးတင့်ခိုင် (တင့်ခိုင်)၊ ဦးကျော်ဦး (ပါရမီစာပေတိုက်)၊ ဦးနေမျိုးနိုင် (နေမျိုးနိုင်)၊ ဦးမြတ်ဝေတိုး (မြတ်ဝေတိုး-ပညာရေးတက္ကသိုလ်)၊ ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး)၊ ဦးမောင်မောင်ဦး (သန်လျင်မောင်မောင်ဦး)၊ ဒေါက်တာမြင့်သန်း (ညောင်လေးပင်)၊ ဒေါ်မြမြသန်း (မနှင်းဖွေး) တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် စာပေဗိမာန်စာမူဆုရွေးချယ်ရေးအဖွဲ့က စာပေဗိမာန်စာမူဆု ရွေးချယ်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များကို ရှင်းလင်းတင်ပြကာ အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးခဲ့ကြသည်။ အဆိုပါ အစည်းအဝေးကို မွန်းတည့် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။