၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၆ ရက် (တနင်္ဂနွေနေ့) တွင် စာပေဗိမာန် စုပေါင်းခန်းမ၌ စာပေဗိမာန် စာပေစကားဝိုင်း (၀တ္ထုရှည်အနှစ်သာရ) ကို ကျင်းပခဲ့ပါသည်။ စကားဝိုင်းတွင် ဦးအေးချို (မဟာဝိဇ္ဇာ) က Moderator အဖြစ်ဆောင်ရွက်ခဲ့ပြီး ဒေါ်ချိုချိုတင် (မစန္ဒာ)၊ ဒေါက်တာရဲမြင့်ကျော် (လင်္ကာရည်ကျော်)၊ ဒေါ်သန်းသန်း (ရွှေသဉ္ဇာ) နှင့် ဦးစိုးမြင့်သန်း (နွေသင်နိုင်) တို့က မြန်မာ၀တ္ထုရှည်များနှင့် ပတ်သက်၍ အကြောင်းအရာပိုင်း၊ အရေးအသားပိုင်းတို့ကို အပြုသဘော ဝေဖန်ဆွေးနွေးခဲ့ကြပါသည်။
၂၀၀၀ ပြည့်နှစ်တွင် ဖတ်ကြားခဲ့သော ဘာသာပြန်စာပေစာတမ်းဖတ်ပွဲပြီးနောက် အကြောင်း အမျိုးမျိုးကြောင့် စာပေဗိမာန်က စာတမ်းဖတ်ပွဲ၊ စာပေနှီးနှောဖလှယ်ပွဲများ မကျင်းပနိုင်ခဲ့ပါ။ စာပေဗိမာန် စာပေစကားဝိုင်း (၀တ္ထုရှည်အနှစ်သာရ) ကျင်းပနိုင်ခြင်းနှင့် ပတ်သက်၍ Moderator အဖြစ် ဆောင်ရွက်သော ဆရာဦးအေးချို (မဟာဝိဇ္ဇာ) က “ဒီနေ့စာပေဗိမာန် စာပေစကားဝိုင်းသည် စာပေဗိမာန်က စာပေနဲ့ပတ်သက်လို့ ဆွေးနွေးပွဲများ၊ စာပေစကားဝိုင်းများ၊ နှီးနှောဖလှယ်ပွဲများ ပြန်လည်ပြုလုပ်ဖို့ရာ ရှင်သန် နိုးထတဲ့ပွဲလို့ ပြောလို့ရပါတယ်” ဟု မုဒိတာစကား ဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။
ဆက်ဖတ်ရန်