• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

သစ်ပင်အိုကြီးပေါ်က သစ်ရွက်အိုလေးတစ်ရွက်

27-Sep-2016
စာမူများ,
SPBM
တကယ်တော့ သည်အပင်ကြီးက အိုနေပါပြီ။ ဇရာရဲ့လက္ခဏာတွေလည်း တွေ့နေရပြီ။ ဟိုနေရာက လျော့ရဲ။ သည်နေရာက ပျော့တွဲ ဖြစ်နေပါပြီ။ ဒါပေမဲ့ သည်အပင်ကြီးက ဇရာမာနတော့ရှိနေတယ်။ ရေကူးတတ်တယ်ဆိုတာ ခဏခဏ ထုတ်ပြတတ်တယ်။ တူရွင်းတောင်ခြေရင်းသွားပြီး ခဏခဏ မြင်းစီးပြတတ်တယ်။ခန္ဓာကိုယ်ရင့်ရော်နေပြီဖြစ်ပေမယ့် စိတ်ဓာတ်ခွန်အား အစွမ်းတွေနဲ့ နုပျိူနေပါသည်။

တကယ်တော့ ကိုယ်ဆိုတာကလည်း သည်အပင်ကြီးက သစ်ရွက်ကလေးတစ်ရွက်ပါပဲ။ အပင်ကြီးလို အသက်ကြီးနေတာမဟုတ်ပေမယ့် အပင်ကြီးနီးနီးတော့ အသက်ရနေတဲ့ သစ်ရွက်လေး တစ်ရွက်ပေပဲပေါ့။

ခုချိန်မှာ ပြန်စဉ်းစားကြည့်ရင် ကိုယ်ရှေ့က သစ်ရွက်တချို့ကြွေကျသွားသလို သစ်ရွက်အချို့ကတော့ ကြွေလုနီးနီးဖြစ်ပြီး အချို့သစ်ရွက်တွေကတော့ သည်သစ်ပင်ပေါ်မှာ ရှိနေကြတုန်းပါပဲ။ ကိုယ်နဲ့ ဖွားဖက်တော်၊ နို့စို့ဖက် သစ်ရွက်ကလေးတစ်ရွက်ကတော့ တခြားသစ်ပင်ကြီးတစ်ပင်ဆီကူးသွားခဲ့တယ်။

မကြာမကြာဆိုသလို ကိုယ်စဉ်းစားကြည့်မိတယ်။ ကိုယ်တို့အလုပ်က သစ်ပင်ကြီးအောက်ရောက်လာသူမှန်သမျှကို အရိပ်ပေးဖို့ပါပဲ။ သစ်ရွက်ကလေးတရွက်က ဘယ်လောက်အရိပ် ပေးနိုင်မှာလဲ။ ဒါပေမဲ့ ရသလောက်ပေးချင်တဲ့စိတ်နဲ့ သစ်ပင်ပေါ်ရောက်နေမိတာပါ။ စိတ်ကလေးတစ်ခုကပဲ အရေးကြီးပါတယ်။ သည်စိတ်နဲ့ပဲ သစ်ပင်ကြီးပေါ်မှာ နေလာခဲ့၊ အချစ်မပြယ်သေးတဲ့ အနှစ် (၂၀) ကျော် ...။

    သို့သော် ...
    သည် သစ်ပင်ကြီးပေါ်ကို ဘယ်လောက်နေနိုင်မှာလဲ။ ဘယ်မျှကြာမလဲ။ သင်္ခါရကိုတော့ လွန်ဆန်လို့တော့ မရဘူးပေါ့။ ကိုယ့်ရှေ့က သစ်ရွက်တွေလိုပဲ တစ်နေ့ ကြွေပေးရမှာပါပဲ။ သည်အသိကလေးကိုလည်း စိတ်ထဲမှာ ထည့်ထားရတယ်။ ဒါပေမဲ့ ပျော်လည်းပျော်ပါတယ်။ မပျော်လည်းပျော်ပါတယ်ကွယ်။

    ခုဆိုရင် သည်သစ်ပင်ကြီးပေါ်မှာ ရွက်နုသစ်ကလေးတွေ ဝေလို့၊ စိမ်းလို့၊ နုလို့၊ သစ်လို့ ...။
    သူတို့ပျော်နေကြတယ်။ သူတို့ပျော်တာကြည့်ပြီး ကိုယ်လည်းပျော်ပါတယ်။
    ဒါပေမဲ့ တစ်နေ့တော့ ခွဲကြရပါလိမ်မယ်။ ခွဲရတဲ့အခါ ကိုယ်ပြောချင်တာတစ်ခုပဲရှိပါတယ်။
သည်သစ်ပင်ကြီး အဓွန့်ရှည်ပါစေ ဆိုတာပါ... ။

နွေသင်နိုင်

related topics
ဥယျောဇဉ်

ဥယျောဇဉ်

27-Sep-2016
စာမူများ,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာမူများ
  • ပုံနှိပ်ရေး
  • စာပေဗိမာန်
  • စာအုပ်များ
  • ရွှေသွေး
  • စာပေရေချမ်းစင်
  • ပြည်သူ့လက်စွဲစာစဉ်
  • ပြိုင်ပွဲများ
  • အရောင်းဌာန
  • အခမ်းအနားများ
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman